စစ်ရေးသတင်း

PNO ထဲမဝင်ပါက နေအိမ်ကိုမီးရှို့ကာ ရွာကမောင်းထုတ်မယ်လို့ အဓမ္မခြိမ်းခြောက် လူသစ်စုနေ

မဲခေါင် 23 Oct - 2024
ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ အင်းလေးကန် ဘီလူးချောင်းအနောက်ဖက်ခြမ်းက သစ်ပင်ကောက်ရွာကို PNO တွေ ဝင်လာပြီး အစည်းအဝေးခေါ်ကာPNO ထဲမဝင်ပါက နေအိမ်ကိုမီးရှို့ကာ ရွာကမောင်းထုတ်မယ်ဆိုပြီး အဓမ္မခြိမ်းခြောက် လူသစ်စုနေတယ်လို့သိရပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၂၃

ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ အင်းလေးကန် ဘီလူးချောင်းအနောက်ဖက်ခြမ်းက သစ်ပင်ကောက်ရွာကို PNO တွေ ဝင်လာပြီး အစည်းအဝေးခေါ်ကာPNO ထဲမဝင်ပါက နေအိမ်ကိုမီးရှို့ကာ ရွာကမောင်းထုတ်မယ်ဆိုပြီး အဓမ္မခြိမ်းခြောက် လူသစ်စုနေတယ်လို့သိရပါတယ်။

အောက်တိုဘာ ၂၁ ရက် မနက် ၇ နာရီအချိန်မှာ ယခင် ပင်ကောက်ရွာ PNO ဟောင်း သဲတောင် ကန်အောင်(ခ)ဗိုလ်သိုက်ရဲ့ အကိုအရင်းဖြစ်သူ ထွက်အုံး ဦးဆောင်ပြီး သစ်ပင်ကောက်ရွာအတွင်း ပအိုဝ်းပြည်သူ့စစ် ၁၅ ယောက်ခန့်နဲ့ ရွာကိုအစည်းအဝေးခေါ်ယူကာ ရွာသားတွေ တစ်အိမ်တစ်ယောက် အဖွဲ့ထဲမဝင်မနေရ ပြောဆိုကာ ထွက်ပြေးတာဖြစ်စေ ရှောင်ပြေးတာဖြစ်စေ ထွက်ပြေးသူရဲ့နေအိမ်ကို မီးရှို့ဖျက်ဆီးပြီး ရွာတွင်းတစ်မိသားစုလုံးနေခွင့်မရှိကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် တစ်အိမ်တစ်ယောက် ဝင်ထားသောသူတွေဟာ ရှေ့တန်းထွက်ရန်မလိုဘဲ ယူနီဖောင်း လက်နက်အပြည့်အစုံ တပ်ဆင်ပေးမှာဖြစ်ပြီး ၅ ယောက်ကို တစ်ပတ် သဲတောင်ဂိတ်တွင်စောင့်ရမည်ဖြစ်ကြောင်း၊နေအိမ်တစ်အိမ်ကို ဆန် ၂ ပြည် ငွေတစ်သောင်းခန့်ထည့်ပေးရန်၊ သဲတောင်ဂိတ် ရဲဘော်တွေကို တစ်ရက်၂အိမ်ကျ ထမင်းဟင်းချက်ပို့ပေးရမည် ဖြစ်ကြောင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

PNO တွေကို စစ်ကောင်စီက မြှောက်ပင့်ပြီး မလာမနေရ အင်အားပြခိုင်းကာ စစ်သင်တန်း ၅ ရက်နဲ့ ရှေ့တန်းတွေကို ပို့လွှတ်နေတာကြောင့် အင်အားအများအပြားလိုအပ်နေတာဖြစ်လို့ အခုလို ရွာတွေမှာ အဓမ္မခြိမ်းခြောက်အင်အားစုဆောင်းနေတာလို့ စစ်ရေးသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

“ပြည်သူ့စစ်ဆိုတာက လူမျိုးကို ကိုယ်စားမပြုသလို လူမျိုးစုရဲ့ အမျိုးသားတပ်ဖွဲ့လည်းမဟုတ်ပါဘူး၊ ပြည်သူ့စစ်ဆိုတာဟာ စစ်ကောင်စီရဲ့လက်အောက်ခံတပ်ဖွဲ့ စစ်ကောင်စီပေးတာယူ ကျွေးတာစားပြီး ခိုင်းတာလုပ်ရတဲ့ ကျွန်တပ်ဖွဲ့သာဖြစ်ပါတယ်၊ဒါကြောင့်လည်း စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်ဟာ စစ်ကောင်စီအလိုကျ ပအိုဝ်းပြည်သူကို ညှဥ်းပန်းနှိပ်စက်နေတာဖြစ်ပါတယ်”လို့ PNLO က စစ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်းရိန်းယံက ပြောပါတယ်။

လက်ရှိမှာ PNO တွေ ဟာ အင်အားရာချီနဲ့ စစ်ကောင်စီတပ် အနည်းအကျဥ်းပါဝင်ပြီး ပင်လောင်း ဖယ်ခုံအစပ်က လဲလောင်း၊ နောင်ဝိုး၊ ဗန်းမောက်၊ ပင်စုံဘက်တွေကို စစ်ကောင်စီရဲ့ လေကြောင်း၊ အမြောက်ပစ်ကူတွေနဲ့ စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now