မဲခေါင်၊ နို၀င်ဘာ ၂
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက စစ်ကောင်စီတပ်စခန်း ၂ ခုကို ဒီကနေ့ နိုဝင်ဘာ ၂ ရက်၊ မနက်ပိုင်းက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်လိုက်ပါတယ်။
ကိုးကန့်ခရိုင်၊ တုန်ရှန်းဒေသက စစ်ကောင်စီတပ်စခန်း ၂ ခုကို ဒီကနေ့ မနက်ပိုင်းမှာ MNDAA တပ်ဖွဲ့က ၀င်ရောက် သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်း အမြောက်အများ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်တဲ့ ရုပ်သံမှာတော့ စစ်ကောင်စီတပ်စခန်း ၂ ခုက စစ်ကောင်စီတပ်သား ၁၀ ဦး ထက်မနည်း သေဆုံးနေသလို လက်နက်ငယ် ၁၃ လက်၊ လက်နက်ကြီး ၇ လက်၊ စက်လတ် ၂ လက်၊ ၆၀ မမနဲ့ ၁၂၀ မမ လက်နက်ကြီးကျည်တွေ၊ ၄၀ မမ ဗုံးသီးတွေ၊ ကျည်ဆံတွေ ထောင်နဲ့ချီ ရရှိခဲ့တာကို တွေ့ရပါတယ်။
အော်ရေးရှင်း ၁၀၂၇ စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ လက်ရှိအချိန်ထိ ရှမ်းမြောက်ဒေသမှာ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္ဒီ၊ ကွမ်းလုံမြို့တွေ အပါအ၀င် စစ်ကောင်စီတပ် စခန်းပေါင်း ၁၀၀ ခန့် သိမ်းပိုက် နိုင်ခဲ့ပြီလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။
MK-007
#MekongNews
#ကိုးကန့်ဒေသ
#MNDAA
#တုန်ရှန်းဒေသ








