မဲခေါင် ၊ ဇူလိုင် ၃၁
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၇ ခုကိုထပ်မံသိမ်းပိုက်ပြီးနောက် သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီစခန်း ၃၅ ခုထိရှိလာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF ကသတင်းထုတ်ပြန်ပါတယ်။
မတ္တရာမြို့နယ်အတွင်းက ငါးလုံးပြွန်ကျေးရွာတပ်စခန်း၊ တောင်ကန်ကျေးရွာတပ်စခန်း၊ အောင်သပြေကျေးရွာတပ်စခန်း၊ အောင်သပြေကားကွင်းတပ်စခန်း၊ မြို့ကုန်းရွာတပ်စခန်း၊ ထန်းပင်ကုန်းရွာတပ်စခန်းနဲ့ ဘိုကုန်းရွာတပ်စခန်းတွေကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာလို့သိရပါတယ်။


MDY-PDF က မတ္တရာမြို့နယ်အတွင်းက သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ပြောပါတယ်။
မတ္တရာမြို့အတွင်းရှိ ကျောက်တံတားကျေးရွာနဲ့ မြကန်သာကျေးရွာတွေမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) အနေနဲ့ ၂၀၂၄ ၊ ဇူလိုင် ၁၇ ရက်က စဥ့်ကူးမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီး မန္တလေးတိုင်းအတွင်းပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တမြို့ဖြစ်ခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) က TNLAနဲ့ ပူးပေါင်းပြီး မိုးကုတ်မြို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
CJ – 015











