စစ်ရေးသတင်း

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

မဲခေါင် 26 Apr - 2024
KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ ပြီးနောက် ဖြိုဖျက်လိုက်ပြီး အသစ်ပြန်လည် ပြုလုပ်ပြီးစီးထားပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

မဲခေါင်၊ ဧပြီ ၂၆

၁၀ နှစ်ကျော်ကြာ စစ်ကောင်စီ သိမ်းပိုက် ထားတဲ့ ကချင်ပြည်နယ်၊ KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ ပြီးနောက် ဖြိုဖျက်လိုက်ပြီး အသစ်ပြန်လည် ပြုလုပ်ပြီးစီးထားပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

“ မုခ်ဝ အဟောင်းတွေကို အကုန်လုံး ဘူဒိုဇာနဲ့ ကော် ဖျက်လိုက်ပြီး အခုက အသစ် လုပ်လိုက်တာ။ ဒီနေ့ပြီးလို့ ဒီနေ့ သိက္ခါတော်ရ ဆရာတော် တွေနဲ့ ဆုတောင်း ဂုဏ်ပြု ချီးမွမ်း လိုက်ပြီ” လို့ လိုင်ဇာ ဒေသခံ အမျိုး သမီး တစ်ဦးက ပြောပါတယ်။

အဲဒီ လိုင်ဇာမြို့မှ ကြိုဆိုပါ၏ ဆိုတဲ့နေရာကကို စစ်ကောင်စီတွေက ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က သိမ်းပိုက် ထိန်းချုပ် လိုက်တာ ဖြစ်တာလို့ သူက ပြောပါတယ်။

“ ယနေ့မနက်၊ အဝင်ဆိုင်းဘုတ် စိုက်ထူပြီး ဆုတောင်းကြပါတယ်။ (အောင်ပွဲခံခြင်း မဟုတ်ပါ) (၁၀)နှစ်ကျော်မှ လိုင်ဇာ ဝင်ပေါက်များ ပြန်ဖွင့်နိုင်ခဲ့ကြချိန် ဒေသ နေသူများ အတိုင်းအတာတစ်ခုထိ လွတ်လပ်မှု ရသကို ပြန်ရရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံး လွတ်လပ်မှု အရသာ ခံစားနိုင်ဖို့ ဆက်လက် ကြိုးစား ကြရပါအုံးမယ်။” လို့ ‌ဗိုလ်ချုပ် ဂွန်မော်က သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။

အခု အချိန် KIO/ KIA အုပ်ချုပ်တာက သူတို့လည်း ပေါ်လစီတွေ အရမ်း မသတ်မှတ်သေးသလို အစီအစဉ်တွေ ကြီးကြီး မားမား မချရသေးတာကြောင့် အခုချိန်က တင်းကြပ်တာမျိုး မရှိသေးပဲ အတိာင်းအတာ တခုအထိ လွတ်လပ်ပြီး လုံခြုံမှုရှိတယ်လို့ လိုင်ဇာဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

“ နောင်တစ်ချိန်မှာ သူတို့ အခိုင်အမာ ဖြစ်လာရင်တော့ ဘယ်လို ပြန်လှုပ်ရှား လာမလဲ မသိဘူး။ အခု အခြေအနေမှာတော့ လွတ်လပ်မှုရှိတယ်။ အရမ်း တင်းကြပ် တာမျိုးတော့ မရှိဘူး။” လို့သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဖြစ်ပွားတဲ့ စစ်ကောင်စီနဲ့ KIA တို့အကြား ကျော့ပြန် တိုက်ပွဲမှာ အဲဒီ လိုင်ဇာ အဝင် မုဒ်ဝ ကိုပါ စစ်ကောင်စီရဲ့ သိမ်းပိုက်ခြင်းခံခဲ့ရပြီး ယခု ၂၀၂၄ မတ်လ မှာမှ အဲဒီ မုဒ်ဝ နေရာကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးညတပ်ဖွဲ့ တွေက ပြန်လည် သိမ်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။

CJ-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now