စစ်ရေးသတင်း

သီပေါမှာ TNLA က အရေးပေါ်ကာလ အခြေအနေ ကြေငြာထား

မဲခေါင် 24 Aug - 2024
ရှမ်းမြောက်၊ သီပေါမြို့ကို TNLA က အရေးပေါ်ကာလ အခြေအနေမှာ လိုက်နာရမယ့် စည်းကမ်းတွေ ထုတ်ပြန်ခဲ့တာမှာ ညမထွက်ရ အမိန့်ပါရှိပါတယ်။

မဲခေါင်၊ သြဂုတ် ၂၄

ရှမ်းမြောက်၊ သီပေါမြို့ကို TNLA က အရေးပေါ်ကာလ အခြေအနေမှာ လိုက်နာရမယ့် စည်းကမ်းတွေ ထုတ်ပြန်ခဲ့တာမှာ ညမထွက်ရ အမိန့်ပါရှိပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့စွဲပါ နမ့်ဆန်ခရိုင်၊ သီပေါ ထွေ/အုပ်ဌာနအနေနဲ့ TNLA က ထုတ်ပြန်တဲ့စာမှာ အချက် ၈ ချက် ပါရှိပြီး ယင်းစည်းကမ်းတွေကို မလိုက်နာပါက ထိရောက်စွာ အရေးယူမယ်လို့ ပါရှိပါတယ်။

လိုက်နာရမယ့် အချက်တွေကတော့ ည ၇ နာရီကနေ မနက် ၅ နာရီအထိ နေအိမ်ဝန်းအတွင်းက အပြင်မထွက်ရ၊ အိမ်ရှင်မသိဘဲ နေအိမ်အတွင်း မဝင်ရ၊ အစိုးရဌာနပိုင်ရုံးတွေထဲနဲ့ အများပြည်သူဆိုင်ရာနေရာတွေကို မဝင်ရ၊ ကိုယ်ပိုင်ပစ္စည်းမဟုတ်ဘဲ ယူဆောင်သိမ်းဆည်းထားတာ မလုပ်ရ၊ စစ်အသုံးအဆောင်ပစ္စည်းလက်နက်ခဲယမ်းတွေ လက်ဝယ်ကိုင်ဆောင်သိမ်းဆည်းထားတာတွေ မလုပ်ရ၊ အရေးပေါ်ကိစ္စအတွက် ရပ်ကွက်အုပ်/မှူးက တဆင့် တာဝန်ရှိသူတွေထံ အကူအညီတောင်းခံသွားရန်၊ ဒုစရိုက်ရာဇဝတ်မှုတွေ မကျူးလွန်ရနဲ့ စားသောက်ကုန်တွေ စျေးနှုန်းအဆမတန်စျေးမြှင့် ရောင်းချတာ မလုပ်ရတို့ အချက်တွေဖြစ်ကြောင်း ပါရှိပါတယ်။

“သူခိုးနဲ့ ဆေးသမားတွေတော့ ရဲစခန်းအချုပ်ထဲမှာ ၂၀ လောက်တွေ့တယ်၊ တုံစင့် ဘိုးဘိုးကြီးနန်းအောက်ဘက် သွားလို့မရဘူး၊ ဇတ်စုဘက်လည်း မရဘူး၊ မြို့ထဲတော့ အထိအခိုက်နည်းပါတယ်၊ မြို့ပေါ်မှာ လက်ရှိ လူဦးရေ ၁ သောင်းလောက်ရှိနိုင်တယ်၊ Mytel ပြန်ရပေမယ့် ခေါ်ရခက်တယ်၊ ကျန်လိုင်းတွေတော့မရသေးဘူး မနေ့ကတော့ လက်နက်ကြီးသံ ၃ချက်လောက်ကြားပြီး လေယာဉ် တစ်ခါဝဲတယ်၊ မနက်ဖန်ကစပြီး ၃ ရက်အတွင်း တပ်တွေကို သိမ်းမယ်ကြားလို့ လူထုတွေ သတိထားနေကြတယ်၊ တိုက်ပွဲ အရမ်းပြင်းနိုင်တယ်၊ အဓိက လေယာဉ်ဗုံးကြဲတာပဲ”လို့ ယနေ့သြဂုတ်လ၂၄ ရက် မနက် ၈နာရီမှာ သီပေါမြို့ ပန်းတိမ်တောင်ရပ်နေသူ တစ်ဦးထံ မဲခေါင်သတင်းဌာနက ဆက်သွယ်မေးမြန်းတာကို ဖြေကြားလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီ လော်ဘီသတင်း ၁ခုမှာတော့ ရဲစခန်း၊ ဆေးရုံက သားဖွားဆောင်၊ ဘုရားကြီးဘေးက အမှတ်-၃ ကျောင်း၊ လမ်းဆုံ BOCဆိုင်ဘေး နန်းဒေဝီစားသောက်ဆိုင်၊ ရဲရင့်ဝါခန်းမ တွေမှာ TNLA နဲ့ PDF တွေ ရှိနေပြိး သီပေါက တပ် ၃ တပ်ကို လာမယ့် သြဂုတ်လ ၂၅/၂၆/၂၇(၃)ရက်အတွင်း အပြတ်တိုက်မယ်လို့ ရေးသားလာတာတွေ့ရပါတယ်။

လက်ရှိမှာ TNLA,PDF မဟာမိတ်တပ်တွေဟာ သီပေါ ခလရ-၂၃ ကို သြဂုတ်လ ၁၀ ရက်က တိုက်နေပေမယ့် တိုက်စစ်အရှိန်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်ကစပြီး လျော့ထားတာဖြစ်သလို စစ်ကောင်စီတပ်ဘက်မှာ လက်နက်ကြီးကျည်၊ ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ နည်းပါးလာနေလို့ လေကြောင်းကနေ ချပေးနေတယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now