မဲခေါင်၊ စက်တင်ဘာ ၁၁
ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ (၁၀၀၆တပ်ရင်း) စစ်သင်တန်းအပါတ်စဥ် (၃) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဖယ်ခုံ (၁၀၀၆) တပ်ရင်းကို အာဏာရှင်စနစ်အမြစ်ဖြတ်ရေးအတွက် ခိုင်မာသော တော်လှန်ရေးခံယူချက်နဲ့ ဝင်ရောက်လာတဲ့ ဖယ်ခုံမြို့နယ်မှ အရွယ်ရောက်ပြီး လူငယ်လူရွယ်အင်အားသစ် (၅၆) ဦး သင်တန်းဆင်းခဲ့တာလို့ သိရပါတယ်။
အပါတ်စဥ် (၃) သင်တန်းဆင်းပွဲကို ကြွရောက်ချီးမြှင့်ပေးခဲ့တဲ့ မဟာမိတ်တပ်ရင်းများကိုလဲ ကျေးဇူးတင်ရှိပါကြောင်း ဖယ်ခုံ ၁၀၀၆ တပ်ရင်းက ထုတ်ပြန်ပါတယ်။
ပြည်သူ့အရေးတော်ပုံအောင်နိုင်ရေးအတွက် ရဲဘော်ရဲဘက်များက အသက်ပေး တော်လှန်တိုက်ခိုက်သွားမယ်လို့ ကတိသစ္စာပြုခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။




















