စစ်ရေးသတင်း

ဟိုပုံး-ပင်လုံ ရှောင်ကွင်းလမ်း တိုက်ပွဲဖြစ်လာလို့ စစ်ကောင်စီပိတ်၊ ကားတွေ သွားမရတော့

မဲခေါင် 27 Feb - 2024
ရှမ်းပြည် တောင်ကြီး - တာချီလိတ်ကားလမ်း ကို စစ်ကောင်စီက ပိတ်ထားလို့ ရှောင်ကွင်းလမ်းဖြစ်တဲ့ ဟိုပုံး-ပင်လုံ-မိုင်းပွန်ရှောင်ကွင်း လမ်းဘက်ကိုပါ စစ်ကာင်စီကထပ်ပိတ်လိုက်လို့ ကားများသွားလာ လို့မရတော့ဟု ကားဂိမ်တွေထံက သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၇

ရှမ်းပြည် တောင်ကြီး – တာချီလိတ်ကားလမ်း ကို စစ်ကောင်စီက ပိတ်ထားလို့ ရှောင်ကွင်းလမ်းဖြစ်တဲ့ ဟိုပုံး-ပင်လုံ-မိုင်းပွန်ရှောင်ကွင်း လမ်းဘက်ကိုပါ စစ်ကာင်စီကထပ်ပိတ်လိုက်လို့ ကားများသွားလာ လို့မရတော့ဟု ကားဂိတ်တွေထံက သိရပါတယ်။

ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် မနက် ၁၀ နာရီခန့်အထိ သွားလာလို့ရနေတဲ့ ဟိုပုံး-ပင်လုံ-မိုင်းပွန်ရှောင်ကွင်းလမ်းမှာ စစ်ကောင်စီက တိုက်ပွဲဖြစ်လို့ဆိုကာ ထပ်ပိတ်လိုက်တဲ့အတွက် ယင်းရှောင်ကွင်းကို အသုံးပြုသွားလာနေတဲ့ ခရီးသည်တွေ သွားလာလို့မရတော့ကြောင်း သိရပါတယ်။

ဒီမနက်ခင်းလေးပဲ အနီးအနားရွာသားတွေပြောတာက PNO သေနတ်ဖောက်သံကြားတာရှိတယ်၊ အချက် ၅၀ ကျော် စက်သေနတ်ကြီးနဲ့ ဆွဲတာနေမမယ်လို့ ဒေသခံတဦးက မဲခေါင်ကို ပြောပါတယ်။

တောင်ကြီးမှ တာချီလိတ်-မိုင်းဆတ် ကားလမ်းပေါ်ရှိ မြို့တွေကို သွားလာနေရတဲ့ ကားတွေအနေနဲ့ ရှောင်ကွင်လမ်းကို အားကိုးနေရာက ယခုလို ထပ်မံပိတ်လိုက်တာဖြစ်လို့ အခြား မိုးနဲ၊ ဒုဌဝတီဘက်ကသွားလို့ရပေမယ့် ခရီးဝေးကာ ပိုလမ်းကြမ်းတာနဲ့ ခရီးသည်ပြည်သူတွေ ပိုဒုက္ခရောက်စေတယ်လို့ ကားဂိတ်မှူးတွေက ပြောကြပါတယ်။

ကားဆရာတွေလဲ အသက်စွန့်သွားရတာ၊ လမ်းကကြမ်းနဲ့ ဆီကလဲလမ်းမြို့ နမ့်စန်တို့လွယ်လင်တို့ ပြတ်နေကြပြီဆိုတော့ ကားခသာ မတက်နိုင်တာ၊ ခုလဲ လမ်းပိတ်ပြီတော့ ဘာလိုလုပ်ရမလဲ မသိဘူးလို့ တောင်ကြီး ယာဉ်ဂိတ်မှူးတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

ကားခမှာ ယင်း ရှောင်ကွင်းလမ်းက သွားပါမှ အန်စာတုံးက လူ ၁ ဦး ၇ သောင်းကျပ်ရှိသော်လည်း ပရိုဘောက် ယာဉ်ငယ်တွေမှာ ၁ ဦး ၂ သိန်း၊ ၂သိန်းခွဲအထိ ရှိခဲ့ပြီး ယခုလို ထပ်မံပြီး လမ်းပိတ်တာက ခရီးသွားတွေအတွက် ပိုမိုဆိုးရွားစေမယ်လို့ သူကပြောပါတယ်။

အဆိုပါ လမ်းမှာ လမ်းသားကြမ်းတမ်းပြီး တောင်ဆင်းတောင်တက်မြင့်မား ရှည်လျားတဲ့အတွက် ဘရိတ်မနိုင်တာတွေကြောင့် ကားအများအပြား တိမ်းမှောက်ကာ လူသေဆုံးဒဏ်ရာရတာတွေ ဖြစ်နေခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကတဲက စစ်ကောင်စီနဲ့အပေါင်းပါတွေက မိုင်းပွန်မြို့အနီးက နမ့်ဗော်ခံးရွာကို လေယာဉ်နဲ့ဗုံးကြဲတာ၊ မဲနယ်တောင်၊ ဆနင်းဒေသတွေကို လက်နက်ကြီးနဲ့ပစ်တာတွေအပြင် တောင်ကြီး-တာချီလိတ် ပြည်ထောင်စုကားလမ်းကိုပါ ပိတ်ထားခဲ့တာ ရက်တစ်ပတ်ခန့် ရှိသွားပြီဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

မြန်မာလုပ်သား ၁၇ ဦးကို ထောက်ပို့လို့စွပ်စွဲကာ လာအိုရဲဖမ်းဆီးပြီး မြန်မာစစ်တပ်ကိုလွှဲပေး

ရွှေတြိဂံနယ်စပ် လာအိုနိုင်ငံ၊ ကာစီနိုမြို့တော်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၇ ယောက်ကို စစ်ကောင်စီက ထောက်ပို့လို့ စွပ်စွဲပြီး လာအိုရဲတွေဆီ အကြောင်းကြားပြီး
မြန်မာ့နွေဦး

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ ပြန်ဖမ်းသွားတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို နေအိမ်ပြန်ရောက်ဖို့ မျှော်လင့်တယ်လို့ KBC ထုတ်ပြန်

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ စစ်ကောင်စီက ပြန်ဖမ်းသွားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC ) အကြံပေး သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်မှာ ကျန်းမာရေးအားနည်းပြီး ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသူဖြစ်လို့ မိသားစုနေအိမ်သို့အမြန်ဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now