စစ်ရေးသတင်း

TNLA သိမ်းပိုက်ထားသည့် နောင်ချိုနှင့် ကျောက်မဲမြို့ကို စစ်ကောင်စီဗုံးကြဲမှု တစ်ပတ်အတွင်း ၁၅ ဦးသေဆုံး

မဲခေါင် 5 Feb - 2025
TNLA သိမ်းပိုက်ထားသည့် နောင်ချိုနှင့် ကျောက်မဲမြို့ကို စစ်ကောင်စီဗုံးကြဲမှု တစ်ပတ်အတွင်း ၁၅ ဦးသေဆုံး

TNLA သိမ်းပိုက်ထားသည့် နောင်ချိုနှင့် ကျောက်မဲမြို့ကို စစ်ကောင်စီဗုံးကြဲမှု တစ်ပတ်အတွင်း ၁၅ ဦးသေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၅

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုနှင့် ကျောက်မဲမြို့များတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ နောက်ဆုံးတစ်ပတ်အတွင်း ပြည်သူ ၁၅ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် က ဖေဖော်ဝါရီ ၄ တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် စစ်တိုက်တိုင်းရှုံးနေသောကြောင့် ပြည်သူဘက်ကို နိုင်ရာမဲခြင်းဖြစ်ကြောင်း ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်ပြောခွင့်ရပုဂ္ဂိုလ် ယိင်းလျန်ဟန်က မဲခေါင်ကိုပြောသည်။

“အဓိက အနေနဲ့ မနိုင်နိုင်ရာမဲတာပေါ့။ စစ်ကောင်စီတပ်ဟာ စစ်ရှုံးနေတယ်။ နေရာတိုင်းမှာစစ်ရှုံးနေတယ်။ သူတို့လုပ်နိုင်တာသည် အရပ်သားတွေအပေါ် လေကြောင်းဗုံးကြဲတာပဲရှိတယ်။ တမင်သက်သက် သူတို့ရှုံးနိမ့်မှုကို ကာဗာ(ဖုံးကွယ်)လုပ်ဖို့အတွက် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်” ဟု သူက ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုသည် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ဇန်နဝါရီလ ၂၇ ရက်နေ့အထိ သီတင်းပတ် ၁ ပတ်အတွင်း ပေါင် ၅၀၀ ဗုံးသီးအပါအဝင် ဗုံးသီးပေါင်းများစွာဖြင့် ၅ ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ ၂၁ ရက်က စစ်ကောင်စီက နောင်ချိုမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး ၁ ဦး သေဆုံးကာ အမျိုးသမီး ၁ ဉီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်ရဲစခန်းပျက်ဆီးသွားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအပြီး ၁၀ မိနစ်အကြာတွင် နောင်ချိုမြို့ အနောက်တောင်ဘက် ကုန်းကြီးမကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံး ၁ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး နေအိမ် ၂ လုံးပျက်စီးခဲ့သည်။

ဇန်နဝါရီလ ၂၂ ရက်တွင် နောင်ချိုမြို့ စျေးရပ်ကွက် ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပါရမီလက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများ၊ စားသုံးသူများ အပါအဝင် ၉ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးနဲ့ လက်ဖက်ရည်ဆိုင်ပျက်စီးခဲ့သည်။

ဇန်နဝါရီလ ၂၅ ရက်တွင် ကျောက်မဲမြို့ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၃၀၀ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် CDM သူနာပြုဝန်ထမ်း ၂ ဦးအပါအဝင် ၃ ဦး သေဆုံးကာ ဆေးကုသမှုခံယူနေသူ ပြည်သူ ၂၀ ဉီးထပ်မနည်းသေဆုံးခဲ့သည်။

ဇန်နဝါရီလ ၂၇ ရက်တွင် ကျောက်မဲမြို့ မြို့တော်ခန်းမနှင့် ရပ်ကွက် (၂) ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးကာ အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံးခန့်ပျက်ဆီးခဲ့သည်။

စစ်ကောင်စီမှ ကျောက်မဲမြို့ကို ဗုံးကြဲတိုက်ခိုက်ပြီးကတည်းက တော်လှန်ရေးတပ်တွေက ဒေသခံတွေ ဂြိုဟ်တုအင်တာနက် (Starlink) အသုံးပြုမှုကန့်သတ်ထားသောကြောင့် ဒေသခံတွေနဲ့ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

ဒေသခံများအနေဖြင့် လေကြောင်းရန်သတိပေးထုတ်ပြန်ချက်များကို လိုက်နာကြရန်နှင့် ဗုံးခိုကျင်းများတူးထားရန် ရှမ်းပြည်လူ့အခွင့်အရေးမဏ္ဍိုင်က အကြံပြုထားသည်။

၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းအတွင်း ကျောက်မဲမြို့နှင့်နောင်ချိုမြို့ကို TNLA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဒေသခံပြည်သူများအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေတာကြောင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးရန် အသင့်ရှိကြောင်း TNLA က အသိပေးထားသော်လည်း စစ်ကောင်စီဘက်က တစုံတရာထုတ်ဖော်ပြောဆိုခြင်းမပြုပေ။

ရှမ်းပြည်နယ်မြောက်ပိုင်း TNLA အုပ်ချုပ်နယ်မြေ သီပေါမြို့နှင့်မူဆယ်မြို့အတွင်းမှာလဲ ဇန်နဝါရီလတလအတွင်း စစ်ကောင်စီရဲ့စစ်ကျန်မိုင်းကြောင့် ဒေသခံ ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

ဂနိုက်
#MeKongNews
ပုံစာ- ကျောက်မဲမြို့ကို စစ်ကောင်စီက ဇန်နဝါရီ ၂၇ ရက်တွင် ဗုံးကြဲပြီးနောက် မြင်ကွင်းများ

Photo- TNLA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now