စီးပွားရေး

ကျင်စန်းကျော့ဂိတ် မီးလောင်ပျက်စီးခဲ့တဲ့ ကုန်တင်ကားများ အာမခံကြေးမရ

မဲခေါင် 27 Nov - 2023
တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်မှာ နိုဝင်ဘာ ၂၃ ရက်နေ့က မီးလောင်မှုကြောင့် ပျက်စီးသွားတဲ့ကုန်ကားများအတွက် အာမခံကြေးငွေ မရဘူးလို့ ကုန်ကားပိုင်ရှင်တွေထံက သိရပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂၇

တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်မှာ နိုဝင်ဘာ ၂၃ ရက်နေ့က မီးလောင်မှုကြောင့် ပျက်စီးသွားတဲ့ကုန်ကားများအတွက် အာမခံကြေးငွေ မရဘူးလို့ ကုန်ကားပိုင်ရှင်တွေထံက သိရပါတယ်။

ကုန်သွယ်ရေးဂိတ် တိုက်ခိုက်ခံရမှုမှာ ကုန်ကားအစီးရေ ၂၅၀ ကျော် ပျက်စီးဆုံးရှုံးပြီး ကားတစ်စီးတန်ကြေးမှာ သိန်းတစ်ထောင်နီးပါးရှိကာ၊ ကားပေါ်တွင်ပါသည့် ကုန်တန်ဖိုးမှာလည်း သိန်းရာချီရှိတဲ့အတွက် ဆုံးရှုံးနစ်နာမှုပိုမိုဖြစ်နေတယ်လို့ ကုန်သည်များကဆိုပါတယ်။

“အခုခြေနေက တစ်ဖက်ကိုတစ်ဖက် အပစ်တွေတင်နေတုန်းဘဲ၊ စစ်မက်နဲ့ပတ်သက်ပြီးဖြစ်တဲ့အတွက် အာမခံကုမ္မဏီတွေက မလျော်ဘူးလို့ပြောတယ်၊ အခုက ညှိနှိုင်းနေတုန်းဘဲ တာဝန်ရှိသူဆိုတာတွေကလည်း အကုန်တိုက်ပွဲစကတည်းက ထွက်ပြေးသွားတာ၊ ဝါယာရှော့ဖြစ်ပြီး ကားမီးလောင်တာမဟုတ်ဘူး ၊ စစ်မက်ကြောင့်ဖြစ်တာဆိုပြီး လျော်ကြေးငွေကို မလျော်ဘူးဆိုတဲ့သဘော ကုန်သည်တွေနဲ့ ကားအုံနာတွေက ခံရမယ့်သဘောဖြစ်နေတယ်၊ အခုထိဖြေရှင်းပေးမယ့်သူမရှိဘူး” လို့ နယ်စပ်ကုန်သည်တစ်ဦးကပြောပါတယ်။

အဆိုပါ မီးလောင်ကျွမ်းသွားတဲ့ ကားများထဲတွင် တရုတ်နိုင်ငံသားပိုင် ကားများလည်းပါပြီး ဆုံးရှုံးမှုအတွက်ညှိနှိုင်းမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မီးလောင်သွားတဲ့ ကားတွေဟာ တရုတ်နိုင်ငံထဲက ထုတ်တဲ့ စက်ပစ္စည်း၊ စားသောက်ကုန်နဲ့ အိမ်သုံးပစ္စည်း၊ ကြိတ်သားတွေနဲ့ ပလပ်စတစ်သုံးပစ္စည်း တင်ဆောင်ထားတဲ့ ကားတွေဖြစ်ပြီး နယ်စပ်တိုက်ပွဲတွေကြောင့် ပိတ်မိနေတာပါ။

စစ်ကောင်စီတပ်ဟာ ကုန်ကားတွေထားတဲ့ ဂိတ်ဝန်းကို အကာအကွယ်ယူပြီး နိုဝင်ဘာ ၂၀ ရက်နေ့က ဝင်ရောက် တပ်စွဲခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။

ကျင်စန်းကျော့ကုန်သွယ်ရေးစခန်းထဲမှာ ကုန်ကားပေါင်း ၁ ထောင်ကျော်ရှိသလို ဆယ်ဝမ်းဟွာကျင်းကားဝန်းထဲမှာလည်း ကုန်ကား ၂၅၀ ခန့်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

MK-006

#MeKongNews

#ကျင်စန်းကျော့

#ကုန်ကား

#မီးလောင်

#အာမခံကြေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး

တရုတ်နိုင်ငံက ဝင်လာတဲ့အချိုလက်ဖက်ခြောက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးသည်အထိ ထိခိုက်နေ

တရုတ်နယ်စပ်ကဝင်တဲ့ အချိုလက်ဖက်ခြောက်အတုနဲ့ အရည်အသွေးမမီတဲ့ လက်ဖက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးလာတဲ့အထိ ထိခိုက်နေတယ်လို့ နမ့်ဆန်အခြေစိုက် ပလောက်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချရေးအသင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now