မဲခေါင်၊ ဇူလိုင် ၅
ရှမ်းမြောက် နောင်ချိုမြို့၊ စစ်ကောင်စီ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းကို တအာင်အမျိုးသားတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ပြီး မနေ့ ဇူလိုင် ၄ရက်နေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က အဆိပ်ငွေ့ဗုံး ၃ လုံးတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီ အဆိပ်ငွေနဲ့တိုက်ခိုက်မှုကြောင့် တအာင်တပ်သား ၈ ဦးဟာ အဆိပ်ငွေ့ရှူမိပြီး အသက်ရှူမြန်တာ စိတ်လှုပ်ရှားမှုမြန်ခြင်း အောက်စီဂျင်ကျခြင်းတွေ ခံစားရတယ်လို့ TNLA သတင်းမှာဖော်ပြထားပါတယ်။

ဇူလိုင် ၁ရက်နေ့မှာ နောင်ချိုက ဒုံးတပ် ၆၀၆ တပ်စခန်းကို TNLA၊ DPLA၊ MDY-PDF တပ်ဖွဲ့တို့ပူပေါင်းတိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေပါတယ်။
စစ်ကောင်စီ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းဟာ ပြီးခဲတဲ့ ဇူလိုင် ၁ရက်နေ့မှာ အဆိပ်ငွေ့ တစ်လုံးနဲ့ ဇူလိုင် ၄ရက်နေ့မှာ ၃ လုံးတိုက်ခိုက်အသုံးပြုခဲ့ပါတယ်။
MK 011








