စစ်ရေးသတင်း

ဆီဆိုင်မြို့ တစ်လပြည့် တိုက်ပွဲတွေအတွင်း အရပ်သား ၄၀ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၅၁ ဦးရှိ

မဲခေါင် 26 Feb - 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တိုက်ပွဲကာလအတွင်း အရပ်သား သေဆုံးမှု ၄၀ ဦးရှိနေပြီး ဒဏ်ရာရသူ ၅၁ ဦးရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး(Pa-o Youth Organization) က ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၆

ဖေဖော်ဝါရီ ၂၄ ရက်က ၁ လပြည့်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တိုက်ပွဲကာလအတွင်း အရပ်သား သေဆုံးမှု ၄၀ ဦးရှိနေပြီး ဒဏ်ရာရသူ ၅၁ ဦးရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး(Pa-o Youth Organization) က ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းက စတင်ဖြစ်ခဲ့တဲ့ စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်တွေနဲ့ PNLA ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ၁ လပြည့်ခဲ့တာ ဖြစ်ပေမယ့် ဟိုပုံး၊ ဆီဆိုင်၊ လွယ်လင်ဒေသ တိုက်ပွဲဖြစ်စဉ်ဟာ ဟိုပုံးမြို့နယ် စံဖူးမှာ စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကနေ ဇန်နဝါရီ ၂၁ ရက် ကနေ စတင်ခဲ့တာဖြစ်ပါတယ်။

ယင်း ကာလအတွင်းမှာ အရပ်သား သေဆုံး၊ ဒဏ်ရာရတာတွေအပြင် အရပ်သား ဖမ်းဆီးခံရသူ ၁၃ ဦး၊ အရပ်ဖက်အဆောက်အဦပျက်စီးမှု ၉၇ လုံး၊ ဘာသာရေးအဆောက်အဦပျက်စီးမှု ၁၂ လုံးတို့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၂၉၃ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၈၀၈ ကြိမ်ရှိခဲ့ပြီး စစ်ရှောင်ဦးရေဟာလည်း ၉၄၃၀၀ ဦးအထိရှိနေတယ်လို့ ဖော်ပြထားပေမယ့် မြေပြင်မှာ ကျန်နေခဲ့တာတွေ ရှိနေနိုင်တာဖြစ်လို့ ဒိထက် ပိုမိုနိုင်တယ်လို့ဆိုပါတယ်။

စစ်ဘေးရှောင်ရတဲ့ ကျေးရွာပေါင်းဟာ ဟိုပုံး၊ ဆီဆိုင်နဲ့လွိုင်လင်မြို့နယ် စုစုပေါင်းမှာ ကျေးရွာပေါင်း ၁၂၀ နဲ့ ရပ်ကွက် ၆ ရပ်ကွက်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ စစ်ကောင်စီနဲ့အပေါင်းပါတပ်တွေဟာ ဟိုပုံးမြို့နယ် ထမ်စမ်းရွှေတိဂုံးစေတီတော်ပုံတူ ကုန်းတော်သာသာနာ့မြေမှာ လက်နက်ကြီးတွေ အထိုင်ချပြီး မဲနယ်တောင်၊ လွယ်မောတောင်၊ စငေါတောင်တွေဘက်ကို ပစ်ခတ်တိုက်ခိုက်နေသလို ဆိုက်ခေါင် ဘောလုံးကွင်းအထိုင်ချ အမြောက်တပ်ကလေည်း လွယ်ပွတ်ကလိုး၊ ကျောက္ကခြား ၊ တွေဘက်နဲ့ ကျူမုံ အခြေစိုက် ဒုံးတပ်ကလည်း လက်လှမ်းမီတဲ့ကျေးရွာတွေကို မြေပြင်တိုက်ပွဲမရှိလည်း ပစ်ခတ်နေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေလည်း စစ်ဘေးရှောင်ကာလ ၁ လကျော်လွန်လာခဲ့တာမှာ စပြေးစကတဲက အဝတ် ၁ ထည် ကိုယ် ၁ ခု ပြေးလာကြရတာဖြစ်တဲ့အပြင် ဝင်ငွေမရှိ နောက်မှာကျန်ခဲ့တဲ့ အိမ်တွေပျက်စီး၊ ဖောက်ထွက်ခိုးယူခံရ၊ အိမ်ပြန်ယူလို့မရ၊ ပြန်တော့လဲ လက်နက်ကြီးနဲ့ပစ်ခံရလို့ သေကြေ ဒဏ်ရာရ ဖြစ်နေရပြီး ကာလရှည်လာတဲ့နဲ့အမျှ နေစရာ၊ စားစရာ၊ ကျန်းမာရေးကအစ လိုအပ်ချက်တွေ များပြားလာနေတာဖြစ်လို့ အကူအညီတွေ အများအပြားလိုအပ်နေတယ်လို့သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

မူဆယ်က ကုန်စုံဆိုင်တွေကို အခွန်ဆောင်ဖို့ SSPP တပ်ဖွဲ့က အခွန်စာရွက်လာပေး

ရှမ်းမြောက် မူဆယ်မြို့နယ်က စွမ်စော်ရပ်ကွက် ကုန်စုံဆိုင်အများစုဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကအခွန်ဆောင်ဖို့ အခွန်စာရွက်တွေကို ကုန်စုံဆိုင်သို့ လာပေးနေတယ်လို့ မူဆယ်မြို့ခံတွေကဆိုပါတယ်။
မြန်မာ့နွေဦး

အင်းလေး PDFမှာ တပ်သားသစ်တိုးလာတဲ့အတွက် စားနှပ်ရိက္ခာနဲ့ လက်နက်ခဲယမ်း လိုအပ်မှုတွေရှိနေ

ကယား(ကရင်နီ)ပြည် အခြေစိုက် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် အမှတ် - ၁၁၀၉ (IPDF)မှာ အသစ်ရောက်လာတဲ့ တပ်သားဦးရေ ၂၀၀ ကျော်အတွက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပန်မြို့က စစ်ကောင်စီအဆောက်အဦတွေကို လုပ်ငန်းရှင်တွေထံ UWSA ပြန်ငှား

ရှမ်းပြည်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်က အစိုးရဌာနဆိုင်ရာ အဆောက်အဦးတွေကို UWSA (“ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မဝောာ်) က လုပ်ငန်းရှင်‌တွေကို ငှားရမ်းပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပအိုဝ်းဒေသတွင်းတိုက်ပွဲက တင်ပါးဒဏ်ရာရနေတဲ့ ခရိုနီ နေဝင်းထွန်းကို PNA က ဒုစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်

စစ်ကောင်စီ လက်အောက်ခံ PNO/PNA ပြည်သူ့စစ်ရဲ့ ဒုစစ်ဦးစီးချုပ်အဖြစ် ခရိုနီ နေဝင်းထွန်းကို ခန့်အပ်ခဲ့တယ်လို့ အထူးဒေသ(၆) ရဲ့ မေလ ၈ ရက်နေ့စွဲပါ ထုတ်ပြန်စာအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ နိုပ်စက် ဖမ်းဆီးထောင်ချခဲ့တဲ့ ဖယ်ခုံဒေသခံတွေ ထောင်မှ ပြန်လွတ်လာ

၂၀၂၁ ခုနှစ် တိုက်ပွဲကာလအတွင်း နေအိမ်စောင့်နေတဲ့ ရွာသားတွေကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့သူတွေကို မေလ ၁၀ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မဲလက်မှတ် လိမ်လည်ရောင်းတဲ့သူကို ကျည်ဆန်နဲ့ အမည်ပါစာရွက်ပေးပို့ပြီး SSF ကသတိပေး

အိမ်၊ ခြံ၊ မြေမဲဖေါက်ပေးမယ်ဆိုပြီး လိမ်လည်ပြီး မဲလက်မှတ်တွေ ရောင်းချတဲ့ စစ်ကောင်စီဒလန်ကို ရှမ်းတောင်အထူးတပ်ဖွဲ့(Southen Special Force-SSF) က သတိပေးစာထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဒီးမော့ဆိုမှာ ပညာရေးအခွင့်အလမ်းဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ကွန်ပျူတာသင်တန်း ဖွင့်လှစ်

ကယား (ကရင်နီပြည်) ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) နဲ့ The Present Team တို့ ပူးပေါင်းပြီး အခမဲ့ ကွန်ပျူတာသင်တန်းပေးနေတာမှာ ဒီနေ့ မေ ၁၀ ရက် နေ့မှာတော့ အပတ်စဉ် (၃)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ ၂ ဦး ပြင်းထန်ဒဏ်ရာတွေရတာရှိခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now