စစ်ရေးသတင်း

သင်္ကန်းညီနောင် စစ်ကောင်စီဗျူဟာကုန်းကို KNLA နဲ့ PDF တွေ သိမ်းပိုက်၊ စစ်ကောင်စီ အဆက်မပြတ် ဗုံးကြဲနေ

မဲခေါင် 5 Apr - 2024
သင်္ဃန်းညီနောင် ဗျူဟာကုန်းနဲ့ ကော့ကရိတ်မြို့မှာရှိတဲ့ ခြေလျင်တပ်ရင်း ၉၇ တို့ကို KNLA နဲ့ PDF ပူးပေါင်းတပ်တို့က ဧပြီလ ၅ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။

မဲခေါင်၊ ဧပြီ ၅

ကရင်ပြည်နယ်၊ မြဝတီမြို့မှာရှိတဲ့ ခြေလျင်တပ်ရင်း ၂၇၅ ၊ သင်္ဃန်းညီနောင် ဗျူဟာကုန်းနဲ့ ကော့ကရိတ်မြို့မှာရှိတဲ့ ခြေလျင်တပ်ရင်း ၉၇ တို့ကို KNLA နဲ့ PDF ပူးပေါင်းတပ်တို့က ဧပြီလ ၅ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။

ဒီလိုဝင်ရောက်တိုက်ခိုက်နေရာမှာ စစ်ကောင်စီရဲ့ ခမရ-၃၇၅ ဗျူဟာကုန်းကို ဒီနေ့မှာ KNLA နဲ့ PDF တွေက သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီဗျူဟာကုန်းဟာ သင်္ကန်းညီနောင်အခြေစိုက် ခမရ-၃၅၅ နဲ့ ၃၅၆ တပ်ရင်းတွေပါ နောက်ဆုတ်ပြီး ခံစစ်ပြင်ထားတဲ့ ဗျူဟာစခန်းကုန်းဖြစ်ပါတယ်။

“ မနက်ကတည်းက Y 12 တွေနဲ့ ဆက်တိုက်လာကြဲနေတာ၊ ခွေး(စကစ)တချို့က ပြေးကုန်ပြီ၊ တချို့က ထိုင်းကိုပြေးတယ်၊ ၉၇ က အထိုင်တပ်ရင်းဖြစ်ပြီး တပ်ရင်းကြီးတယ်။ ရသွားရင်လည်း အတော်မိုက်သွားပြီ” လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ခုလက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီတပ်က Y 12 လေယာဥ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်နေတဲ့အပြင် လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ကျေးရွာတွေဖက်ကို ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ တပ်ရင်း ၂၇၅ က ရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်လို့ ရွာတွေ မီးလောင်ကုန်ပြီ။ သင်္ဃန်းညီနောင်မှာ လေယာဥ်တောက်လျောက်ကြဲနေတယ်။ အခုဆန်ဆိုင်တလျောက် မီးလောင်ကုန်ပြီ။ အိမ်တွေကော။” လို့ စစ်ဘေးရှောင်နေတဲ့ ဒေသခံ တဦးက ပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ခလရ ၂၇၅ တပ်ကနေ ၁၅ ဦး သေဆုံးပြီး သင်္ဃန်းညီနောင် ဗျူဟာကုန်း ကနေ အရာရှိအပါအဝင် ၁၃ ဦး ၊ စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့တယ်လို့ ကနဦးသိရပါတယ်။

ခုလက်ရှိအချိန်အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲမှု၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် နေအိမ်အများအပြားမီးလောင်ပျက်စီးနေရတယ်လို့ သိရပါတယ်။

Photo-KIC
CJ-004

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now