စီးပွားရေး

ကန်ပိုက်တီးနဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်တွေမှာလည်း တရုတ်နဲ့ကုန်သွယ်ရေး ရပ်တန့်နေ

မဲခေါင် 3 Nov - 2023
ရှမ်းမြောက်တိုက်ပွဲအခြေနေတွေကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေး၊ ရပ်တန့်နေရပြီး အခြားနယ်စပ်ဂိတ်ဖြစ်တဲ့ လွယ်ဂျယ်နဲ့ ကန်ပိုက်တီးဘက်ကလည်း နယ်မြေမအေးချမ်းတဲ့အခြေနေတွေကြောင့် တင်ပို့မှု တင်သွင်းမှု လုံးဝရပ်တန့်ထားရတယ်လို့ နယ်စပ်ကုန်သည်များထံက သိရပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၃

ရှမ်းမြောက်တိုက်ပွဲအခြေနေတွေကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေး၊ ရပ်တန့်နေရပြီး အခြားနယ်စပ်ဂိတ်ဖြစ်တဲ့ လွယ်ဂျယ်နဲ့ ကန်ပိုက်တီးဘက်ကလည်း နယ်မြေမအေးချမ်းတဲ့အခြေနေတွေကြောင့် တင်ပို့မှု တင်သွင်းမှု လုံးဝရပ်တန့်ထားရတယ်လို့ နယ်စပ်ကုန်သည်များထံက သိရပါတယ်။

မြန်မာ-တရုတ် အဓိကကုန်သွယ်ရာနယ်စပ်ဂိတ်ဖြစ်တဲ့ ချင်းရွှေဟော်၊ လားရှိုး၊ သိန္နီအနီးမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ထားရပြီး တိုက်ပွဲများပြင်းထန်နေတာကြောင့် ကုန်ကားတွေ ပိတ်မိနေပါတယ်။

“တိုက်ပွဲတွေဖြစ်နေလို့ အခြားဂိတ်ပေါက်က ပတ်ပို့ရင်လည်း ကန်ပိုက်တီးနဲ့ လွယ်ဂျယ်ကိုပို့ဖို့က ခရီးထောက်ပြီး စရိတ်ပိုကုန်တယ်ဆိုတာထက် အဲ့ဒီဂိတ်ကိုသွားဖို့က စစ်ကိုင်းတိုင်းတစ်ခုလုံးကိုဖြတ်သွားရမယ်၊ အဲ့ဘက်ကလည်း နယ်မြေက မအေးချမ်းဘူး၊ ကချင်ပြည်နယ်ဘက်က ပို့ကုန်တွေဘဲ အဆင်ပြေမယ်၊ ဒီဘက်အောက်ဘက်ကလူတွေက အဆင်မပြေဘူး၊ တရုတ်နဲ့ကုန်သွယ်ရေးက ရပ်တန့်ထားရမယ့်သဘောရှိတယ်” က နယ်စပ်ကုန်သည်တစ်ဦးကဆိုပါတယ်။

လက်ရှိမှာ MNDAA အနေနဲ့ အရေးပေါ်အခြေနေတွေကြောင့် လားရှိုး-မူဆယ်လမ်းပိုင်းနဲ့ ချင်းရွှေဟော်လမ်းပိုင်းတွေမှာ ဖြတ်သန်းသွားလာခွင့် အလုံးစုံပိတ်လိုက်ပြီလို့ အသိပေးကြေညာချက်ထုတ်ပြန်ထားပါတယ်။

တရုတ်-မြန်မာနယ်စပ်တွင် လက်ရှိကုန်သွယ်မှု ပြုလုပ်နေတဲ့ နယ်စပ်ဂိတ်တွေဟာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနဲ့ ကျိုင်းတုံနယ်စပ် ကုန်သွယ်ရေးတွေ ဖြစ်ပါတယ်။

“အခုလတ်တလောကတော့ တရုတ်ဘက်ကုန်ရော၊မြန်မာဘက်ကပို့ကုန်ရော၊ အကုန်ပိတ်နေတာ၊ ဈေးတွေကတော့နည်းနည်းတက်လာပြီ၊ သိန္နီအထွက် နမ္မတူတံတားကလည်း ကြိုးသွားပြီ၊ မြို့ထဲမှာလည်း ဘက်ဖိုးတွေနဲ့ ကုတ်ထားတော့ လမ်းကပျက်စီးသွားပြီ၊ တစ်ချို့မြို့တွေက မြောက်ပိုင်းသုံးဖွဲ့လက်အောက်ရောက်သွားပြီး ကုန်သွယ်ရေးက အဆင်မပြေနိုင်ဘူး၊ တိုက်ပွဲကလည်း အရှိန်ကကောင်းနေတာ” လို့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။

ပုံမှန်အားဖြင့်လည်း စစ်ကောင်စီရဲ့ ကုန်သွယ်ရေးမူဝါဒ၊ ငွေလဲနှုန်းသတ်မှတ်ချက်တွေကြောင့် ကုန်သွယ်ရေးပိုင်းမှာ ၅၀ ရာခိုင်နှုန်းလောက် ထိခိုက်နေတယ်လို့လည်း ကုန်သည်များကဆိုပါတယ်။

MK-006

#MekongNews

#တရုတ်

#ကုန်သွယ်

#တိုက်ပွဲ

#စစ်ကောင်စီ

ပုံစာ- မြောက်ပိုင်းမဟာမိတ် သုံးဖွ့ဲက ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့ စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ မူဆယ် ၁၀၅ မိုင်မှာ ပိတ်မိနေတဲ့ ကုန်စည်များ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး

တရုတ်နိုင်ငံက ဝင်လာတဲ့အချိုလက်ဖက်ခြောက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးသည်အထိ ထိခိုက်နေ

တရုတ်နယ်စပ်ကဝင်တဲ့ အချိုလက်ဖက်ခြောက်အတုနဲ့ အရည်အသွေးမမီတဲ့ လက်ဖက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးလာတဲ့အထိ ထိခိုက်နေတယ်လို့ နမ့်ဆန်အခြေစိုက် ပလောက်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချရေးအသင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now