စစ်ရေးသတင်း

စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ မီးရှို့မှုကြောင့် ထီးချိုင့်မြို့ ပျက်စီး

မဲခေါင် 18 Nov - 2023
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့ကို စစ်တပ် လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း ပစ်ခတ်မှုနဲ့ မီးရှို့မှုတွေကြောင့် အဆောက်အအုံ အပျက်အစီးမှု များနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့ကို စစ်တပ် လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း ပစ်ခတ်မှုနဲ့ မီးရှို့မှုတွေကြောင့် အဆောက်အအုံ အပျက်အစီးမှု များနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ထီးချိုင့်မြို့ပေါ်နဲ့ ထီးချိုင့်မြို့နယ်ထဲက အလယ်တောရွာ၊ အင်းတိန်ရွာ၊ လေသာရွာနဲ့ ပိန္နဲကုန်းရွာတွေကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၈ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှု ၂၇ ကြိမ်ထက် မနည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“ထီးချိုင့်ကို သိမ်းဖို့ တိုက်ပွဲ ဖြစ်နေတာ၊ ဒါပေမယ့် စစ်တပ်က တောင်ကုန်းပေါ်မှာ စခန်းရှိတယ်။ အဲ့ဒီစခန်းက မကျသေးဘူး ဖြစ်နေတာ။ တောင်ကုန်းပေါ်ကနေ မြို့ထဲကို လက်နက်ကြီးနဲ့ပစ်၊ လေယာဉ်နဲ့ လာပြီးတော့ပစ် ဖြစ်နေတာ မြို့တော်တော် ပျက်စီးတယ် ထီးချိုင့်က” လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။

တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၁၂၊ ၁၃၊ ၁၄ ရက်နေ့တွေ အတွင်း အရပ်သား ပြည်သူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ Tigyaint Revolution–TR က ထုတ်ပြန်ပါတယ်။

အဆိုပါ ထိခိုက်သေဆုံးသူတွေထဲမှာ အသက် ၅ နှစ်အောက် ကလေးငယ် ၃ ဦး အပါအဝင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ ဦး ပါဝင်ပြီး ဒဏ်ရာရ ပြည်သူ ၂၀ ဦး ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြတောင်ရဲ စခန်းအနီးက နေအိမ်တွေနဲ့ ထီးချိုင့်မြို့ အမှတ် (၂)၊ (၃)၊ (၄) ရပ်ကွက်ထဲက နေအိမ် အဆောက်အအုံတွေ အပါအဝင် မြို့မဈေးနဲ့ ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်းရွာက နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ Tigyaint Revolution–TR နဲ့ NUG အမှတ် (၁) စစ်ဒေသ လူမှုကွန်ရက် စာမျက်နှာတွေက ဖော်ပြပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ကစပြီး တော်လှန်ရေးတပ်ပေါင်းစုက တကောင်း-ထီးချိုင့်-အင်းတော် လမ်းပိုင်းကို ပိတ်ဆို့ကာ နိုဝင်ဘာ ၉ ရက်နေ့မှာ ထီးချိုင့်မြို့ပေါ်မှာရှိတဲ့ ရဲစခန်း အပါအဝင် ထီးချိုင့်မြို့ပြင် ဧရာဝတီမြစ် တစ်ဖက်ကမ်း မြတောင် လမ်းဆုံ အနီးမှာရှိတဲ့ စစ်တပ်ကို တပြိုင်တည်း စတင် တိုက်ခိုက်ခဲ့ရာက တိုက်ပွဲ ပြင်းထန်လာခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ထီးချိုင့်မြို့အဝင် တံတား၊ မြို့နဲ့ ကပ်လျက်မှာရှိတဲ့ တောင်ပေါ်က ရဲစခန်း အပါအဝင် ရွှေဂူတောင်နဲ့ မြို့တွင်းမှာရှိတဲ့ ဘုရားစေတီ၊ ကျောင်းတိုက်တွေနဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေမှာ တပ်စွဲထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ တိုက်ပွဲတွေ နိုဝင်ဘာ ၁၄ ရက်နေ့အထိ ပြင်းထန်နေခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ တိုက်ပွဲ အရှိန်လျော့သွားကာ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ မီးရှို့မှုတွေ ဆက်လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထီးချိုင့်မြို့ရဲ့ အနေအထားအရ တောင်ကုန်းတွေ ပေါများပြီး တောင်ကုန်းတွေပေါ် အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းယူရတာဖြစ်လို့ အလွယ်တကူ မရနိုင်ဘဲ စစ်တပ်နဲ့ တော်လှန်ရေး အင်အားစု ၂ ဖက်စလုံး အတွက် ဗျူဟာကျတဲ့ မြို့ဖြစ်တာကြောင့် အဆုံးထိ တိုက်သွားမှာ ဖြစ်လို့ သတင်းမှာတွေကို မယုံကြဖို့ Tigyaint Revolution အဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့ကစပြီး ထီးချိုင့်မြို့နယ်အတွင်း အင်တာနက်လိုင်းတွေ 2G အထိ လျှော့ချခံထားရမှုနဲ့ ဖုန်းလိုင်း ပြတ်တောက်မှုကြောင့် လက်ရှိအချိန်ထိ ထီးချိုင့် ဒေသခံတွေနဲ့ ဆက်သွယ်နိုင်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ထီးချိုင့်မြို့ကို နိုဝင်ဘာ ၁၂ ရက်နေ့က ပြန်လည် ထိန်းချုပ်ထားနိုင်ပြီး မိုင်းရှင်းလင်းရေး လုပ်နေတယ်လို့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

MK–009

#MekongNews

#ထီးချိုင့်မြို့

#လေကြောင်း_တိုက်ခိုက်

#NUG_PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now