စစ်ရေးသတင်း

ရှမ်းတောင်တိုက်ပွဲ ရက်ပေါင်း ၉၀ ကျော်အတွင်း အရပ်သား သေဆုံးမှု ၆၆ ဦးအထိ မြင့်တက်လာ

မဲခေါင် 23 Apr - 2024
ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင်လောင်း တို့တွင် တိုက်ပွဲ့ကာလ ၉၁ ရက်အတွင်း အရပ်သားပြည်သူ သေဆုံးမှုမြင့်တက်လာကာ ၆၆ ဦးထိ ရှိလာတယ်လို့ ဧပြီလ ၂၀ ရက်နေ့ထုတ်ပြန်တဲ့ ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မဲခေါင်၊ ဧပြီ ၂၃

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင်လောင်း တို့တွင် တိုက်ပွဲ့ကာလ ၉၁ ရက်အတွင်း အရပ်သားပြည်သူ သေဆုံးမှုမြင့်တက်လာကာ ၆၆ ဦးထိ ရှိလာတယ်လို့ ဧပြီလ ၂၀ ရက်နေ့ထုတ်ပြန်တဲ့ ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲများစတင်ခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက် ဧပြီလ ၂၀ ရက်အထိ ရက်ပေါင်း ၉၀ ကျော်ကာလအတွင်း ပြည်သူ ၆၆ ဦးသေဆုံးခဲ့ရသလို ဒဏ်ရာရသူ ၇၉ ဦး အထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်နက်ကြီးကြောင့် သေဆုံးသူ ၁၈ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆ ဦး၊ အဖမ်းခံရပြီးသေဆုံးသူ ၁၆ ဦးနဲ့မိုင်းထိတာ၊ စစ်ဆေးမေးမြန်းစဉ် ပစ်ခတ်တာတွေကြောင့် သေဆုံးရသူ ၁၆ ဦးရှိတယ်လို့ ထုတ်ပြန်အရ သိရပါတယ်။

ရှမ်းတောင်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေက စစ်ဘေးရှောင်နေတဲ့အရပ်သားတွေကို နေရပ်ကို ပြန်ဖို့ ဖိအားပေးတဲ့ဖြစ်စဉ်တွေ အများအပြားရှိနေပြီး ဒဏ်ကြေးပေးဆောင်ရမှာ၊ ပိုင်ဆိုင်မှုတွေ သိမ်းယူခံရမှာ စတဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေကြောင့် ဒေသတည်ငြိမ်မရှိသည့်တိုင် နေရပ်သို့ပြန်လာရတာ စတဲ့ ကောက်ယူရရှိတဲ့ အချက်အလက်တွေက ဖော်ပြနေတယ်လို့ ဆိုပါတယ်။

ယခုထုတ်ပြန်တဲ့ အချိန်အထိ နေရပ်ပြန်ရင်း စစ်ကောင်စီရဲ့လက်နက်ကြီး ပစ်ခတ်မှုနဲ့ မိုင်းထိဖြစ်စဉ်တွေကြောင့် အရပ်သား ၇ ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေရပ်သို့ စားနပ်ရိက္ခာပြန်သယ်ယူရာမှာ သတ်ဖြတ်ခံရတဲ့ အရပ်သား ၉ ဦးအထိ ရှိတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင် ကြာမြင့်လာတာနဲ့အမျှ စား၊ ဝတ်၊ နေရေး အခြေခံလိုအပ်ချက်တွေအပြင် ကျန်းမာရေးအထောက်အကူပြုမှုလည်းများစွာလိုအပ်လာနေတယ်လို့ သိရပါတယ်။

“ပြန်ချင်တာပေါ့ဗျာ၊ ဒါပေမယ့် တိုက်ခိုက်နေဆဲ စစ်မြေပြင်ဖြစ်နေဆဲအခြေအနေ၊ မြို့ရဲ့ အခြေခံလိုအပ်ချက် ရေ၊ မီး၊ လုံခြုံရေး ဘာတခုမှ မရှိသေးသလို ဘာအာမခံချက်မှလည်း မရှိသေးတာကို ဘယ်လိုပြန်နေကြရမလဲဗျာ၊ တိုက်ပွဲတွေရပ်၊ ပေါက်ကွဲစေတတ်တာတွေရှင်းလင်းပြီးလို့ ရေ၊မီးကအစ အရောင်းအဝယ်တွေ စလုပ်နိုင်တဲ့အခြေအနေရှိပြီဆိုမှ ပြန်ရဲကြမှာပါ၊ ခုတော့ ပြာပုံဖြစ်သွားတဲ့အခြေအနေမှာ ပြန်ရင်တောင် အသက်ဘေးထိခိုက်နိုင်လို့ မပြန်ဝံ့ကြတော့ပါဘူး၊ အဓိကက လာမယ့် မိုးရာသီဆို အမိုးအကာကအစ အားလုံးလိုအပ်လာနေတာပါ” လို့ ဆီဆိုင်မြို့၊ အောင်ချမ်းသာ ရပ်ကွက်သား တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင် ဦးရေ ၇၁၁၅၀ ဦးနဲ့အထက် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now