စစ်ရေးသတင်း

ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ရဲစခန်းက စစ်ကောင်စီတပ်နဲ့ရဲတွေ စခန်းစွန့်ခွာ ထွက်ပြေး

မဲခေါင် 6 Nov - 2023
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ရဲစခန်းက စစ်ကောင်စီတပ်နဲ့ရဲတွေ စခန်း စွန့်ခွာ ထွက်ပြေးသွားတယ်လို့ ABSDF စစ်ကြောင်း (၃) က ဒီနေ့ နိုဝင်ဘာ ၆ ရက်နေ့ မနက်မှာ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၆

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ရဲစခန်းက စစ်ကောင်စီတပ်နဲ့ရဲတွေ စခန်း စွန့်ခွာ ထွက်ပြေးသွားတယ်လို့ ABSDF စစ်ကြောင်း (၃) က ဒီနေ့ နိုဝင်ဘာ ၆ ရက်နေ့ မနက်မှာ ထုတ်ပြန်ပါတယ်။

တောင်ခင်ရန်း ရဲစခန်းမှာရှိတဲ့ ရဲ၊ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်း အဖွဲ့ဟာ နိုဝင်ဘာ ၄ ရက်နေ့ ကတည်းက စခန်းကို စွန့်ခွာသွားပြီး မြေမြှုပ်မိုင်းတွေ ထောင်ခဲ့တာကြောင့် ABSDF အမှတ် (၁၂) တပ်ရင်းနဲ့ မဟာမိတ် PDF တပ်ရင်းတွေက မိုင်းကျွမ်းကျင်သူတွေ ဝင်ရောက် ရှင်းလင်းနေတယ်လို့ ဆိုပါတယ်။

“မင်းရွာရဲစခန်း သိမ်းခံလိုက်ရတဲ့ အချိန်မှာ သူတို့ စခန်းတွေလည်း ဝင်ရောက်စီးနင်း ခံရမှာ ကြောက်လို့ ရဲစခန်းကို စွန့်ပြီးတော့ ထွက်ပြေးသွားတယ်လို့ ကျွန်တော်တို့က ထင်ပါတယ်” လို့ ABSDF စစ်ကြောင်း (၃) ပြန်ကြားရေး တာဝန်ခံက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

တောင်ခင်ရန်း ရဲစခန်းမှာ ပျူစောထီး၊ ရဲ၊ စစ်ကောင်စီ စုစုပေါင်း အင်အား ၇၀ ဝန်းကျင်ရှိပြီး ABSDF နဲ့ ဂန့်ဂေါခရိုင် PDF တပ်ရင်း (၁)၊ တပ်ရင်း (၁၂)၊ တပ်ရင်း (၁၄)၊ ပ.က.ဖ တို့က အခုနှစ် မေလကုန်ပိုင်းက စတင်ပြီး အနီးကပ် မီတာ ၂၀၀ ကျော်အတွင်း ပိတ်ဆို့ထားခဲ့တာလို့ သိရပါတယ်။

“တောင်ခင်ရန်း ရဲစခန်းထဲက စခန်းပြင်ကို သူတို့ သိပ်ထွက်လို့ မရဘူး။ ရဲစခန်းနဲ့ မီတာ ၁၅၀/၂၀၀ လောက်ထိ ကပ်ထားပြီး သူတို့ ထွက်လာရင်ပစ်၊ ထွက်လာရင်ပစ်နဲ့ မကြာခဏ ပစ်ခတ်မှုတွေ လုပ်နေတယ်။ တိုက်ပွဲ ဖြစ်ပွားတာ မကြာခဏ များလာတဲ့ အခါမှာ သူတို့ အထိနာလာတာလည်း ပါတယ်” လို့ ABSDF စစ်ကြောင်း (၃) ပြန်ကြားရေး တာဝန်ခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့ ညပိုင်းတွေမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ တောင်ခင်ရန်း ရဲစခန်းက စစ်ကောင်စီတပ် အနီးကပ် တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား ထိခိုက်ခဲ့တယ်လို့ ABSDF အမှတ် (၃) စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ မင်းရွာရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးကာ စစ်သုံ့ပန်း ၁၁ ဦး ဖမ်းဆီးနိုင်ခဲ့ပြီး သေနတ် ၁၇ လက် အပါအဝင် လက်နက်ကြီး၊ ကျည်ဆန်နဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

MK-009

#MeKongNews

#ဂန့်ဂေါမြို့နယ်

#တောင်ခင်ရန်း_ရဲစခန်း

#ABSDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း မြန်မာ့နွေဦး

SSPDF တပ်ရင်းမှူး ကားမတော်တဆမှုအတွင်း ကျဆုံး

မဲခေါင်၊ နိုဝင်ဘာ ၂၄ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် – ၁၀၀၅ တပ်ရင်း၊ SSPDF တပ်ရင်းမှူး ကားမတော်တဆဖြစ်ပြီး ကျဆုံးသွားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ တပ်ရင်းမှူးမိုကီသည် ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်တွင် တာဝန်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now