စစ်ရေးသတင်း

ကျောက်မဲမှာ စစ်တပ်၊ SSPP နဲ့ TNLA တို့ သုံးပွင့်ဆိုင် စစ်ရေးပြင်ဆင်နေ၊ SSPP မြို့ပေါ်ထိ အခွန်ကောက်

မဲခေါင် 7 Mar - 2024
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီ၊ SSPP နဲ့ TNLA တို့ ၃ ပွင့်ဆိုင် စစ်ရေးပြင်ဆင်မှုများပြုလုပ်နေပြီး SSPP က ကျောက်မဲမြို့ပေါ် အထိ ယူနီဖောင်းအပြည့်အစုံနဲ့ ဝင်ရောက်အခွန်ကောက်ခံနေတယ်လို့ သိရပါတယ်။

မဲခေါင်၊ မတ် ၇

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီ၊ SSPP နဲ့ TNLA တို့ ၃ ပွင့်ဆိုင် စစ်ရေးပြင်ဆင်မှုများပြုလုပ်နေပြီး SSPP က ကျောက်မဲမြို့ပေါ် အထိ ယူနီဖောင်းအပြည့်အစုံနဲ့ ဝင်ရောက်အခွန်ကောက်ခံနေတယ်လို့ သိရပါတယ်။

ကျောက်မဲမြို့အခြေစိုက် စကခ(၁)နဲ့ ခမရ ၅၀၁ ၊ ၅၀၂ တွေ မှာ လိုက်ကျင်း၊ ကတုတ်ကျင်းတွေကို ဘက်ဟိုးများနဲ့ အခိုင်အမာပြင်ဆင်တူးဖော်နေသလို ကျောက်မဲမြို့ပတ်ဝန်းကျင်နဲ့အနီးတဝိုက် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမြောက်ဘက် ဧရိယာအများစုမှာ TNLA က စစ်ရေးပြင်ဆင်နေကာ လမ်းတောင်ဘက်ခြမ်းနဲ့ ယခင် ခလရ ၂၂ နောက် ပြောင်းရွှေ့သွားတဲ့ အမြောက်တပ်ရှိနေရာမှာ SSPP ကဝင်ရောက်နေပြီး စစ်ရေး အခိုင်အမာတည်ဆောက်နေတာ ရက်ပိုင်းအတွင်း အင်အားရာချီ ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

SSPP ဟာ ကွမ်းယာဆိုင်ကအစ ရွှေဆိုင်အဆုံးမြို့ပေါ်ကို ယူနီဖောင်းလက်နက်အပြည့်အစုံ၊ ကားတွေနဲ့ ဝင်ရောက်ပြီး စာရင်းတွေကောက်ယူကာ အခွန်ဖြတ်ပိုင်းတွေ ပေးသွားတယ်လို့သိရပါတယ်။

အခွန်သွားပေးရတာက ကျောက်မဲအနောက်ဖက် မိုးကုတ်-ကျောက်မဲလမ်း ကျောက်မဲက ၇ မိုင်အကွာက မိုင်းတင်းရွာမှာ သွားပေးရတာ၊ ရွှေဆိုင်စာရင်းတွေ၊ မြေအရောင်းအဝယ်ပြုလုပ်သူတွေ စာရင်းအားလုံးကောက်သွားတယ်၊ TNLA ကတော့ ကောက်တာမတွေ့ရဘူးလို့ ဒေသခံတစ်ဦး က ပြောပါတယ်။

သူကိုယ်တိုင်လည်း ဆိုင်အတွက် ကျပ် ၂၅ သိန်း ပေးဆောင်ခဲ့ရပြီး ၂၀၂၄ ခုနှစ် ၁ နှစ် စာဖြစ်တယ်လို့ ပြောပါတယ်။

ကျောက်မဲအထိုင်ချ အမြောက်တပ်နဲ့ဒုံးတပ်ဟာ နောင်ချို၊ မိုင်းငေါ့ ဘက်ကို လက်နက်ကြီးနဲ့ နေ့စဉ်လိုပစ်ခတ်နေတာမှာ ယမန်နေ့ မတ်လ ၅ ရက်က မိုင်းငေါ့က ခေါက်ဆွဲစက်တစ်ခုကိုထိမှန်လို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄/၂၅/၂၆ ရက်တွေကလည်း စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်လို့ နောင်ချိုမြို့နယ်၊ သုံးဆယ်ရွာကနေအိမ် ၁လုံးနဲ့ ဆမ္မဆယ်ရွာက ဒေသခံတွေထွက်ပြေးတိမ်းရှောင်ရတာ ရှိခဲ့သလို အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေမှာ TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ခဲ့တဲ့ မြို့ ၃ မြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာတဲ့အပေါ်မှာ ဟိုင်ဂင်အပစ်ရပ်စဲရေး အခက်အခဲဖြစ်လာနိုင်တယ်လို့ ညီနောင် ၃ ဖွဲ့က မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့သလို လက်ရှိ ကျောက်မဲဝန်းကျင် စစ်ရေးပြင်ဆင်မှုတွေ ကလည်း တိုက်ပွဲတွေ ဖြစ်လာနိုင်လို့ မြို့လူထုတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now