စစ်ရေးသတင်း

မုံးကိုးမြို့မှာ MNDAA က လက်နက်ရှိ၊ မရှိ တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးနေ

မဲခေါင် 16 Feb - 2024
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့မှာ MNDAA အဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ နေအိမ်တွေထဲ လက်နက်ရှိမရှိ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံစစ်ဆေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့မှာ MNDAA အဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ နေအိမ်တွေထဲ လက်နက်ရှိမရှိ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံစစ်ဆေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ အရမ်း စစ်နေတယ်။ ကျနော်တို့ ဒီဘက် တအိမ်ဝင်၊ တအိမ်ထွက် စစ်နေတယ်” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

ယခုလိုမျိုး နေအိမ်တွေမှာ လက်နက်တွေ ရှိမရှိ လိုက်လံ စစ်ဆေးတာမျိုး အရင်တုန်းက တခါမှ မရှိဖူးဘူးလို့ ဆိုပါတယ်။

“ စစ်နေကြတယ်။ ကျနော့်အိမ်တော့ မစစ်သေးဘူး။ တခြားအိမ်တွေမှာ လိုက်စစ်နေတယ်။ စစ်ပြီး တွေ့တယ်လို့လည်း မကြားဘူး။ သူတို့ အခိုင်အမာ အုပ်ချုပ်တယ် ဆိုတဲ့ အကြောင်း ပြချင်တာပါ။ လက်နက်တွေ ရှိ၊မရှိ နေအိမ်တွေမှာ လိုက်စစ်တာ မှန်ပါတယ်” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

တရုတ်နှစ်သစ်ကူး ကာလအတွင်းဖြစ်တဲ့တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က မုံးကိုးမြို့ ရပ်ကွက် ၅ ဥက္ကဌ ရဲ့ နေအိမ်မှာ ဗုံး ပစ်ထည့်ခံရကာ ပေါက်ကွဲမှု ဖြစ်ပွားတယ်လို့ ကြားရပြီး လူအထိအခိုက်တော့ မကြားရဘူးလို့ သူက ပြောပါတယ်။

“ အဲဒီ ရပ်ကွက် ၅ ဥက္ကဌ နေအိမ်မှာ ဗုံးလာပစ်ထည့်တယ်ဆိုတာ မှန်တယ်။ အဲဒါ သူတို့ အကွက်ဆင်တာလား တော့မသိဘူး။ သူတို့ အကြောင်းပြချက် ခေါင်းစဉ်တပ်ပြီးမှပဲ သူတို့ လိုက်စစ်လို့ ရတာလေ။ သူတို့ လူလည်း ဖြစ်နိုင်တယ်။ လူမထိမယ့်နေရာ၊ ရပ်ကွက် ၅ ဆိုတော့ တော်တော် ဝေးတော့ လူနေကျဲတော့ သူတို့ ပစ်ထည့်လိုက်ပြီး အဲဒါကို ခေါင်းစဉ်တပ် လိုက်လံ စစ်ဆေးရှာဖွေ တာလည်း ဖြစ်နိုင်တယ်။ ဗုံးကွဲ တာတော့ မှန်တယ်။” လို့ သူက ရှင်းပြပါတယ်။

အခြေအနေက ဘယ်နေရာဖြစ်ဖြစ် သိပ်မကွာပဲ သူ့တို့ အစီအစဉ် ရှိလို့ လုပ်စရာရှိတဲ့ အလုပ် လုပ်ကာ သူတို့ တပ်ဖွဲ့ ခိုင်မာကြောင်း လုပ်ဆောင် ပြသတဲ့ သဘောရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက် နေ့က MNDAA က ပန်ဆိုင်းဒေသခံ‌တွေကို အစည်းအဝေး ခေါ်ပြီး အစည်းအဝေးမှာ ဖြစ်ဖြစ်၊ ကိုးကန့်တပ်ဖွဲ့တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို ဖြစ်ဖြစ် မှတ်တမ်းယူပြီး အွန်လိုင်းပေါ် မတင်ဖို့၊ KIA နဲ့ SSPP တပ်သား‌တွေကို စစ်ဝတ်စုံနဲ့ လက်နက်ကိုင်ဆောင်လာပါက မြို့ထဲ ပေးမဝင်ဖို့၊ မိမိနေအိမ်ရှိ သေနတ်‌ေတွကို အမြန်ဆုံး အပ်နှံဖို့၊ တစ်အိမ်တစ်ယောက် MNDAA မှာ စစ်မှုထမ်းဖို့၊ မြို့အဝင်အထွက် နဲ့ အုပ်ချုပ်ရေးရုံးတွေမှာ ကင်းစောင့်ပေးဖို့ ပြောဆိုသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

CJ-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now