မဲခေါင်၊ မေ ၁၈
တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။
မတ်လ ၁၆ရက်နဲ့ ၁၇ရက်တွေမှာ ပြုလုပ်တဲ့ အဲဒီဆွေးနွေးပွဲမှာ စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ဖြစ်တာ AA, MNDAA နဲ့ TNLA တို့ရဲ့ တပ်တွေပြန်ဆုတ်ဖို့ တောင်းဆိုခဲ့သလို့ မူဆယ်လမ်းကြောင်းပြန်ဖွင့်ပေးဖို့လည်း တဖက်သတ်တောင်းဆိုခဲ့တယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
“ဟိုက်ဂင်ဆွေးနွေးပွဲက ပျက်တယ်။ မြန်မာစစ်တပ်က ဟိုတခေါက်လိုပဲ မဖြစ်နိုင်တာတွေတောင်းတယ်။ တပ်တွေ(ညီနောင်၃ဖွဲ့တပ်)တွေ ပြန်ဆုတ်ဖို့ တောင်းတယ်။ မူဆယ်လမ်းကြောင်းဖွင့်ခိုင်းတယ်” လို့ သူကပြောပါတယ်။
ကူမင်းမှာဆွေးနွေးတဲ့ အဲဒီဟိုင်ဂင်ဆွေးနွေးပွဲဟာ ၅ကြိမ်မြောက်ဖြစ်ပြီး မြန်မာစစ်တပ်ဘက်က တရုတ်အစိုးရကို အကူအညီတောင်းတာကြောင့် ဆွေးနွေးရတာဖြစ်တယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အနေနဲ့လည်း အနားပေးတဲ့အချိန်ကာလကို ကျော်လွန်ပြီးလို့ သတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ဟိုင်ဂင်ဆွေးနွေးပွဲ သဘောတူညီချက်မှာ လက်မှတ်ထိုးခဲ့ပေမယ့် စာချုပ်ပါအချက်အလက်တွေကို ဖောက်ဖျက်ပြီး ထိုးစစ်ဆင်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။
MK – 004








