စစ်ရေးသတင်း

ကိုးကန့် တိုက်ပွဲအတွင်း စစ်ကောင်စီ ခမရ (၅၇၉) တပ်ရင်းမှူး သေဆုံးပြီး ခမရ (၆၉) တပ်ရင်းမှူးကို MNDAA ဖမ်းမိ

မဲခေါင် 29 Nov - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသ တိုက်ပွဲအတွင်း ခမရ (၅၇၉) တပ်ရင်းမှူး သေဆုံးပြီး စကခ (၁၆) လက်အောက်ခံ ခမရ (၆၉) တပ်ရင်းမှူးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒီနေ့ နိုဝင်ဘာ ၂၉ ရက်မနက်မှာ ကိုးကန့် မီဒီယာက ထုတ်ပြန်ပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသ တိုက်ပွဲအတွင်း ခမရ (၅၇၉) တပ်ရင်းမှူး သေဆုံးပြီး စကခ (၁၆) လက်အောက်ခံ ခမရ (၆၉) တပ်ရင်းမှူးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒီနေ့ နိုဝင်ဘာ ၂၉ ရက်မနက်မှာ ကိုးကန့် မီဒီယာက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့မှာ ရှီးရှမ်းဒေသ တာရွှေထန်အုပ်စု၊ ရှောက်ပတ်အိုင်ကို ထွက်ပြေးလာတဲ့ ခမရ (၆၉) တပ်ရင်းမှူးကို MNDAA က ဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့ တစ်ရက်တည်းမှာ MNDAA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေဟာ ကျောက်မဲနဲ့ လားရှိုးကြားက ခုတန်စေတီ High Point ကို သိမ်းပိုက်ခဲ့ပြီး ကိုးကန့်ဒေသ ကုန်းကြမ်း တပ်စခန်း တစ်ခုနဲ့ ကျောက်မဲ စစ်ဆေးရေးဂိတ်တွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီနေ့ ညနေ ၃ နာရီဝန်းကျင်မှာ MNDAA နဲ့ TNLA ပူးပေါင်းတပ်ဟာ စစ်ကောင်စီ အခြေချတဲ့ ကျောက်မဲ စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ပစ်ခတ်ပြီး ခြေလျင်တပ်နဲ့ ထိုးစစ်ဆင်ရာ ညနေ ၅ နာရီခွဲမှာ စစ်ဆေးရေးဂိတ်ကို သိမ်းနိုင်ခဲ့ပြီး စစ်တပ်ဘက်က ခမရ (၅၇၉) တပ်ရင်းမှူးကို ပစ်သတ် ချေမှုန်း နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ညနေ ၄ နာရီဝန်းကျင်မှာ MNDAA နဲ့ ကိုးကန့် လုံခြုံရေးတပ်ဖွဲ့တို့ဟာ ကိုးကန့်ရှင်းဝမ်ဒေသ ကုန်ကြမ်း၊ ရှင်းကိုင်း နေရာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက် သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးကာ ရိုင်ဖယ် သေနတ် ၈ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ MNDAA က ဆိုပါတယ်။

MNDAA နဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့တို့ဟာ လူသားချင်း စာနာထောက်ထားမှုအရ စစ်နယ်မြေမှာ စွန့်ပစ်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေကို မြေမြှုပ် ပေးခဲ့တယ်လို့ ကိုးကန့် မီဒီယာက ဖော်ပြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ သိမ်းပိုက်ရရှိထားတဲ့ လုံခမ်းတပ်စခန်း ပတ်လည်ကို ရှင်းလင်းစဉ် စစ်ကောင်စီတပ်ဖွဲ့နဲ့ အတူ လုံခမ်းတပ်စခန်းမှာ နေထိုင်တဲ့ နမ်းဖက်ကာ ပြည်သူ့စစ် ခေါင်းဆောင်ငယ် တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရှမ်းမြောက် မဟာမိတ်တပ်ဖွဲ့တွေ အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကနေ နိုဝင်ဘာ ၂၇ ရက် ညနေထိ စစ်ကောင်စီတပ်စခန်း အကြီး၊ အသေး စုစုပေါင်း ၁၈၀ ခု သိမ်းပိုက် ရရှိထားတယ်လို့ သိရပါတယ်။

MK-009

#MeKongNews

#ကိုးကန့်

#MNDAA

#တပ်ရင်းမှူး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း မြန်မာ့နွေဦး

SSPDF တပ်ရင်းမှူး ကားမတော်တဆမှုအတွင်း ကျဆုံး

မဲခေါင်၊ နိုဝင်ဘာ ၂၄ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် – ၁၀၀၅ တပ်ရင်း၊ SSPDF တပ်ရင်းမှူး ကားမတော်တဆဖြစ်ပြီး ကျဆုံးသွားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ တပ်ရင်းမှူးမိုကီသည် ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်တွင် တာဝန်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now