စစ်ရေးသတင်း

နောင်ချိုက ခမရ-၁၁၅ ကို လက်နက် ၃၈၀ ကျော်နဲ့ သိမ်းဆည်းရမိ

မဲခေါင် 28 Jun - 2024
ရှမ်းမြောက်၊ နောင်ချိုမြို့က စစ်ကောင်စီတပ် ခမရ-၁၁၅ ကို TNLA နဲ့ MDY-PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီလက်နက် မျိုးစုံ ၃၈၀ ကျော် သိမ်းပိုက်ရှိတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇွန် ၂၈

ရှမ်းမြောက်၊ နောင်ချိုမြို့က စစ်ကောင်စီတပ် ခမရ-၁၁၅ ကို TNLA နဲ့ MDY-PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီလက်နက် မျိုးစုံ ၃၈၀ ကျော် သိမ်းပိုက်ရှိတယ်လို့ သိရပါတယ်။

TNLA နဲ့ MDY-PDF ပူးပေါင်းတပ်ဖွဲ့က ခမရ-၁၁၅ ကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက် ညနေပိုင်းကတည်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ကံကော်တပ်စခန်းနဲ့ အခြားတပ်စခန်းကလည်း လက်နက်မျိုးစုံ ၅၀ ကျော် ကိုလည်း သိမ်းဆည်းရမိခဲ့တာအပြင် လက်နက်ငယ် ကျည်မျိုးစုံ ၅ သောင်းကျော်၊ အာပီဂျီ အပါအဝင် နောက်ပွင့်ကျည်၊ စိန်ပြောင်းကျည် ၅၀၀ ကျော်နဲ့ ဗုံးသီး၊ မိုင်းနဲ့စကားပြောစက်များ သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

ယနေ့ ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်းအထိ ခမရ-၁၁၄ ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပြီး ခမရ-၁၁၅က အင်အားတွေဟာ သွားရောက်ပူးပေါင်းခဲ့ပြီး အင်အား ၁၀၀ ကျော်နဲ့ ကုန်းမြင့်အနေအထား အပေါ်စီးရယူကာ ခံစစ်ပြင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီက Y-12 လေယာဉ်၊ ဂျက်ဖိုက်တာတွေနဲ့ မနေ့ ဇွန် ၂၇ ရက်နေ့ တစ်နေ့လုံး ဗုံးကြဲ တိုက်ခိုက်နေခဲ့တယ်လို့ သိရပါတယ်။

မနေ့ညနေပိုင်းက စစ်ကောင်စီရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နောင်ချိုမြို့ ရပ်ကွက်-၄ က ကိုကျော်နန္ဒာ ၂၄ နှစ် ခြေထောက်ထိမှန် ဆုံးရှုံးခဲ့ရသလို ယင်းရပ်ကွက်ကပင် မချယ်ရီထိန်း ၂၃ နှစ်နဲ့ မထက်ရီဝင်း ၁၆ နှစ်တို့ကို စစ်ကောင်စီတပ်က ပစ်သတ်လို့ သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

နောင်ချိုရဲစခန်းကို သိမ်းယူပြီးနောက် စခန်းအတွင်းမှ ယာမဆေးပြားများစွာနဲ့ မူးယစ်ဆေးဝါးအမြောက်အများကို ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း

မိုင်းတုံမှာ အမျိုးသား တစ်ဦး သတ်သေ

ရှမ်းအရှေ့၊ မိုင်းတုံမြို့မှာ မနေ့က ဇူလိုင်လ ၂ ရက်နေ့၊ ညနေ လင်မယားစကားများပြီး ကြိုးဆွဲချ အမျိုးသား တစ်ဦး သတ်သေခဲ့တယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း

လဲချားမြို့နယ်အတွင်း ရှမ်းတပ်နှစ်ဖွဲ့ အချင်းချင်း ပြန်လည်ပစ်ခတ်နေ

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ် ဝမ်စိန်းကျေးရွာအနီးမှာ ဇူလိုင် ၁ ရက်နေ့ နေ့လယ်ပိုင်းက ရှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ တိုက်ပွဲစဖြစ်၊ အပြန်အလှန်လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၅ ဦးသေ ၁ ဦးဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့မှာ ဇူလိုင်လ ၂ရက် ည ၁၁နာရီလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် - MNDAA တို့ စတင်တိုက်ပွဲဖြစ်တယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

မြစ်ကြီးနားမြို့မှာ ရေအနည်းငယ် ကျဆင်းလာပေမယ့် စိုးရိမ်ရမယ့် အခြေအနေ မလွတ်သေးဘူးလို့ဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဒီနေ့ (ဇူလိုင် ၂) မနက်ပိုင်းကစပြီး ရေအနည်းငယ် ကျဆင်းလာပေမယ့် စိုးရိမ်ရမယ့် အခြေအနေ မလွတ်ကင်းသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးကုတ်မြို့ အနောက်ပိုင်းမှာ စစ်ကောင်စီ စစ်သုံ့ပန်း ၁၅ ဦးနဲ့ ရဲ ၂ ဦး ဖမ်းဆီးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မိုးကုတ်မြို့နယ်မှာ တအာင်းအမျိုးသားတပ်မတော် TNLA တပ်ဖွဲ့နဲ့ PDF (မိုးကုတ်ဗျူဟာ)၊ PDF (513)တို့ ပူးပေါင်းတိုက်ခိုက်ပြီး တစ်ပတ်အတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်နှင့် စစ်သုံ့ပန်း ၁၅ ဦးနဲ့အတူ ရဲ ၂ ဦး ဖမ်းဆီးထားတယ်လို့ တအာင်းတပ်မတော်က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရားမဝင် ငွေလိမ်ဂိုဏ်း တရုတ်နိုင်ငံသား ၃၀၀ နီးပါး တာချီလိတ်မှာ ဖမ်းဆီးမိ

ရှမ်းအရှေ့၊ တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက် ညနေ ၆ နာရီခန့်က တရားမဝင် တရုတ်နိုင်ငံသား ၂၉၅ ဦးကို ဖမ်းဆီးရမိတယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မတ္တရာက လေကြောင်းရန်ကာကွယ်ရေးတပ် အပါအဝင် တပ်စခန်း ၈ ခုကို မန္တလေး PDF အပြီးသတ်သိမ်းယူ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် (၁၀၁၄) အပါအဝင် တပ်စခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ မန္တလေး PDF က ဒီနေ့ ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အရပ်သားတွေ တိုက်ပွဲတွင်း ကြားညပ်နေတယ်လို့ ရှမ်းလူငယ်တွေကဆို

ရှမ်းမြောက်ဒေသအတွင်းက တိုက်ပွဲတွေကို အရပ်သားထိခိုက်မှုအနည်းဆုံး နည်းလမ်းနဲ့ တော်လှန်စစ် ဆင်နွဲဖို့ ရှမ်းလူငယ်အရပ်ဖက်အဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now