စစ်ရေးသတင်း

ရှမ်းမြောက်စစ်ဆင်ရေး ၄ ရက်မြောက်နေ့မှာ ပြင်ဦးလွင်နယ်စပ်အထိ စစ်မီးကူးစက်လာ

မဲခေါင် 28 Jun - 2024
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ နောင်ချိုမြို့နယ်အစပ်၊ ဝက်ဝံကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်နဲ့ နယ်မြေရဲစခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)က စတင်ထိုးစစ်ဆင်နေပြီလို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မဲခေါင်၊ ဇွန် ၂၈

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ နောင်ချိုမြို့နယ်အစပ်၊ ဝက်ဝံကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်နဲ့ နယ်မြေရဲစခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)က စတင်ထိုးစစ်ဆင်နေပြီလို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒီနေ့ ဇွန် ၂၈ ရက်နေ့ မနက် ၅ နာရီကတည်းက ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်ကလည်း ပြင်ဦးလွင်မြို့အထွက် ဧကတစ်သောင်းခြံကနေ လက်နက်ကြီးနဲ့ လှမ်းပစ်နေတာကြောင့် ဒေသခံအများစုဟာ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

“သူတို့ မနက်အစောကတည်းက ထဆော်နေလို့ ဝက်ဝံရွာနဲ့ ဘန့်ဘွေးကျင်းရွာကလူတွေ ပြေးနေရတယ်။ မန္တလေးဘက် ပြေးကြတာပေါ့။ နောင်ချိုဘက်ကိုကျတော့ ဝင်လို့မရတော့ဘူးလေ။ တစ်လမ်းလုံးက တိုက်ပွဲ ဖြစ်နေတာ” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

လတ်တလောမှာ ပြင်ဦးလွင်မြို့ခံတွေဟာလည်း စိုးရိမ်စိတ်တွေကြောင့် ဗုံးခိုကျင်းကြိုတူးထားကြပြီး ဒီမနက်ပိုင်းကတည်းက မန္တလေးဘက်ကို ကားအစီးရေ ရာနဲ့ချီထွက်ခွါနေကြတယ်လို့ သိရပါတယ်။

“ပါအယ်၊ ထုံးကုန်း၊ ထုံးဘို ဘက်ကလူတွေလည်း ရှောင်ဖို့ ပြင်နေကြပြီ။ တကယ်ဖြစ်ရင် သူတို့ဆီ အရင်ဆုံးရောက်မှာ။ ပြင်ဦးလွင်က ဆိုင်တွေတော်တော်များများ ပိတ်ထားပြီ” လို့ အဝေးပြေးယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

ဝက်ဝံစစ်ဆေးရေးဂိတ်နဲ့ စစ်တက္ကသိုလ်(DSA) အကွာအဝေးဟာ ကားနဲ့ နာရီဝက်ခန့်သာ ရောက်ရှိနိုင်ပြီး စစ်ကောင်စီရဲ့ ရာထူးကြီးပိုင်းတွေ နေထိုင်ကြတာကြောင့် ပြင်ဦးလွင်မြို့ကို ဒီနေ့မှာပဲ အင်အားအလုံးရင်းနဲ့ TNLA က ထိုးစစ်ဆင်နေတာပဲ ဖြစ်ပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း

မိုင်းတုံမှာ အမျိုးသား တစ်ဦး သတ်သေ

ရှမ်းအရှေ့၊ မိုင်းတုံမြို့မှာ မနေ့က ဇူလိုင်လ ၂ ရက်နေ့၊ ညနေ လင်မယားစကားများပြီး ကြိုးဆွဲချ အမျိုးသား တစ်ဦး သတ်သေခဲ့တယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း

လဲချားမြို့နယ်အတွင်း ရှမ်းတပ်နှစ်ဖွဲ့ အချင်းချင်း ပြန်လည်ပစ်ခတ်နေ

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ် ဝမ်စိန်းကျေးရွာအနီးမှာ ဇူလိုင် ၁ ရက်နေ့ နေ့လယ်ပိုင်းက ရှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ တိုက်ပွဲစဖြစ်၊ အပြန်အလှန်လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၅ ဦးသေ ၁ ဦးဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့မှာ ဇူလိုင်လ ၂ရက် ည ၁၁နာရီလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် - MNDAA တို့ စတင်တိုက်ပွဲဖြစ်တယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

မြစ်ကြီးနားမြို့မှာ ရေအနည်းငယ် ကျဆင်းလာပေမယ့် စိုးရိမ်ရမယ့် အခြေအနေ မလွတ်သေးဘူးလို့ဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဒီနေ့ (ဇူလိုင် ၂) မနက်ပိုင်းကစပြီး ရေအနည်းငယ် ကျဆင်းလာပေမယ့် စိုးရိမ်ရမယ့် အခြေအနေ မလွတ်ကင်းသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးကုတ်မြို့ အနောက်ပိုင်းမှာ စစ်ကောင်စီ စစ်သုံ့ပန်း ၁၅ ဦးနဲ့ ရဲ ၂ ဦး ဖမ်းဆီးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မိုးကုတ်မြို့နယ်မှာ တအာင်းအမျိုးသားတပ်မတော် TNLA တပ်ဖွဲ့နဲ့ PDF (မိုးကုတ်ဗျူဟာ)၊ PDF (513)တို့ ပူးပေါင်းတိုက်ခိုက်ပြီး တစ်ပတ်အတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်နှင့် စစ်သုံ့ပန်း ၁၅ ဦးနဲ့အတူ ရဲ ၂ ဦး ဖမ်းဆီးထားတယ်လို့ တအာင်းတပ်မတော်က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရားမဝင် ငွေလိမ်ဂိုဏ်း တရုတ်နိုင်ငံသား ၃၀၀ နီးပါး တာချီလိတ်မှာ ဖမ်းဆီးမိ

ရှမ်းအရှေ့၊ တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက် ညနေ ၆ နာရီခန့်က တရားမဝင် တရုတ်နိုင်ငံသား ၂၉၅ ဦးကို ဖမ်းဆီးရမိတယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မတ္တရာက လေကြောင်းရန်ကာကွယ်ရေးတပ် အပါအဝင် တပ်စခန်း ၈ ခုကို မန္တလေး PDF အပြီးသတ်သိမ်းယူ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် (၁၀၁၄) အပါအဝင် တပ်စခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ မန္တလေး PDF က ဒီနေ့ ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အရပ်သားတွေ တိုက်ပွဲတွင်း ကြားညပ်နေတယ်လို့ ရှမ်းလူငယ်တွေကဆို

ရှမ်းမြောက်ဒေသအတွင်းက တိုက်ပွဲတွေကို အရပ်သားထိခိုက်မှုအနည်းဆုံး နည်းလမ်းနဲ့ တော်လှန်စစ် ဆင်နွဲဖို့ ရှမ်းလူငယ်အရပ်ဖက်အဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now