စစ်ရေးသတင်း

1027 စစ်ဆင်ရေးအပြီး စစ်မှုထမ်းဝင်ရောက်လာသူများပြားပြီး သူတို့သဘောဆန္ဒအရသာဖြစ်တယ်လို့ TNLAဆို

မဲခေါင် 23 May - 2024
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ 1027 စစ်ဆင်ရေးအပြီးမှာ စစ်မှုထမ်းဆောင်ဖို့ တအာင်းလူငယ်တွေက သူတို့ရဲ့သဘောဆန္ဒနဲ့လာရောက်ပူးပေါင်းကြတာဖြစ်တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။

မဲခေါင် မေ ၂၃

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ 1027 စစ်ဆင်ရေးအပြီးမှာ စစ်မှုထမ်းဆောင်ဖို့ တအာင်းလူငယ်တွေက သူတို့ရဲ့သဘောဆန္ဒနဲ့လာရောက်ပူးပေါင်းကြတာဖြစ်တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။

ယမန်နေ့က ကွတ်ခိုင်မြို့မှာ TNLA အခြေခံစစ်သင်တန်း အပတ်စဥ် ၆၅က သင်တန်းသား ၁၀၀၀ နီးပါးရဲ့ စစ်ရေးပြလှုပ်ရှားနေမှုကို လူမှုကွန်ရက်မှာတွေ့ခဲ့ရပြီးတော့ အဆိုပါသင်တန်းသားတွေက သူတို့ရဲ့သဘောဆန္ဒနဲ့တပ်ဖွဲ့ကိုဝင်ခဲ့တာဖြစ်ပြီးတော့ တအာင်းလူမျိုးတွေသာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိတဲ့ လွဲ့ယေဦးကပြောပါတယ်။

“1027 စစ်ဆင်ရေးအပြီးမှာ မိမိတို့သဘောဆန္ဒနဲ့ပူးပေါင်းကျတဲ့သူတွေများပါတယ်။ သင်တန်းသားတွေက ဒီဒေသတွင်းက အစုံကလူငယ်တွေပူးပေါင်းကျပါတယ်။ အရေအတွက် အတိအကျတော့ မသိနိုင်သေးပါဘူး။ လူထုဆန္ဒကသာအရေးကြီးပါတယ်” လို့ဆိုပါတယ်။

သင်တန်းသားတွေထဲက သူတို့ကျွမ်းကျင်မှုနဲ့ဝါသနာ အပေါ်ကိုလိုက်ပြီး TNLAနယ်မြေထဲမှာရှိတဲ့ ကဏ္ဍအလိုက်တာဝန်ခွဲဝေပေးမယ်လို့ဆိုပါတယ်။ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေထုတ်ပြန်ခဲ့ပြီးတဲ့နောက် တပ်ဖွဲ့ထဲဝင်ရောက်မှုတိုးတက်လာတယ်လို့ပြောပါတယ်။

“တော်လှန်ရေးအဖွဲ့တွေနဲ့ပူးပေါင်းမလား စကစနဲ့သွားမလားဆိုတာက လူထုဆန္ဒ ပါလို့” ပြောပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့နှင့် မိုင်းလုံ မြို့နယ် အပါအဝင် TNLA ထိန်းချုပ်ဒေသ အတွင်းက Non-CDM ဝန်ထမ်းတွေရဲ့ လုပ်ငန်းတာဝန် တွေကို ရပ်ဆိုင်းလိုက်ပြီလို့ မေလ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ အဆိုပါမြို့နယ်တွေမှာ PSLF/TNLA ရဲ့ အုပ်ချုပ်မှု ယန္တရားတွေပြန်လည်လည်ပတ်နေပြီဖြစ်ပါတယ်။

Non-CDM ဝန်ထမ်းတွေ စစ်ကောင်စီနဲ့ ဆက်လက် ပူးပေါင်းမယ်ဆိုရင် ဖမ်းဆီးအရေးယူသွားမယ်လို့ TNLA က ဆိုထားပေမယ့် အရေးယူမှုတစုံတရာကို ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ TNLA အနေနဲ့ညီနောင်မဟာမိတ်တွေနဲ့ နယ်မြေအငြင်းပွားမှုနဲ့ ပတ်သတ်လို့ ပြဿနာတစုံတရာမရှိပဲ တွေ့ဆုံဆွေးနွေးခြင်းနဲ့သာအဖြေရှာမယ်လို့ ဆိုပါတယ်။

CJ-015

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now