မဲခေါင်၊ အောက်တိုဘာ ၃၀
MDY-PDF ရဲ့ စစ်သုံ့ပန်းတွေထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်း ၄ ဦးထပ်မံသေဆုံးခဲ့တယ်လို့ ဒီနေ့ အောက်တိုဘာ ၃၀ မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ အောက်တိုဘာ ၃၀ ရက် မနက်အစော ၁ နာရီခန့်မှာ ထပ်မံ ဗုံးကြဲလို့ စစ်သုံ့ပန်း ဗိုလ်မှူး ၁ဦး၊ တပ်ကြပ်ကြီး/စာရေး ၁ ဦး၊ တပ်ကြပ် ၁ ဦးနဲ့ ပျူစောထီး ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ဒါက မှားတာမဟုတ်တော့ဘူး၊ တမင်တကာ ကိုယ့်လူကိုယ်သတ်တာပဲ၊ သုံးမရတော့ဘူးဆိုပြီး သတ်တာ” လို့ စစ်ရေးအကဲခတ်သူ ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ၂၈ရက်ညနေပိုင်းကလည်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်း၁၂ဦး သေဆုံးပြီး ၆၀ ဦး ဒဏ်ရာရခဲ့လို့ သေဆုံးစစ်သုံ့ပန်း ၁၆ ဦးရှိပြီဖြစ်ကာ ဒဏ်ရာရ ၆၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
MK-012








