စစ်ရေးသတင်း

နမ့်ခမ်း စခန်းသစ်ကုန်းကို TNLA သိမ်းပိုက်၊ တစ်မြို့လုံး စစ်ကောင်စီတပ်စခန်း တစ်ခုသာကျန်

မဲခေါင် 19 Dec - 2023
ရက်ပေါင်းများစွာတိုက်ခိုက်နေရတဲ့ နမ့်ခမ်းမြို့က စစ်ကောင်စီတပ်ရဲ့ စခန်းသစ်ကုန်းကို TNLA က ဒီဇင်ဘာလ ၁၈ရက်ည သန်းခေါင်ကျော်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းရောက် သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၁၉

ရက်ပေါင်းများစွာတိုက်ခိုက်နေရတဲ့ နမ့်ခမ်းမြို့က စစ်ကောင်စီတပ်ရဲ့ စခန်းသစ်ကုန်းကို TNLA က ဒီဇင်ဘာလ ၁၈ရက်ည သန်းခေါင်ကျော်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းရောက် သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

ဒီဇင်ဘာလ ၁၈ရက် မနက်ပိုင်းကတည်းက နမ့်ခမ်း စခန်းသစ်ကုန်းကို TNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ထိုးစစ်ဆင်နေတာဖြစ်ပြီး ညပိုင်းမှာတော့ သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ ရှေ့တန်းရောက်သတင်းရင်းမြစ်က ပြောပါတယ်။

စခန်းသစ်ကုန်းကို သိမ်းပိုက်လိုက်နိုင်တာကြောင့် နမ့်ခမ်းမြို့မှာ စစ်ကောင်စီတပ်စခန်းတစ်ခုသာ ကျန်တော့တယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

“မနေ့ည သန်းခေါင်ကျော် ၁နာရီလောက်မှာ အပြီးသတ်ရလိုက်တယ်။ ဒီဘက်မနက်ထဲပေါ့။ မြို့ကိုက ရထားတာကြာပြီ။​ ကျန်တာက ရွှေလီ ရေကာတာစောင့်တဲ့ မန်တပ်ရွာ တပ်စခန်းပဲ ကျန်တော့တယ်” လို့ သူက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ လက်နက်ခဲယမ်းတွေ ရာဂဏန်းကျော် ရရှိခဲ့ပြီး စစ်ကောင်စီတပ်သားအလောင်းတွေလည်း အများအပြား တွေ့ရတယ်လို့ ရှေ့တန်းရောက်စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေလည်း အများအပြားရှိပြီး သူတို့ကို အကျဉ်းသားအဖြစ်ထားလို့မရတာကြောင့် မူဆယ်ဘက်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ သူက ပြောပါတယ်။

နမ့်ခမ်းမြို့ စခန်းသစ်ကုန်းကို TNLA က တိုက်ခိုက်နေစဉ်အတွင်း ကွတ်ခိုင်မြို့မှာ ရှိတဲ့ စစ်ကောင်စီရဲ့နမ့်ဖတ်ကာတပ်ကနေ လက်နက်ကြီးနဲ့ ၃ကြိမ် ပစ်ကူခဲ့တယ်လို့ TNLA ထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက်မှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေကို အနိုင်ကျင့်သတ်ဖြတ်တာ၊ မတရားဖမ်းဆီးနှိပ်စက်တာတွေ ပိုမိုပြုလုပ်လာပြီး စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းတဲ့ အရပ်သားတွေထံကနေ အစားအစာ၊ ဆေးဝါးနဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို အတင်းအဓမ္မလုယူတာတွေ လုပ်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

#MeKongNews

#နမ့်ခမ်း

#စခန်းသစ်ကုန်း

#TNLA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now