TNLA ရဲ့ အလုပ်သင် ဗိုလ်သင်တန်းအပတ်စဉ် (၄) သင်တန်းဆင်းတဲ့နေ့မှာ အပတ်စဉ်(၅)သင်တန်း ဖွင့်လှစ်
မဲခေါင်၊ ဒီဇင်ဘာ ၁၈
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA က အလုပ်သင် ဗိုလ်သင်တန်း (Taang Army Officer Training – TAOT) အပတ်စဉ် (၄) သင်တန်းဆင်းပွဲနဲ့ အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၅) သင်တန်းဖွင့်ပွဲကို တအာင်းပြည် တစ်နေရာမှာ ဒီဇင်ဘာ ၁၅ရက်က တပြိုင်နက် ကျင်းပခဲ့တယ်လို့ ဒီနေ့ (ဒီဇင်ဘာ၁၈) ထုတ်ပြန်ပါတယ်။
အပတ်စဉ် (၄)ဟာ သင်တန်းကာလ ၁၈ လ ကြာမြင့်ခဲ့ပြီး သင်တန်းသား ၁၃၂ ဦး တက်ရောက်ခဲ့ပေမယ့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)မှာ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့စဉ် ဗိုလ်လောင်း ၁၂ ဦး ကျဆုံးသွားလို့ သင်တန်းဆင်းပွဲမှာ သင်တန်းသား ၁၁၄ ဦး ပဲ သင်တန်းဆင်းနိုင်ခဲ့ပါတယ်။
ဗိုလ်လောင်းသင်တန်းအပတ်စဉ် (၅)ကိုတော့ အလုပ်သင် ဗိုလ်သင်တန်းသား ၁၃၅ ဦးနဲ့ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၉နာရီက ၁၂နာရီအထိ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ စစ်ရေးချုပ် တားနောရိူန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတွေ အရာရှိ/အရာခံတွေ သင်တန်းသားတွေနဲ့ ရပ်မိရပ်ဖတွေ စုစုပေါင်း လူဦးရေ ၇၀၀ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
MK-012
#MekongNews









