မဲခေါင်၊ နိုဝင်ဘာ ၅
ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ် အထွက်မှာရှိတဲ့ မယ်ဟန်ကျေးရွာကို မနေ့ည ၁၂ နာရီကျော်မှာ စစ်ကောင်စီက လေကြောင်းနဲ့ နှစ်ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ည ၁၂ နာရီ ၄၄ မိနစ်မှာ တစ်ကြိမ်၊ မနက် ၁ နာရီဝန်းကျင်မှာ တစ်ကြိမ် ဗုံးကြဲခဲ့တာပါ။ မယ်ဟန်ကျေးရွာရှိ ဆေးပေးခန်း ထိခိုက်ပျက်ဆီးခဲ့ပြီး လူမနေတော့တဲ့အိမ်တချို့ ပျက်ဆီးခဲ့ပေမယ့် လူထိခိုက်သေဆုံးမှုမရှိဘူးလို့ လားရှိုးမြို့ခံတစ်ဦးကပြောပါတယ်။
သူက “ ညအိမ်ချိန်ဆိုတော့ လေယာဉ်သံလာတဲ့အချိန် တချို့က ကြားတော့ ပတ်နှိုးတယ်၊ ပုန်းနေကြတယ်၊ ဒီရက်ပိုင်းတွေမှာ စစ်ကောင်စီက လေကြောင်း အလာနည်းလို့ စိတ်အေးနေရတုန်းပါပဲ၊ ဒါပေမယ့် အမြဲသတိနဲ့နေရ၊ အိပ်ရတယ်” လို့ပြောပါတယ်။
ကိုးကန့်နဲ့ တအာင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်တာတွေ ပြုလုပ်နေတာဖြစ်ပေမယ့် အများပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်တွေသာ ထိခိုက်ပျက်စီးနေတာဖြစ်ပါဝယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီက မနက် ၁၁ နာရီခန့်မှာ ရပ်ကွက် ၁၁ ထဲကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆိုင်ကယ်မောင်းလာတဲ့ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေလယ် ၂ နာရီခွဲခန့်မှာ သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲတာကြောင့် ကျောင်းဆောင်များ ထိခိုက်ပျက်ဆီးခဲ့ပါတယ်။
ဓါတ်ပုံ။ ဒေသခံထံမှရရှိ၊ ဗုံးဒဏ်ကြောင့်ပျက်စီးသွားတဲ့ဆေးခန်း။
MK 11








