စစ်ရေးသတင်း

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

မဲခေါင် 26 Apr - 2024
ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၂၆

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

ဧပြီလအတွင်း ဓနုဒေသမှာ စစ်မှုထမ်း ဥပဒေကြောင့် DPLF အပါအဝင် ရွာငံ PDF, အမျိုးသားညီညွတ်ရေး အစိုးရ NUG လက်အောက်ခံ ၁၀၀၃ တပ်ရင်းနဲ့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေမှာလည်း တပ်ဖွဲ့ဝင်အရေအတွက် ၂ ဆကျော် တိုးလာတယ်လို့ ဆိုပါတယ်။

DPLF ဥက္ကဌ ဦးထွန်းထွန်းနိုင်က “ကျွန်တော်တို့နဲ့ နီးစပ်ရာ၊ ဆက်စပ်ရာရော၊ page တွေရောမှာ အချိန်မရွေးဆက်သွယ်ဖို့ ကျွန်တော်တို့ အချိန်ပြည့်လက်ခံနေတယ်ပေါ့နော်၊ လူဦးရေ အကန့်အသတ်လည်း မရှိဘူး၊ ဒါပေမဲ့ လာတဲ့လူလည်း လူငယ်ပဲ ဖြစ်တယ်ဆိုတော့ အသက်အကန့်အသတ်ကတော့ သူတို့လည်း သိပြီးသားလေနော်၊ ဒါပေမဲ့ တကယ်လို့ စစ်မှုထမ်းချည်းချည်းလည်း မဟုတ်ဘူးပေါ့၊ တကယ်လို့ သူတို့ရဲ့ ၀ါသနာပါရာ၊ ပညာတတ်တွေ ပါလာရင်လည်း သူတို့ရဲ့ သူတို့လုပ်နိုင်တဲ့ အပိုင်းမှာလည်း ကျွန်တော်တို့အများကြီး ပြင်ဆင်ထားတယ်။ စစ်မှုထမ်းချည်းချည်း မဟုတ်ဘူးပေါ့ဗျာ၊ ဘက်ပေါင်းစုံကနေ ကျွန်တော်တို့နဲ့အတူတူ ပူးပေါင်းပြီးလုပ်လို့ရတယ်လို့ အဲ့ဒါလေးတော့ မှာချင်တယ်ဗျ” လို့ ပြောပါတယ်။

အသစ်ရောက်လာတဲ့ တပ်ဖွဲ့ဝင်တွေဟာ တပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ ပုဂ္ဂိုလ်ရေးအရ နီးစပ်သူတွေ၊ လူမှုကွန်ယက် စာမျက်နှာ (Facebook) ပေချ့်မှတဆင့် လာရောက်ဆက်သွယ်သူတွေ ဖြစ်ပြီး ဓနုဒေသခံ တင်မကဘဲ တခြားဒေသက တခြားတိုင်းရင်းသားတွေလည်း ပါဝင်တယ်လို့ အဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။

လတ်တလောမှာတော့ DPLF ဆီဝင်ရောက်လာသူ အဆမတန် များနေတာကြောင့် ကိုယ်ရေးရာဇဝင်အကျဉ်း အသေးစိတ် စီစစ်ပြီး ဖြည်းဖြည်းချင်း လက်ခံပေးနေတယ်လို့ ဆိုပါတယ်။

DPLF ဆီလာရောက် တာဝန်ထမ်းဆောင်မယ့်သူတွေ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက် ခိုင်မာဖို့ လိုအပ်ပြီး ထွက်ပြေးတဲ့ သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူမှုတွေ ရှိတယ်လို့ ဦးထွန်းထွန်းနိုင်က ဆက်ပြောပါတယ်။

“အရင်က ၅ ယောက်ပြေးတာ မိလို့ ချုပ်ပေါက်က တစ်ရက်၊ အချုပ်ချတာက တစ်လပေါ့နော်။ အဲလိုမျိုး အရေးယူပါတယ်။ အခု နောက်ပိုင်းတော့ မပြေးကြတော့ပါဘူး”

DPLF ဆီရောက်လာသူတိုင်းဟာ ရှေ့တန်းထွက်ရမှာ မဟုတ်ဘဲ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ နည်းပညာ၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေမှာ ကျွမ်းကျင်မှုအလိုက် တာဝန်ထမ်းဆောင်နိုင်တယ်လို့ ဆိုပါတယ်။

အခု ဧပြီလအတွင်း ဓနုဒေသမှာ ပျူစောထီး၊ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက စစ်မှုထမ်းဖို့ ဒေသခံတွေကို ဖိအားပေးနေပြီး စစ်မှုထမ်း ဥပဒေ အကောင်အထည် ဖော်နေသူတိုင်းကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ DPLF တပ်ဖွဲ့နဲ့ ဓနု PDF ၁၀၀၃ တပ်ရင်းတို့ရဲ့ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now