မဲခေါင်၊ အောက်တိုဘာ ၂၂
တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ဒေသဖြစ်တဲ့ နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာကို စစ်ကောင်စီတပ်က လေယောဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ကြီးအဖွားအိုတစ်ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ဒီနေ့အောက်တိုဘာ ၂၂ ရက်နေ့မနက် အစောပိုင်း ၁ နာရီခွဲ့အချိန်မှာ စစ်ကောင်စီတပ်က လူအိပ်နေချိန်မှာ ပေါင်(၅၀၀) ဗုံးတစ်လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးပြောပါတယ်။
“ ဟိုမိန်းမှာလိုင်းတွေ အကုန်ပိတ်လိုက်ပြီး အိမ်ရှင်အဖွားတစ်ဦးနဲ့ တခြား ၄ ဦး သေသွားတယ် ၄ ယောက်က ဒဏ်ရာရတယ်။ အိမ်တွေလည်း ပျက်ဆီးကုန်သွားတယ်။ ပေါင် ၅၀၀ အားကအရမ်းပြင်းထန်နေတယ်။ ဘေးအိမ်တစ်ချို့လဲ ပျက်စီးမှုရှိတယ်။ လူတွေက ညဘက်ရောက်နေရင် အိပ်ကိုမအိပ်ရဲကြတော့ဘူး။ လေယာဉ်လာတာနဲ့ ရှောင်ပုန်းနေရတယ်” လို့ ပြောပါတယ်။
နမ့်ဆန်မြို့နယ်ဟာ တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်ပြီး မနေ့အောက်တိုဘာ ၂၁ ရက်နေ့မနက် ၈ နာရီခွဲ အချိန်မှာ နမ့်ဆန်မြို့နယ်က စစ်ရေးလှုပ်ရှားမှုမရှိတဲ့ ကျောက်ဖြူကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဒီနေ့အောက်တိုဘာ ၂၁ ရက် တစ်ရက်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့က TNLA နဲ့ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့၊ နောင်ချို၊ နမ့်ဆန်၊ လောက်ကိုင်မြို့တွေကို လေယာဉ်နဲဗုံးကြဲတာကြောင့် ပြည်သူသေဆုံးမှုတွေရှိပြီး နေအိမ်များနဲ့အဆောက်အဦးတွေလည်း ပျက်စီးမှုတွေရှိခဲ့ပါတယ်။
MK -011











