စစ်ရေးသတင်း

ဆီဆိုင်မြို့မှာ တိုက်ပွဲတွေ ဖြစ်နေဆဲမို့ နေရပ်မပြန်ကြရန် PNLO မေတ္တာရပ်ခံ

မဲခေါင် 3 Apr - 2024
စစ်ကောင်စီက မနေ့ကအထိ လက်နက်ကြီးနဲ့ ပစ်ခတ်နေဆဲဖြစ်တာကြောင့် ပြည်သူလူထုတွေ မလိုလားအပ်တဲ့ ထိခိုက်မှုမရှိအောင် မြို့ထဲကို ပြန်မဝင်ကြဖို့ PNLO က ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၃

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို ဒေသခံတွေ ဝင်တာမှာ မိုင်းနင်းမိတဲ့ ဖြစ်စဉ်တွေရှိနေတာဖြစ်တဲ့အပြင် စစ်ကောင်စီက မနေ့ကအထိ လက်နက်ကြီးနဲ့ ပစ်ခတ်နေဆဲဖြစ်တာကြောင့် ပြည်သူလူထုတွေ မလိုလားအပ်တဲ့ ထိခိုက်မှုမရှိအောင် မြို့ထဲကို ပြန်မဝင်ကြဖို့ PNLO ပြောရေးဆိုခွင့်ရှိသူက မေတ္တာရပ်ခံထားပါတယ်။

“မြို့ထဲမှာက တော်လှန်ရေးအင်အားစုတွေလဲရှိတယ်၊ စစ်ကောင်စီတွေလဲရှိတယ်ပေါ့နော်၊ မြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အနေအထားဖြစ်ပါတယ်၊ မြို့တခုလုံး တစ်မြို့လုံးက စစ်ဇုံထဲမှာကျရောက်နေပါတယ်၊ ဒေသခံ ၂ ဦး မိုင်းနင်းမိတာ ကျနော်တို့လဲကြားရတယ်၊ အဓိကက ပစ္စည်းတွေ ပြန်သယ်ရင်း ပြန်ကြည့်ရင်းနဲ့ထိတယ်လို့ ကျနော်တို့ကြားရတယ်၊ ဒါကြောင့် ကျနော်တို့က မေတ္တာရပ်ခံနေရတာ ဖြစ်ပါတယ်၊ မြို့ထဲကို ပြန်လို့ရတဲ့ အခြေအနေ မဟုတ်သေးပါဘူး” လို့ ခွန်ရိန်းယံက မဲခေါင်ကို ပြောပါတယ်။

မြို့ထဲမှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေဆဲဖြစ်ပြီး စစ်ကောင်စီတွေက ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေ အများအပြားရှိနေသေးသလို မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေလဲရှိနေတဲ့ အနေအထားမှာ ဖြစ်လို့ ပြည်သူတွေက PNLO ရဲ့တရားဝင် ထုတ်ပြန်မှုကို စောင့်ကြည့် လိုက်နာကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု သတင်းမှားတွေကို ယုံပြီး မြို့ထဲကို အရဲ့စွန့် ဝင်ယူတာမျိုးတွေ လုပ်တဲ့အခါမှာ မလိုလားအပ်တဲ့ ထိခိုက်မှုမျိုးတွေဖြစ်နေတာကို စိတ်မကောင်းဖြစ်ရလို့ တရားဝင်ထုတ်ပြန်ချက်ကို စောင့်ကြည့်လိုက်နာကြဖို့ အထူး(အထူး)မေတ္တာရပ်ခံကြောင်း တိုက်တွန်းပြောကြားပါတယ်။

ဆီဆိုင်မြို့ကို ယမန်နေ့ ဧပြီလ ၁ ရက်က ပြန်သူ ၂ ဦး မိုင်းနင်းမိပြီး တဦးက ခြေထောက်ဖြတ်ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ မြို့အတွင်း နေရာအနှံ့အများအပြားမှာ မပေါက်ကွဲသေးတဲ့ ဗုံးလက်နက်ကြီးကျည်တွေ ရှိနေသေးတာကို မြေပြင်သတင်းဓာတ်ပုံတွေအရ သိရပါတယ်။

“ပြန်သာပြန်ရတာ မြို့ထဲမှာ လက်နက်ကြီးက ပစ်နေတာ၊ ပြန်နေဖို့တော့ မရသေးဘူး၊ အခြေအနေကလဲ မပေးသေးဘူး၊ အိမ်ပြန်ကြည့်တာနဲ့ ကျန်တာလေးတွေ ယူတာပဲ ရှိပါတယ်၊ အမြန်သွား အမြန်ထွက်လာရတယ်” လို့ ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက်က ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်က မတ်လ၃၁ ရက်အတောအတွင်းမှာ ဆီဆိုင်မြို့ရဲ့ ၃ ပုံ ၂ ပုံဟာ လေယာဉ်ရဲ့ ပေါင် ၅၀၀ ဗုံးတွေ၊ လက်နက်ကြီးကျည်တွေ ၊ ဒရုန်းဗုံးတွေအပြင် ယခု မိုင်းတွေနဲ့ပါ ဖျက်ဆီးခံရတာဖြစ်ပြီး လူဦးရေ ၆၅၉၀၀ ဦးဟာ ဆီဆိုင်မြို့ကို စွန့်ခွာထွက်ပြေးပြီး စစ်ဘေးရှောင်နေရတာဟာ ယခုချိန်ထိဖြစ်လို့ စားဝတ်နေရေးတွေ အလွန်ခက်ခဲနေပြီး အထောက်အပံ့တွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေထံက သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now