စစ်ရေးသတင်း

စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ပအိုဝ်းပြည်နယ်ပေါ်ပေါက်ရေး PNLO နဲ့ လက်တွဲလုပ်ဆောင်မယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီထုတ်ပြန်

မဲခေါင် 29 Jan - 2024
စစ်အာဏာရှင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်လာရေးအတွက် ဘဝတူညီနောင်မဟာမိတ်တွေနဲ့ လက်တွဲဆင်နွဲသွားမယ်ဆိုတဲ့ PNLO ရဲ့ ထုတ်ပြန်ချက်ကိုထောက်ခံပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ - PNFC က ဇန်နဝါရီလ ၂၇ရက်မှာ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၉

စစ်အာဏာရှင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်လာရေးအတွက် ဘဝတူညီနောင်မဟာမိတ်တွေနဲ့ လက်တွဲဆင်နွဲသွားမယ်ဆိုတဲ့ PNLO ရဲ့ ထုတ်ပြန်ချက်ကိုထောက်ခံပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC က ဇန်နဝါရီလ ၂၇ရက်မှာ ထုတ်ပြန်ပါတယ်။

PNFC အနေနဲ့ လူမျိုးပေါင်းစုံပြည်သူတွေကို ကာကွယ်ဖို့လိုအပ်ချက်မှတပါး ပအိုဝ်းအမျိုးသားအချင်းချင်းကြားမှာဖြစ်စေ၊ တိုင်းရင်းသားအချင်းချင်းကြားမှာဖြစ်စေ၊ လက်နက်ကိုင် ပဋိပက္ခကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ညှိနှိုင်းအဖြေရှာရေးနည်းကို အတတ်နိုင်ဆုံး လက်ကိုင်ကျင့်သုံးနေကြောင်း၊ အရင်ပအိုဝ်းခေါင်းဆောင်တွေအကြား ၁၁ နှစ်ကြာ သွေးချောင်းစီးခဲ့ရပြီးနောက်မှ အခုလိုမူကို ချမှတ်လုပ်ဆောင်နေတာဖြစ်ကြောင်း၊ လက်ရှိတွင်လည်း စစ်အုပ်စုက ပအိုဝ်းလူမျိုး အချင်းချင်းကြား သပ်လျိုသွေးခွဲ ဖြိုခွဲလျက်ရှိနေတာကြောင့် ပအိုဝ်းသံဃာတော်တွေနဲ့ ပြည်သူအပေါင်းက ဝိုင်း၀န်းတားဆီး ကာကွယ်ပေးကြဖို့တိုက်တွန်းလိုကြောင်း PNFC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပအိုဝ်းဒေသအတွင်းက စစ်သား၊ ရဲနဲ့ ပြည်သူ့စစ်တွေအနေနဲ့ ဘက်ပြောင်းခိုလှုံလာဖို့လဲ ဖိတ်ခေါ်ပါကြောင်းနဲ့ PNLO/PNLA ရဲ့ထုတ်ပြန်ကြေငြာချက် (၁/၂၀၂၄)ပါ ဖော်ပြချက်တွေကို အလေးအနက်ထောက်ခံကာ PNLO/PNLA နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုပူပေါင်းဆောင်ရွက်သွားမှာနဲ့ ပတ်သက်လို့ PNFC ပြောခွင့်ရပုဂ္ဂိုလ် ခွန်ဝေထူးက “ အဓိကရည်ရွယ်ချက်ကတော့ ကျနော်တို့ ဒီတော်လှန်ရေးရဲ့ အဓိက အချက်သည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးဖြစ်တယ်။ စစ်အာဏာရှင်စနစ်ကို ကျနော်တို့ အပြီးတိုင် ဖယ်ရှားနိုင်ဖို့အတွက် ဖြစ်ပြီးတော့မှ အဖိနှိပ်ခံပြည်သူလူထု တောင့်တတဲ့ ဒီမိုကရေစီအခွင့်အရေးကို အခြေခံပြီးတော့ ဖက်ဒရယ်စနစ်နဲ့ထူထောင်တဲ့ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်နဲ့ထူထောင် မယ့်ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ကြရမှာဖြစ်တယ” လို့ ဆိုပါတယ်?

ဒါ့အပြင် စနစ်တစ်ခုနဲ့တစ်ခု အကူးအပြောင်းမှာ အုပ်ချုပ်ရေးလစ်ဟာမှုဆိုတာမျိုး မဖြစ်ရအောင်၊ ပအိုဝ်းဒေသတွင်း စစ်အာဏာရှင်စနစ်ကို တိုက်ရင်းနဲ့ ရရှိလာတဲ့ နယ်မြေလွတ်မြောက်နယ်မြေတွေမှာ အုပ်ချုပ်ရေး၊ တည်ငြိမ်းအေးချမ်းရေး ပြည်သူတွေလိုအပ်တဲ့ လုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး စတဲ့ကဏ္ဍတွေမှာ PNFC နဲ့ PNLO တို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့လက်ခံထားတဲ့ မူကတော့ ပြည်နယ်ပေါင်းစု ပြည်ထောင်စုကို ကျနော်တို့ တည်ဆောက်တဲ့နေရာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပအိုဝ်းပြည်နယ်ပေါ်ပေါက်ရေးကို မျှော်မှန်းထားတာဖြစ်လို့ ပအိုဝ်းအမျိုးသားသွေးစည်းညီညွတ်ရေးကို အခြေခံပြီးတော့ PNLO နဲ့ PNFC ကြားမှာ အခုကတည်းက ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ ထုတ်ပြန်ကြေငြာတာဖြစ်ပါတယ်” ခွန်ဝေထူးက ဆက်ပြောပါတယ်။

PNFC အနေနဲ့ စစ်ရေးဆိုင်ရာစုဖွဲ့မှုကို တပ်နယ် ၃ ခုဖြင့်တည်ဆောက်ထားပြီး တပ်နယ်(၁) ကို သထုံခရိုင်၊ တပ်နယ်(၂)ကို ဖားအံခရိုင်၊ တပ်နယ်(၃)ကို ရှမ်း – ကရင်နီနယ်စပ် အထိုင်ချလှုပ်ရှားလျက်ရှိပါတယ်။

MK – 012

#MeKongNews

#PNLO

#PNFC

#ပအိုဝ်းပြည်နယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now