စစ်ရေးသတင်း

ရည်မှန်းထားတဲ့ စစ်ရေးပစ်မှတ်ရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို ဖော်ဆောင်ထားနိုင်ပြီလို့ မန္တလေး PDF ဆို

မဲခေါင် 13 Aug - 2024
မန္တလေး PDF အနေနဲ့ ရည်မှန်းထားတဲ့ စစ်ရေးပစ်မှတ်ရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို ဖော်ဆောင်ထားနိုင်ပြီလို့ မနေ့သြဂုတ် ၁၂ ရက်နေ့မှာ အတူပူးပေါင်းတော်လှန်ကြတဲ့ မိတ်ဖက်အဖွဲ့အစည်းများကို ကျေးဇူးတင်ဂုဏ်ပြုကြောင်းနဲ့အတူ ထုတ်ပြန်လာပါတယ်။

မဲခေါင်၊ သြဂုတ် ၁၃

မန္တလေး PDF အနေနဲ့ ရည်မှန်းထားတဲ့ စစ်ရေးပစ်မှတ်ရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို ဖော်ဆောင်ထားနိုင်ပြီလို့ မနေ့သြဂုတ် ၁၂ ရက်နေ့မှာ အတူပူးပေါင်းတော်လှန်ကြတဲ့ မိတ်ဖက်အဖွဲ့အစည်းများကို ကျေးဇူးတင်ဂုဏ်ပြုကြောင်းနဲ့အတူ ထုတ်ပြန်လာပါတယ်။

လက်ရှိမှာ MDY PDF အနေနဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းက စစ်ကောင်စီစခန်း ၉ ခုကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ထားပြီး စဉ့်ကူးမြို့ကို အပြီးသတ်သိမ်းယူခဲ့ကာ မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်အတွင်းက စစ်စခန်း တချို့ ၊ မိုးကုတ်၊ မိုးမိတ်မြို့နယ်တွေကို သိမ်းပိုက်ထားနိုင်ပြီပဲ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနဲ့ ရှမ်း-မန်းစစ်ဆင်ရေးတို့မှာ စစ်ဆင်ရေး အောင်မြင်စွာ ဖော်ဆောင်နိုင်တာဟာ ပူးပေါင်းဆောင်ရွက်နေတဲ့ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပြီး ဟန်ချက်ညီညီ တိုက်ပွဲဝင်နေတာကြောင့်ဖြစ်တယ်လို့ MDY PDF က ဆိုပါတယ်။

ကျောက်ဆည်ခရိုင်တပ်ရင်း (၁)၊ ကျောက်ဆည်ခရိုင်တပ်ရင်း (၂)၊ မြင်းခြံခရိုင်တပ်ရင်း (၄)၊ မတ္တရာမျိုးမှန်တပ်ဖွဲ့၊ ညောင်ဦးခရိုင်တပ်ရင်း (၃)၊ ရွှေဘိုခရိုင်တပ်ရင်း (၇)၊ ရွှေဘိုခရိုင်တပ်ရင်း (၈)၊ ရွှေဘိုခရိုင်တပ်ရင်း (၁၀)၊ ရွှေဘိုခရိုင်တပ်ရင်း (၁၄)၊ ရွှေဘိုခရိုင်တပ်ရင်း (၁၅)၊ ရွှေဘိုခရိုင်တပ်ရင်း (၁၆)၊ ရွှေဘိုခရိုင်တပ်ရင်း (၁၈)၊ ရွှေဘိုခရိုင်တပ်ရင်း (၂၃)၊ ရွှေဘိုခရိုင်တပ်ရင်း (၂၅)၊ ရွှေဘိုခရိုင်တပ်ရင်း (၂၆)၊ ရေစကြို ဒေါင်းညီနောင်တပ်ဖွဲ့၊ ဝက်လက်‌ ဒေါင်းနီတပ်ဖွဲ့၊ စဥ့်ကိုင် တော်လှန်ရေးတပ်ဖွဲ့၊ တလုပ် PDF တပ်ဖွဲ့၊ National Liberation Army (NLA) တမူး တို့ဟာ မိတ်ဖက်အဖွဲ့တွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မန္တလေး PDF အနေနဲ့ မိုးကုတ်နဲ့ စဥ့်ကူးမြို့နယ် အပါအဝင် နယ်မြေအများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တဲ့အကြောင်းနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်တဲ့အထိ ဆက်လက်လက်တွဲ ဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့လည်း ဆိုပါတယ်။

မန္တလေး PDF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာ တည်ရှိပြီး ဖက်ဒရယ် ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းဖို့အတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။

MK-015

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now