စစ်ရေးသတင်း

သီပေါမြို့မှာ စစ်ကောင်စီတပ်တွေ လက်နက်မချလို့ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ

မဲခေါင် 11 Aug - 2024
မဲခေါင်၊ သြဂုတ် ၁၁ ရှမ်းမြောက်၊ သီပေါမြို့ကို TNLA၊ PDF မဟာမိတ်တွေ မနေ့က မြို့သိမ်းတိုက်ပွဲဆင်နွှဲရာမှာ မြို့ပေါ်နဲ့ ထောင်တို့ကို ရရှိပြီးနောက် စစ်ကောင်စီတပ်ရင်းတွေနေရာကို ဝိုင်းပတ်ထားကာ လက်နက်ချဖို့ ညှိနှိုင်းမရလို့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ လူမှုကွန်ရက်တွေအရ သိရပါတယ်။ မနေ့သြဂုတ်လ ၁၀ ရက် ညပိုင်းမှာ သီပေါထောင်က နိုင်ငံရေးအကျဉ်းသားတွေကို TNLA က ကယ်တင်ခဲ့ပြီး လုံခြုံတဲ့နေရာရောက်သွားပြီလို့ ဆိုပါတယ်။ ထောင်နဲ့ ရဲစခန်းအပါအဝင် မြို့အားလုံးနီးပါးကို သိမ်းထားနိုင်ပြီး စစ်ကောင်စီရဲ့ပင်မ တပ်စခန်းပဲ ကျန်ရှိနေတယ်လို့ဖော်ပြကာ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ပုံကို တင်လာတာတွေ့ရပါတယ်။ မနေ့ည ၁၁ နာရီအထိ လေယာဉ်ဝဲတယ်လို့ဆိုပေမယ့် မြို့အထိအခိုက်မရှိဘူးလို့ ရေးသားသူ ရှိသလို

မဲခေါင်၊ သြဂုတ် ၁၁

ရှမ်းမြောက်၊ သီပေါမြို့ကို TNLA၊ PDF မဟာမိတ်တွေ မနေ့က မြို့သိမ်းတိုက်ပွဲဆင်နွှဲရာမှာ မြို့ပေါ်နဲ့ ထောင်တို့ကို ရရှိပြီးနောက် စစ်ကောင်စီတပ်ရင်းတွေနေရာကို ဝိုင်းပတ်ထားကာ လက်နက်ချဖို့ ညှိနှိုင်းမရလို့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ လူမှုကွန်ရက်တွေအရ သိရပါတယ်။

မနေ့သြဂုတ်လ ၁၀ ရက် ညပိုင်းမှာ သီပေါထောင်က နိုင်ငံရေးအကျဉ်းသားတွေကို TNLA က ကယ်တင်ခဲ့ပြီး လုံခြုံတဲ့နေရာရောက်သွားပြီလို့ ဆိုပါတယ်။

ထောင်နဲ့ ရဲစခန်းအပါအဝင် မြို့အားလုံးနီးပါးကို သိမ်းထားနိုင်ပြီး စစ်ကောင်စီရဲ့ပင်မ တပ်စခန်းပဲ ကျန်ရှိနေတယ်လို့ဖော်ပြကာ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ပုံကို တင်လာတာတွေ့ရပါတယ်။

မနေ့ည ၁၁ နာရီအထိ လေယာဉ်ဝဲတယ်လို့ဆိုပေမယ့် မြို့အထိအခိုက်မရှိဘူးလို့ ရေးသားသူ ရှိသလို ညှိနှိုင်းမှုအဆင်မပြေလို့ မြို့မြောက်ခြမ်း နမ့်ပေါ့ချောင်းတစ်ဘက်ခြမ်း တုံစင့် နဲ့ ဇတ်စုဘက်မှာ လက်နက်ကြီးကျလို့ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့ ရေးသားလာတာရှိပေမယ့် မဲခေါင်သတင်းဌာနအနေနဲ့ အတည်ပြုလို့ မရသေးပါဘူး။

လက်ရှိသီပေါ ယနေ့ သြဂုတ်လ ၁၁ ရက် မနက်ပိုင်း ၉ နာရီအထိ တိုက်ပွဲဖြစ်သံမကြားပဲ မြို့ထံကျန်မိသားစုဝင်တွေကို စိုးရိမ်ပူပန်လို့ သတင်းမေးတာတွေ တွေ့နေရပြီး အခြားဘယ်ဆက်သွယ်ရေးကဒ်မှ ခေါ်မရဘဲ ဆက်လို့ရတယ်ဆိုတဲ့ CDMA 47/49/73 ဖုန်းတွေသာ ဆက်သွယ်လို့ရနေတာပါ။

TNLA နဲ့ PDF တပ်ဖွဲ့တွေဟာ သီပေါမြို့ကို မနေ့ သြဂုတ်လ ၁၀ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြို့နဲ့လူထု မနာစေရေးအတွက် သီပေါက စစ်ကောင်စီတပ် ခလရ-၂၃၊ ခမရ-၅၀၃၊ ၅၀၄ တို့ကို ၀ိုင်းပတ်ထားကာ လက်နက်ချခိုင်းနေတာဖြစ်ပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now