မဲခေါင် ဇွန် ၂၆
သီပေါမြို့ပေါ် တအာင်းတပ်ဖွဲ့ (TNLA)နဲ့ ပူးပေါင်းတော်လှန်ရေးအင်အားစုတွေ ဝင်စီးမယ်ဆိုတဲ့သတင်းကြောင့် ဌာနဆိုင်ရာဝန်ထမ်းတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေ ညပိုင်း သီပေါထောင်နဲ့ နောင်ကတ်ဘက်ကနေ မြို့တွင်း ဝင်မယ်တိုက်မယ်ဆိုတဲ့သတင်းတွေကြောင့် TNLA ဝင်ရောက်နိုင်တဲ့လမ်းတွေမှာ စစ်ကောင်စီတပ်တွေ နေရာယူထားပြီး လက်အောက်ခံဝန်ထမ်းတွေ ထွက်ပြေးတိမ်းရှောင်နေတာပါ။
သီပေါမြို့တွင်း နေ့လည် ၂ နာရီနောက်ပိုင်းမှာ TNLA နဲ့ စစ်ကောင်စီ ခမရ-၅၀၃၊ ခမရ-၅၀၄ နဲ့ ခလရ-၂၃ တို့ လက်နက်ကြီးတွေ အပြန်အလှန်ပစ်ခတ်နေကြပြီး လက်နက်ကြီးကျည်တွေ ရေလယ်ကျွန်းပေါ် ကျရောက်ပေါက်ကွဲသလို ရွှေသမင်ကျောင်က ဆရာတော်တစ်ပါး ကျည်စမှန်လို့ နယ်စည်းမခြားပရဟိတအသင်းက ဆေးထည့်ပေးနေတယ်လို့ သိရပါတယ်။
နောင်ချိုမြို့မှာတော့ စစ်ကောင်စီ တပ်ရင်း နှစ်ရင်းရှိတဲ့အနက် ခမရ-၁၁၅ ကတော့ အလံဖြူထောင်လက်နက်ချပြီး ခမရ-၁၁၄ ထဲမှာတော့ စစ်ကောင်စီတပ်က လူတွေမရှိတော့ဘူးလို့ သိရပါတယ်။ လက်ရှိမှာ နောင်ချိုမြို့ပေါ် ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး တအာင်းတပ်ဖွဲ့ TNLA ကထိန်းချုပ်ထားပါတယ်။
လက်ရှိအနေအထားမှာ ၁၀၂၇ စစ်ဆင်ရေး(အဆက်) ဒေသအခေါ် ၀၆၂၅ စစ်ဆင်ရေးမှာ ဇွန်လ ၂၅ ရက် ၂၆ ရက် ၂ ရက်အတွင်း နောင်ချိုမြိုကို TNLA တွေ သိမ်းပိုက်သွားနိုင်ပြီဖြစ်ပြီး ကျောက်မဲမြို့လဲ လက်နက်ချတာတွေနဲ့ မြို့တွင်း ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကာ သီပေါမြို့ထဲကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ဖို့ပဲ ကျန်တော့တဲ့အနေအထားလို့ သိရပါတယ်။
MK-012