စစ်ရေးသတင်း

စစ်တပ်က လားရှိုးမြို့ထဲ ပေးမ၀င်လို့ လောက်ကိုင်ပြန် စစ်ဘေးရှောင် လူထောင်ချီ ဒုက္ခရောက်နေ

မဲခေါင် 29 Nov - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောင်ကိုင်မြို့က ထွက်ပြေးတိမ်း‌ရှောင် လာတဲ့ စစ်ဘေးရှောင် လူတစ်ထောင်ကျော်ကို မနေ့ နိုဝင်ဘာလ ၂၈ ရက်၊ မနက်ပိုင်းက စပြီး စစ်ကောင်စီတပ်က လားရှိုးမြို့ထဲ ဝင်ခွင့် ပိတ်ပင်ထားလို့ ဒုက္ခ ရောက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ နို၀င်ဘာ ၂၉

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့က ထွက်ပြေးတိမ်း‌ရှောင် လာတဲ့ စစ်ဘေးရှောင် လူတစ်ထောင်ကျော်ကို မနေ့ နိုဝင်ဘာလ ၂၈ ရက်၊ မနက်ပိုင်းက စပြီး စစ်ကောင်စီတပ်က လားရှိုးမြို့ထဲ ဝင်ခွင့် ပိတ်ပင်ထားလို့ ဒုက္ခ ရောက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လောက်ကိုင်မြို့ကနေ တိမ်းရှောင်လာခဲ့တဲ့ စစ်ရှောင်တွေဟာ သိန္နီတံတား ဖျက်ဆီးခံထားတာကြောင့် သိန္နီမြို့နယ်၊ နမ့်ဇလပ်ကျေးရွာကနေ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် အထိ တောလမ်း အတိုင်း လာရောက်ခဲ့ ပေမယ့် လက်ရှိ လားရှိုးမြို့ အဝင်၊ နားဖကျေးရွာက တိုးဂိတ်မှာ ဝင်ခွင့် ပိတ်ပင် ခံနေရပါတယ်။

“ပိတ်နေတဲ့ သူတွေက ထောင်ကျော်ရှိတယ်။ ၆၈ တပ်က နားဖရွာမှာ ပိတ်ထားတာ။ တစ်ချို့လည်း ရရာနည်းနဲ့ တောလမ်းက‌နေ ဝင်နေတော့ စစ်တပ်က လိုက်ပစ်နေတာ ရှိတယ်” လို့ လားရှိုးမြို့ခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

နားဖကျေးရွာဟာ လားရှိုးမြို့ အရှေ့ဘက် ၁ မိုင်ခန့်သာ ကွာဝေးပြီး စစ်ကောင်စီ ခြေလျင်တပ်ရင်း (၆၈) အထိုင်တပ်စခန်းရှိရာ အဲဒီတပ်က လမ်းပိတ်ထားတာ ဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်က ပိတ်မိနေတဲ့ ထောင်နဲ့ချီ စစ်ရှောင်တွေကို သေနတ်ဖောက် လူစုခွဲတာ ပြုလုပ်နေပြီး ပစ်ဖတ်မှုကြောင့် ထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ပိတ်မိနေသူတွေဟာ လောင်ကိုင်မြို့ကနေ ၃ ရက် ခရီးနှင်ခဲ့ရပြီး လက်ရှိ နားဖကျေးရွာထဲက ဘုန်းကြီးကျောင်း၊ ဟိုပိတ်ရွာ ဘုန်းကြီးကျောင်းနဲ့ ဒေသခံ‌တွေရဲ့ နေအိမ်တွေမှာ ခိုလှုံနေရပါတယ်။

ဒီစစ်ဘေးရှောင် တွေဟာ လောက်ကိုင်မြို့ပေါ်မှာ တစ်လကြာ ပိတ်မိပြီးနောက် အခုရက်ပိုင်း လမ်းပြန်ဖွင့်တာကြောင့် လောက်ကိုင်-နမ့်သစ် (၀ပြည်) လမ်းပိုင်းနဲ့ လောင်ကိုင်-ကွမ်းလုံ လမ်းပိုင်း လမ်းကြောင်း ၂ ခုကနေ ပြန်လာကြတာ ဖြစ်ပါတယ်။

လောက်ကိုင်ကနေ တန့်ယန်းမြို့ရောက်နေတဲ့ ရာနဲ့ချီတဲ့ စစ်ဘေးရှောင်တွေကတော့ မနေ့ မနက်ပိုင်းက လားရှိုးမြို့တွင်း ဝင်ရောက်ခဲ့ရာ တန့်ယန်း-လားရှိုးမြို့ အဝင်လမ်းကိုတော့ စစ်ကောင်စီက ဖွင့်ပေးထားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

လောက်ကိုင်မြို့မှာ ပိတ်မိနေသူတွေကို ၀ ပြည် နမ့်သစ်မြို့ထဲ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA က ကူညီ ကယ်ထုတ်နေပြီး နမ့်သစ်မြို့ကနေ လားရှိုးမြို့နဲ့ ကပ်ရက် တန့်ယန်းမြို့ထဲ ပို့ဆောင်ပေးနေတယ်လို့ UWSA က ထုတ်ပြန်ထားပါတယ်။

CJ-014

#MeKongNews

#လောက်ကိုင်

#လားရှိုး

#UWSA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now