မဲခေါင်၊ ဇွန် ၂၈
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်း အပါအဝင် ဌာနဆိုင်ရာရုံးအားလုံးကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)က မနေ့ ဇွန် ၂၇ က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြို့မရဲစခန်းကို TNLA တပ်ဖွဲ့ဝင်တွေ လှည့်လည်စစ်ဆေးရာမှာတော့ လိုင်စင်မဲ့ကား ၂ စီးနဲ့ မူးယစ်ဆေးဝါး(ယဘ) အပြားရေ သောင်းချီ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။


၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၄ ရက်မြို့နေ့အထိ နောင်ချိုမြို့မှာ စစ်ကောင်စီရဲ့ ခမရ ၁၁၅ စခန်း၊ ကျောက်ကြမ်းတပ်မ ၃၃ စခန်း၊ အုမ္မတီးစခန်း၊ ခဲမွန်စခန်း၊ ကံ့ကော်စခန်း၊ ၆၀၆ စခန်း၊ တပ်ရင်း ၁၁၄ တို့ကို TNLA က သိမ်းပိုက်ထားနိုင်ပြီးလို့ မြေပြင်သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။
လက်ရှိမှာတော့ TNLA က နောင်ချိုမြို့ရဲ့ ၉၀ ရာခိုင်နှုန်းကျော်အထိ ထိန်းချုပ်ထားပြီး မြို့တွင်း လုံခြုံရေးအတွက် လှည့်လည်စစ်ဆေးတာ၊ ကင်းလှည့်တာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
MK-014









