မဲခေါင်၊ ဇူလိုင် ၁၇
ရှမ်းတောင်၊ ပင်လောင်းကနေ ဖယ်ခုံမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းက PNA ၇ ဦးကို ဆောင်းပြောင်းကျေးရွာဘက်တွင် လက်ရဖမ်းမိတာလို့ တော်လှန်ရေးသတင်းရင်းမြစ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
စစ်ကောင်စီအင်အား ၅၀၀ ကျော်ခန့်နဲ့အတူ စစ်ကြောင်းထိုးလာတဲ့ PNAထဲက ဆောင်းပြောင်းရွာအနီး အရှေ့ဘက် ၅ မိုင်အကွာက နမ့်ဖာမူရွာမှာ ဇူလိုင်လ ၁၆ ရက်က ၄ ဦးနဲ့ လွိုင်ကော်မြို့တွင်းမှာ ဇူလိုင်လ ၁၄ ရက်နေ့ ၃ ဦးကို KNDFနဲ့တပ်ပေါင်းစုကဖမ်းမိခဲ့တာပါ။
ဆောင်းပြောင်းတိုက်ပွဲမှာ PNA က ဗိုလ်ကြီးအဆင့် ရှိသူ ၁ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁ရက်က PNA ဗိုလ်ကြီးခွန်မောင်မွေး သေဆုံးပြီးနောက် ယခု ဗိုလ်ကြီး ၁ ဦးထပ်မံသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့ထဲ ကားနဲ့ဝင်လာလို့ ဖမ်းမိတဲ့ PNA အဖွဲ့ဝင်တွေကတော့ တပ်စိတ်မှူး အဆင့်ရှိတဲ့ ခွန်လှဆွေနဲ့ တပ်သားတွေဖြစ်တဲ့ ခွန်အောင်ပေါနဲ့ ခွန်လှသန်းတို့ ဖြစ်တယ်လို့သိရပါတယ်။
နမ့်ဖါမူရွာအနီးမှာ ဖမ်းမိတဲ့ ၄ ဦးကိုတော့ တပ်ပေါင်းစုက ဖမ်းမိပြီး သတင်းထုတ်ပြန်ခြင်းမရှိသေးတဲ့အတွက် အသေးစိတ်အချက်အလက်တွေ မသိရှိသေးပါဘူး။ ဖမ်းဆီးခံရတဲ့ PNA သုံပန်းတွေပြောကြားချက်အရ PNO အများအပြားကို ရှမ်းမြောက်စစ်မြေပြင်ကို အပို့ခံနေရတယ်လို့ သိရပါတယ်။
KNDF ဦးဆောင်ပြီး ရှမ်းတောင်PDF တပ်ရင်းတွေပါဝင်တဲ့ တပ်ပေါင်းစုဟာ ပင်လောင်းကနေ ဖယ်ခုံဘက် စစ်ကြောင်းထိုးလာပြီး လွိုင်ကော်ဘက်ကို ဦးတည်နေတဲ့ စစ်ကောင်စီနဲ့PNA တွေကို ပျောက်ကျားနည်းနဲ့ တိုက်ခိုက်နေတာဖြစ်လို့ စစ်ကောင်စီစစ်ကြောင်းဟာ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေတာဖြစ်ပါတယ်။
ဖယ်ခုံ၊ ဆောင်းပြောင်း၊ နမ့်ဖာမူ တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူ ၁ သောင်းကျော်ဟာ ၀ါးလီး၊ ပင်ခွန်၊ ဆောင်ခါ၊ ၀ါးပြုံး၊ နန်းထာ၊ တီဗီရွာတွေဘက်မှာ ခိုလှုံနေရပြီး မိုးရာသီ ဝမ်းသွားမှုနဲ့ အဖျားရောဂါတွေ၊ ဆေးဝါးတွေ၊ စားရေရိက္ခာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
MK-012









