မဲခေါင်၊ အောက်တိုဘာ ၁၅
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ မနေ့ အောက်တိုဘာ ၁၄ ရက်နေ့တစ်ရက်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းနဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
မနေ့မနက်အစောပိုင်း ၁၂ နာရီကျော်က လားရှိုး-နမ္မတူကြားရှိ လားရှိုးမြို့အထွက်က အီနိုင်းကျေးရွာထဲကို ပေါင် ၅၀၀ ဗုံးနဲ့ ၇လုံးကြဲချမှုကြောင့် ဒေသခံပြည်သူ ၃ဦးသေဆုံပြီး ကလေးတစ်ဦးအပါအဝင် ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ညနေ ၆ နာရီခွဲမှာ လားရှိုး-သီပေါကြားက လားရှိုးမြို့အပြင် နားအခေါ်ကားကွင်းအနီးမှာ လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်ရတာကြောင့် ဆိုင်ကယ်မောင်းနေတဲ့ ဒေသခံပြည်သူ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ရေးနဲ့လုံးဝ မသက်ဆိုင်တဲ့ လူနေအိမ်၊ စာသင်ကျောင်း၊ စျေးနဲ့ ဘာသာရေးအဆောက်အဦးတွေကို လေကြောင်းနဲ့တိုက်ခိုက်နေပြီး လားရှိုးမြို့ အနီးတဝိုက်ကိုလည်း စစ်ကောင်စီက ဗုံးအကြိမ် ၂၀ ထက်မနည်း ကြဲချမှုတွေပြုလုပ်ခဲ့ပါတယ်။
လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA တပ်ဖွဲ့က ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ကလည်း နေ့စဉ်လေကြောင်းနဲ့ဗုံးကြဲမှုတွေပြုလုပ်တာကြောင့် အရပ်သားပြည်သူများသေဆုံးပြီး နေအိမ်အများအပြား ပျက်ဆီးဆုံးရှုံးခဲ့ပါတယ်။
MK-011











