စစ်ရေးသတင်း

ဆီဆိုင်မြို့ စစ်ဘေးရှောင်တွေ ရိက္ခာပြတ်လပ်လာတဲ့အတွက် အကူအညီတွေ လိုအပ်နေ

မဲခေါင် 8 Feb - 2024
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က စစ်ဘေးရှောင်တွေ ရက်ကြာလာတာနဲ့အမျှ စားရေရိက္ခာများ ပြတ်လာလာနေတဲ့အတွက် ကူညီထောက်ပံ့မှုတွေ အထူးလိုအပ်လာနေတယ်လို့ စစ်ဘေးရှောင်များထံက သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၈

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က စစ်ဘေးရှောင်တွေ ရက်ကြာလာတာနဲ့အမျှ စားရေရိက္ခာများ ပြတ်လာလာနေတဲ့အတွက် ကူညီထောက်ပံ့မှုတွေ အထူးလိုအပ်လာနေတယ်လို့ စစ်ဘေးရှောင်များထံက သိရပါတယ်။

ဆီဆိုင်မြို့တွင် တိုက်ပွဲတွေဖြစ်ပွားခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၈ ရက်ထိ ၂၃ ရက်ကြာမြင့်လာတဲ့ အချိန်တွင် စစ်ရှောင်တွေအနေနဲ့ စားရေ ရိက္ခာတွေ ပြတ်လတ်လာတဲ့အပြင် ဝင်ငွေလုပ်ငန်းတွေလဲ မရှိကြတာကြောင့် ပိုခက်ခဲလာကြတဲ့အတွက် ကူညီထောက်ပံ့မှုတွေ အထူးလိုအပ်လာနေတယ်လို့ သိရပါတယ်။

`အဓိက က စောင်တွေ လိုအပ်နေတာပါပဲ၊ လာလှူတွေလူတွေရှိပေမယ့် လူများတော့မလောက်လို့လေ၊ သက်ဆိုင်ရာကလည်း အမျိုးသမီးလိုအပ်ချက်တွေ လာပေးတာ ၂ ခါရှိပြီ၊ ဆရာတော်နဲ့ ကျန်းမာရေးကလည်း လာကြည့်နေကြပါတယ်၊ စားဖို့ကတော့ နဲနဲရှိတယ်ဆိုပေမယ့် ပြတ်တော့မယ်၊ အဓိကတော့ ဟင်းစားပါ၊ အခြားလိုအပ်တာတွေတော့ အများကြီးပေ့ါ” လို့ လွယ်ကောင်းအုပ်စု ကောင်တန်ရွာရောက် စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ကောင်တန်ရွာ မိုးကုတ်ဝိပဿနာကျောင်းတိုက်တွင် ဆီဆိုင်မြို့နယ် က စစ်ဘေးရှောင် ၃၀၀ ဝန်းကျင်ခန့် ခိုလှုံနေတယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့ပေါ် ၆ ရပ်ကွက်နဲ့ မြို့နယ်အတွင်းရွာများက စစ်ဘေးရှောင် ၆ သောင်းကျော်ရှိနေရာတွင် အဆင်ပြေနီးစပ်ရာ နေရာများသို့ခိုလုံနေရသဖြင့် အခက်အခဲများစွာ ရှိတယ်လို့ သိရပါတယ်။

အခြား စစ်ဘေးရှောင်နေရာတွင် ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်စာရင်းမှာ တောင်ကြီးမြို့ ကုန်းသာကျောင်း ၆၀၊ ဟမ်းဆီး ၂၅၀ ၊ ဟမ်းဖို့ ၂၀၀၊ ကျောင်းကြီးစု ၂၀ ၊ နောင်ကား၊ အောင်ပန်း၊ ညောင်းခံ၊ ကက္ကူအနီးရွာများတွင် ဦးရေ သောင်းချီဖြန့်ခွဲခိုလှုံနေကြသလို နမ့်ဆီးအုပ်စု၊ ဘုရားငါးဆူဘုန်းကြီးကျောင်း ၅၀၊ ကံကော်ဘုန်းကြီးကျောင်း ၃၀၊ ဗန်းကွန်ကျောင်း ၃၀ ၊ ကံတက်ကျောင်းတိုက် ၂၀၊ မြို့ဦးကျောင်း(ဟိုပုံး) ၆၀ တို့ စာရင်းကောက်ယူ ရရှိပါတယ်။

ဆီဆိုင်မြို့တစ်ဝိုက်တွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သဖြင့် စစ်ဘေးရှောင်ပြည်သူများ မြို့တွင်းဝင်ရောက်ခြင်းများ ပြန်လည်ပြုလုပ်ခြင်း မပြုလုပ်ကြရန် PNLA မေတ္တာရပ်ခံထားပါတယ်။

MK-012

#MeKongNews

#ဆီဆိုင်

#စစ်ရှောင်

#ကူညီ

#လိုအပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now