မဲခေါင် ၃ မေ
ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။
ပအိုဝ့်ပြည်သူ့စစ် (PNO)နဲ့ တွေဟာ ဒေသခံရွာသားတွေကို ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)နဲ့ ဆက်သွယ်လို့မရအောင်ထားပြီး ရွာသားတွေကို ရွာပြင်မှာတွေ့ရင် ပစ်သတ်မယ်လို့ ချိန်းခြောက်မှုတွေရှိတယ်လို့သိရပါတယ်။
“ပန်အွန်းက ဦးလေးလင်မယားနှစ်ယောက်လုံး (၂၆)ရက်ကတည်းက ပြန်သွားတာ၊ သူတို့ပစ္စည်းလဲစျေးကောင်းရတယ် အချိန် (၂၀)ကျော်ရတယ်လို့ပြောတာဘဲ။ မနေ့ကမှ အဆက်အသွယ်ပြန်ရတာ၊ PNO တွေက ဘိန်းရောင်းရတဲ့ငွေတွေ ပစ္စည်းတွေပေးမှ သွားလာခွင့်ပြုမယ်တဲ့၊ ရွာထဲက အားလုံးလိုလိုကို ပြောတာ၊ ခုထိ မလွတ်လာသေးဘူး”လို့ ထမ်းယံရွာနေ မိသားစုဝင် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်းထဲက ဆီဆိုင်မြို့နယ်အတွင်းအပြင် မဲနယ်တောင်ကြောတွေကြား၊ ဟိုပုံး၊ ကျောက္ကချား၊ ဆီဆိုင်၊ ပင်လောင်းဘက်တွေမှာ တောင်သူတွေဟာ ဘိန်းကို အဓိကထားစိုက်ပျိုးနေကြတာဖြစ်ပါတယ်။
လက်ရှိ ဘိန်း (၁)ပိဿာပေါက်စျေးမှာ ကျပ် (၁၁)သိန်းခွဲ စျေးပေါက်နေပြီး စစ်အာဏာမသိမ်းမီက ကျပ်(၄)သိန်းနဲ့ စျေးအကောင်းဆုံး (၆) သိန်းလောက်သာရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း ကျပ်(၁၇)သိန်းခန့်အထိ စျေးရခဲ့ဘူူးတယ်လို့ လဲ သိရပါတယ်။
ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဟာ ၂၀၂၃ ခုနှစ်မှာ အာဖဂန်နစ္စတန်ကိုကျော်ပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အမြင့်မားဆုံးနိုင်ငံ ဖြစ်လာကြောင်း UNODC ရဲ့ စစ်တမ်း မှာ ဖော်ပြထားပြီး တစ်နိုင်ငံလုံးတွင် ရှမ်းပြည်နယ်က (၈၈%) အထိ အများဆုံးဖြစ်တယ်လို့စစ်တမ်းအရ သိရှိရပါတယ်။
MK-012








