စစ်ရေးသတင်း

ကရင်နီဒေသမှာ ငှက်ဖျားရောဂါဖြစ်ပွားသူ များနေ

မဲခေါင် 28 Jun - 2024
ကရင်နီပြည်မှာ မိုးရာသီကာလအတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ များနေပြီး ဆေးဝါးအခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသတွင်းကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

မဲခေါင်၊ ဇွန် ၂၈

ကရင်နီပြည်မှာ မိုးရာသီကာလအတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ များနေပြီး ဆေးဝါးအခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသတွင်းကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့နယ်တွေမှာ အဓိကဖြစ်ပွားနေပြီး တစ်လကို ပျမ်းမျှ ၁၅ ယောက်ခန့် ကူးစက်နေကြတယ်လို့ သိရပါတယ်။

“ငှက်ဖျားအတွက် ဆေးဝါးပေးတဲ့နေရာတွေ ရှိပေမယ့် ဖရူဆိုလို အလှမ်းဝေးတဲ့ဒေသတွေကျတော့ သွားယူဖို့က လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတယ်။ ငှက်ဖျားဆေးကတော့ ငွေရေးကြေးရေးအရ မခက်ခဲပေမယ့် ရောဂါဖြစ်သူတွေက အချိန်မှီမရောက်နိုင်တာ၊ စီမံချက် သီးသန့်မရှိတဲ့ နေရာတွေမျိုးမှာ အခက်အခဲဖြစ်နေတာ တွေ့ရတယ်” လို့ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ဒေသခံတွေဟာ ထိုင်းနယ်စပ်ဘက်က ပြန်လာပြီးနောက် ငှက်ဖျားမိလာကြပြီး လက်ရှိရောဂါဖြစ်ပွားနေတဲ့ဒေသတွေမှာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGOs)၊ နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (INGOs)၊ အရပ်ဘက်လူမှုအဖွဲ့အစည်း (CSOs) စတဲ့ အဖွဲ့အစည်းတွေက နယ်မြေဒေသအခက်အခဲကြောင့် နေရာအများစုကို မဝင်ရောက်နိုင်တော့ဘူးလို့ သိရပါတယ်။

စစ်ဘေးရှောင်တွေဘက်ကလည်း ငွေရေးကြေးရေးအခက်အခဲကြောင့် ခြင်ထောင်မဝယ်နိုင်တာ၊ ဆေးစိမ်ခြင်ထောင်ရရှိဖို့ မလွယ်ကူတာတွေ ကြုံနေရပြီး ရောဂါဖြစ်ပွားနေသူတွေကလည်း အလေးမထားဘဲ အမြန်ဆုံးကုသမှုမခံယူတာကြောင့် ကူးစက်နှုန်းမြင့်ကာ စိုးရိမ်ရတဲ့အခြေအနေထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ခြင်ထောင်နဲ့အိပ်ပါ။ အဝေးကပြန်လာရင် ကျန်းမာရေးစောင့်ရှောက်မှုခံယူပါ။ အခုလိုငှက်ဖျားဖြစ်ပြီး Out break ဖြစ်နေတဲ့အချိန်မှာ နေရာတိုင်းမှာ ဆေးဝါးအလွယ်တကူရနိုင်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးနဲ့ ဆေးခန်းအရေအတွက် လုံလောက်မှုမရှိသေးဘူး” လို့ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ဆက်ပြောပါတယ်။

လတ်တလောမှာ ငှက်ဖျားအတွက် ဆေးတင်မကဘဲ အခြားရောဂါတွေအတွက်လည်း ဆေးဝါးလိုအပ်နေပြီး ရောဂါတိုက်ဖျက်ရေးအတွက် NGOs, INGOs, CSOs တွေအနေနဲ့ စီမံကိန်းတွေချမှတ်ကာ အမြန်ဆုံးဝင်ရောက်ကူညီစေချင်တယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

MK-015

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း

မိုင်းတုံမှာ အမျိုးသား တစ်ဦး သတ်သေ

ရှမ်းအရှေ့၊ မိုင်းတုံမြို့မှာ မနေ့က ဇူလိုင်လ ၂ ရက်နေ့၊ ညနေ လင်မယားစကားများပြီး ကြိုးဆွဲချ အမျိုးသား တစ်ဦး သတ်သေခဲ့တယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း

လဲချားမြို့နယ်အတွင်း ရှမ်းတပ်နှစ်ဖွဲ့ အချင်းချင်း ပြန်လည်ပစ်ခတ်နေ

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ် ဝမ်စိန်းကျေးရွာအနီးမှာ ဇူလိုင် ၁ ရက်နေ့ နေ့လယ်ပိုင်းက ရှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ တိုက်ပွဲစဖြစ်၊ အပြန်အလှန်လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၅ ဦးသေ ၁ ဦးဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့မှာ ဇူလိုင်လ ၂ရက် ည ၁၁နာရီလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် - MNDAA တို့ စတင်တိုက်ပွဲဖြစ်တယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

မြစ်ကြီးနားမြို့မှာ ရေအနည်းငယ် ကျဆင်းလာပေမယ့် စိုးရိမ်ရမယ့် အခြေအနေ မလွတ်သေးဘူးလို့ဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဒီနေ့ (ဇူလိုင် ၂) မနက်ပိုင်းကစပြီး ရေအနည်းငယ် ကျဆင်းလာပေမယ့် စိုးရိမ်ရမယ့် အခြေအနေ မလွတ်ကင်းသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးကုတ်မြို့ အနောက်ပိုင်းမှာ စစ်ကောင်စီ စစ်သုံ့ပန်း ၁၅ ဦးနဲ့ ရဲ ၂ ဦး ဖမ်းဆီးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မိုးကုတ်မြို့နယ်မှာ တအာင်းအမျိုးသားတပ်မတော် TNLA တပ်ဖွဲ့နဲ့ PDF (မိုးကုတ်ဗျူဟာ)၊ PDF (513)တို့ ပူးပေါင်းတိုက်ခိုက်ပြီး တစ်ပတ်အတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်နှင့် စစ်သုံ့ပန်း ၁၅ ဦးနဲ့အတူ ရဲ ၂ ဦး ဖမ်းဆီးထားတယ်လို့ တအာင်းတပ်မတော်က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရားမဝင် ငွေလိမ်ဂိုဏ်း တရုတ်နိုင်ငံသား ၃၀၀ နီးပါး တာချီလိတ်မှာ ဖမ်းဆီးမိ

ရှမ်းအရှေ့၊ တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက် ညနေ ၆ နာရီခန့်က တရားမဝင် တရုတ်နိုင်ငံသား ၂၉၅ ဦးကို ဖမ်းဆီးရမိတယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မတ္တရာက လေကြောင်းရန်ကာကွယ်ရေးတပ် အပါအဝင် တပ်စခန်း ၈ ခုကို မန္တလေး PDF အပြီးသတ်သိမ်းယူ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် (၁၀၁၄) အပါအဝင် တပ်စခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ မန္တလေး PDF က ဒီနေ့ ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အရပ်သားတွေ တိုက်ပွဲတွင်း ကြားညပ်နေတယ်လို့ ရှမ်းလူငယ်တွေကဆို

ရှမ်းမြောက်ဒေသအတွင်းက တိုက်ပွဲတွေကို အရပ်သားထိခိုက်မှုအနည်းဆုံး နည်းလမ်းနဲ့ တော်လှန်စစ် ဆင်နွဲဖို့ ရှမ်းလူငယ်အရပ်ဖက်အဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now