မဲခေါင်၊ အောက်တိုဘာ ၂၇
ရှမ်းပြည်နယ် မြောက်ပိုင်းက ချင်းရွှေဟော်မြို့ကို ဒီကနေ့ မနက်အစောပိုင်းမှာ ကိုးကန့်တပ်မတာ်- MNDAA က တိုက်ခိုက် သိမ်းပိုက် ထိန်းချုပ်ပြီးနောက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကို ဝင်ရာက်စီးနင်းပြီး ဝန်ထမ်း အများအပြားကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုးကန့်ဒေသက ညီနောင်မဟာမိတ် ၃ ဖွဲ့ဖော်ဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ ချင်းရွှေဟော် တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေ အများအပြားသေဆုံးပြီး လက်ရှိ ကိုးကန့်တပ်က ချင်းရွှေဟော် တစ်မြို့လုံးကို ထိန်းချုပ်လိုက်ပြီးနောက် အခုလို ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
“မြို့ထဲမှာ ကိုးကန့်တပ်တွေ အပြည့်ပဲ။ ကျားဖြန်ရုံရော ဝန်ထမ်းရော ဖမ်းသွားပြီ။ ဖမ်းသွားတဲ့ အထဲမှာ ဒေသခံ တစ်ချို့လည်း ကြားညှပ်ပါသွားတဲ့ သူလည်း ရှိတယ်” လို့ လောက်ကိုင်မြို့ခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
လက်ရှိ ချင်းရွှေဟော်မြို့က ဒေသခံ အများအပြား တရုတ်ပြည်ထဲ ထွက်ပြေး တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး လောက်ကိုင်မြို့နယ်ရှိ ကျားဖြန့် ကုမ္ပဏီနဲ့ ကျးဖြန့်ကို အကာအကွယ် ပေးနေတဲ့ နောက်ကွယ်က အင်အားစုတွေကို တိုက်ဖျက် ရှင်းလင်းသွားမယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ထားပါတယ်။
ဒီကနေ့မှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ မန်းယန်၊ နမ့်ခမ်း၊ စခန်းသစ်ကုန်း၊ နမ့်ဖတ်ကာ၊ ကွတ်ခိုင်၊ မုံးစီး၊ သိန္နီ ရေပူ၊ လားရှိုး ခမရ (၆၈) နဲ့ (၄၁) လောက်ကိုင်၊ ချင်းရွှေဟော် စတဲ့ စစ်ကောင်စီ စခန်းတွေကို ကိုးကန့် MNDAA ၊ မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့နဲ့ PDF ပူးပေါင်းအဖွဲ့တို့က တပြိုင်ထဲ ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
CJ-014
#MekongNews
#ချင်းရွှေဟော်မြို့
#ကျားဖြန့်
#MNDAA








