စစ်ရေးသတင်း

နမ့်စန်မှာ စစ်ကောင်စီက မူးယစ်ဆေးစွဲနေသူတွေကို အဓမ္မ စစ်မှုထမ်းခိုင်း

မဲခေါင် 8 Apr - 2024
နမ့်စန်မှာစစ်မှုထမ်းဖို့ မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံခေါ်ဆောင်ပြီး စစ်သင်တန်းပေးနေတယ်လို့ နမ့်စန်မြို့ခံတစ်ဦးက ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၈

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မှာစစ်မှုထမ်းဖို့ မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံခေါ်ဆောင်ပြီး စစ်သင်တန်းပေးနေတယ်လို့ နမ့်စန်မြို့ခံတစ်ဦးက ပြောပါတယ်။

နမ့်စန်မြို့ပေါ်မှာ စစ်မှုထမ်းဖို့ တစ်ရပ်ကွက်နှစ်ယောက်နှုန်းနဲ့ မဲနှိုက်ရမှာဖြစ်တာကြောင့် လူငယ်တချို့ တိမ်းရှောင်မှုတွေရှိခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် စစ်ကောင်စီဟာ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို စစ်မှုထမ်းဖို့ ပစ်မှတ်ထားလာတာပါ။

“ ဒီအသုတ်မှာတော့ မူးယစ်သုံးတဲ့သူတွေကို စစ်သင်တန်းပေးမှာ၊ နောက်အသုတ်တွေမှာတော့ တစ်ရပ်ကွက်ကို ၂ ယောက်သွားရမယ်တဲ့ ပြီးခဲ့တဲ့လကတည်းက မူးယစ်သုံးတဲ့သူတွေကိုခေါ်တယ်။ ရပ်ကွက်အုပ်ချုပ်ရေးတွေနဲ့ လိုက်ခေါ်တယ် လူအယောက် ၃၀ ကျော်လောက်ရတယ်” လို့ နမ့်စန်မြို့ခံတစ်ဦးက မဲခေါင်ကိုပြောပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေကို နမ့်စန်က စစ်ကောင်စီတပ်မှာ မူးယစ်ဆေးအရင်ဖြတ်ပြီး သင်္ကြန်ပြီးမှာ စစ်သင်တန်းပေးမှာလို့ သူက ဆက်ပြောပါတယ်။

ကျေးရွာတွေမှာလည်းစစ်မှုထမ်းဖို့အတွက် အစည်းအဝေးလုပ်ခဲ့ပေမဲ့ မူယစ်သုံးစွဲတဲ့သူတွေကို အရင်ခေါ်ဆောင်သွားမယ်လို့ နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ ကျေးရွာသူကြီး ဥက္ကဌတွေကို စစ်ကောင်စီအဖွဲ့တွေလာပြောတာရှိတယ်။ လူတွေမပေးနိုင်သေးရင် မူယစ်သုံးတဲ့သူတွေကို အရင်စုပေးတဲ့ သုံးတဲ့သူတွေကို မူယစ်မသုံးအောင်သူတို့ဖျက်ပေးမယ်တဲ့။ ရွာကလူတွေတစ်ချို့က မဟုတ်မှတ်နေတယ်။ တစ်ချို့မူယစ်သုံးတဲ့သူတွေက ကြောက်လို့ ထွက်ပြေးတာရှိတယ်” လို့ မဲခေါင်ကိုပြောပါတယ်။

နမ့်စန်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေများတာကြောင့် တစ်ချို့မိသားစုတွေဟာ ပြည်သူစစ်တပ်နဲ့ ရှမ်းပြည်ပြန်ထည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ထံ စစ်မှုထမ်းဖို့ ဝင်ရောက်သွားသူတွေ ရှိကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စစ်ရဲ့ စစ်ဥပဒေကြောင့် နမ့်စန်မြို့မှာ ထွက်ပြေးနေတဲ့လူငယ်တွေကို ပြန်လာဖို့ စစ်ကောင်စီက မတ်လ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

MK 011

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now