မဲခေါင်၊ ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန် စန့်စွဲရွာမှာ အင်လေးဒေသကာကွယ်ရေးတပ် (IPDF) နဲ့ စစ်ကောင်စီလက်အောက်ခံပအိုဝ်း ပြည်သူ့စစ် PNO တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PNO ၅ ယောက် သေဆုံးတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၉ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အဲ့ဒီတိုက်ပွဲဟာ မိနစ် ၃၀ ခန့်သာ ကြာြမင့်ပြီး PNO ပြည်သူ့စစ် ၅ ယောက် သေဆုံးကြောင်း မြေပြင်သတင်းတွေကို အခြေခံပြီး IPDF က အတည်ပြုပြောပါတယ်။
PNO ပြည်သူ့စစ်အဖွဲ့ က စန့်စွဲ ရွာထဲကို ၃ ဖွဲ့ခွဲပြီး ဝင်လာစဉ်မှာ သူတို့အချင်းချင်း လူမှားပစ်ခတ်ရာကနေ အနီးနားမှာရှိတဲ့ အင်းလေးဒေသကာကွယ်ရေးတပ်ရင်း IPDF ဝင်ရောက်တိုက်ခိုက်ခဲ့လို့ PNO ပြည်သူ့စစ် ၅ ဦး သေဆုံးသွားတာလို့ ဆိုပါတယ်။
ဇန်နဝါရီ ၃၁ ရက်မှာ စိုင်းနောင်ဦးစီးတဲ့ PNO အဖွဲ့က စန့်စွဲရွာအတွင်းကို လက်နက်ကြီးငယ်တွေနဲ့ပစ်
ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ရွာခံတွေ စစ်ဘေးရှောင်နေစဉ် ရွာကို မီးတင်ရှို့ခဲ့လို့ ရွာခံတွေရဲ့ ပစ္စည်းနဲ့ နေအိမ်တွေ ဆုံးရှုံးခဲ့ပါတယ်။
လက်ရှိတွင် အင်းလေးကန်အရှေ့ဘက်ခြမ်း စံကား၊ မှော်ဘီ၊ ထီးရီးဘက်သို့ စစ်ကောင်စီရဲ့ အောင်ပန်းအခြေစိုက် အမြောက်တပ်က လူလက်နက်အပြည့်ကား ၄ စီးနဲ့ ရဲတပ်ရင်းက ကား ၂ စီး အင်အားဖြည့်နေတယ်လို့ မြေပြင်သတင်းများအရ သိရှိရပါတယ်။
MK – 012
#MeKongNews
#အင်းလေး
#တိုက်ပွဲ
#စစ်ကောင်စီ
#ပြည်သူ့စစ်