ကမ္ဘာ့သတင်း

အမေရိကန်ဘက်က နျူကလီးယားလက်နက်ပစ်နိုင်တဲ့ ရေငုပ်သင်္ဘော စေလွှတ် စောင့်ကြည့်အပြီး ကျူးဘားက ရုရှား စစ်သင်္ဘောတွေ ပြန်ဆုတ်သွား

မဲခေါင် 19 Jun - 2024
ရုရှားတိုက်သင်္ဘော Admiral Gorshkov၊ ကယ်ဆင်ရေး အရန်သင်္ဘော၊ ဆီတင်သင်္ဘောနဲ့ နျူကလီးယား တင်ဆောင်နိုင်တဲ့ Kazan တို့ ကျူးဘားကို ၅ ရက်ကြာ ရောက်ရှိလာအပြီး ဇွန် ၁၇ ရက်မှာ ပြန်လည်ထွက်ခွာ သွားခဲ့ပြီဖြစ်ပါတယ်။

မဲခေါင်၊ ဇွန် ၁၉

ရုရှားတိုက်သင်္ဘော Admiral Gorshkov၊ ကယ်ဆင်ရေး အရန်သင်္ဘော၊ ဆီတင်သင်္ဘောနဲ့ နျူကလီးယား တင်ဆောင်နိုင်တဲ့ Kazan တို့ ကျူးဘားကို ၅ ရက်ကြာ ရောက်ရှိလာအပြီး ဇွန် ၁၇ ရက်မှာ ပြန်လည်ထွက်ခွာ သွားခဲ့ပြီဖြစ်ပါတယ်။

ရုရှားနဲ့ ဒုတိယ ကမ္ဘာစစ်ကတည်းက မဟာမိတ်ဖြစ်ခဲ့တဲ့ ကျူးဘားနိုင်ငံ ဟာဗားနားဆိပ်ကမ်းကို ဒီသင်္ဘောတွေ ရောက်ရှိလာပြီး စစ်အင်အားပြခြင်းဟာ နှစ်နိုင်ငံအကြား သမိုင်းဝင်တဲ့ ချစ်ကြည်ရင်းနှီးမှု၊ ညီအစ်ကိုတော်စပ်မှု၊ ပူးပေါင်းဆောင်ရွက်မှုကို ပြသခြင်းအဖြစ် လာရောက်တာလို့ နှစ်နိုင်ငံစလုံးက ထုတ်ပြန်ခဲ့ပါတယ်။ဩ

အမေရိကန် ကမ်းခြေနဲ့ ၂၅ မိုင်အထိနီးတဲ့ ဟာဗားနားဆိပ်ကမ်းကို ရုရှား စစ်သင်္ဘောအုပ်စု ဆိုက်ရောက် လာခြင်းဟာ ခြိမ်းခြောက်မှု တစုံတရာရှိပုံမရဘူးလို့ အမေရိကန်ဘက်က ထုတ်ပြန်ခဲ့ပေမယ့် အမြန်ဆုံး တိုက်ခိုက်နိုင်စွမ်းရှိသလို နျူးကလီးယား လက်နက်လည်း တင်ဆောင် ပစ်ခတ်နိုင်တဲ့ ရေငုပ်သင်္ဘောတစ်စီးကို ဂွါတာနာမို ပင်လယ်အော်ဆီ အမေရိကန်ဘက်က ပြန်လည်စေလွှတ်လို့ အနီးကပ် စောင့်ကြည့်စေခဲ့ပါတယ်။

ဒီ ရေငုပ်သင်္ဘောဟာ ရုရှားသင်္ဘောတွေနဲ့ မိုင် ၅၀၀ အနီးအထိ ချဉ်းကပ်စောင့်ကြည့် ခဲ့တာကြောင့် ဇွန် ၁၇ ရက်မှာ ရုရှားစစ်သင်္ဘောတွေ ကျူးဘားက ပြန်လည်ထွက်ခွာသွားအပြီး ကျူးဘား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကားလို့စ် ဖာနန်ဒက်စ်ဒီကော့စီယိုက သူတို့ရေပိုင်နက်ထဲ မဖိတ်ခေါ်ဘဲ အမေရိကန်ရေငုပ်သင်္ဘော ဝင်ရောက်လာခြင်းဟာ ကျူးဘားနိုင်ငံမူဝါဒကို ချိုးဖောက် ထိပါးတာဖြစ်တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

ရုရှားရဲ့ မိုင် ၆၀၀၀ ကျော်အထိ ပစ်ခတ်နိုင်တဲ့ အသံထက်မြန်တဲ့ ဒုံးကျည်တွေ တင်ဆောင်လာတဲ့ သင်္ဘောအုပ်စု ကျူးဘားရောက်လာခြင်းဟာ ယူကရိန်းကို အမေရိကန်ကပေးတဲ့ လက်နက်တွေနဲ့ ရုရှားပြည်တွင်းထဲအထိ ပစ်ခွင့်ရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ခွင့်ပြုပေးခဲ့အပြီး ရုရှားနဲ့ အမေရိကန်အကြား တင်းမာမှုကို ပိုပြီးတင်းမာစေခဲ့ပါတယ်။

Ref:aa
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

စားနပ်ရိက္ခာရှားပါးတဲ့ မြောက်ကိုရီးယား တရုတ်ဆီက ဓာတ်သတ္တုတွေနဲ့ လဲလှယ်နေရ

မြောက်ကိုရီးယားနဲ့တရုတ်အရေးကို အထူးလျှို့ဝှက်စုံစမ်းပြီး ဖော်ပြနေတဲ့ Daily NK မီဒီယာက မြောက်ကိုရီးယားဟာ ရှားပါးနေတဲ့ စားနပ်ရိက္ခာတွေကို ငွေနဲ့မဝယ်နိုင်ဘဲ တရုတ်ဆီ ပြည်တွင်းကထွက်တဲ့
ကမ္ဘာ့သတင်း

သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဝင် ၁၀ ယောက်ကို ဘုရင်နဲ့အစိုးရအပေါ် စော်ကားမှုနဲ့ ကမ္ဘောဒီးယား ထောင်ချ

နိုင်ငံတကာဆုရ ကမ္ဘောဒီးယား သမ္ဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများအဖွဲ့က ၁၀ ယောက် ကို အာဏာရှင်စနစ်နဲ့အုပ်စိုးတဲ့ ကမ္ဘောဒီးယားနိုင်ငံတရားရုံးက ဇူလိုင် ၂

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားတိုက်ခိုက်လာရင် အားချင်းတုံ့ပြန်နိုင်မယ့် ဖိုက်တာဂျက်လေယာဉ် ဗြိတိန်မှာ ၄ စီးသာရှိ

ဗြိတိန်တော်ဝင်လေတပ် တပ်မှူးဟောင်း ဂရက်ဘာ့ဂ်ဝဲလ်က မနက်ဖြန် ပူတင်ရဲ့ ရုရှားဘက်က ဗြိတိန်ကို တိုက်ခိုက်လာရင် အားချင်းတုံပြန်ကာကွယ်နိုင်တဲ့ ဖိုက်တာဂျက်လေယာဉ်ဆိုလို့ ၄ စီးသာရှိကြောင်း The Sun နဲ့ စစ်ရေး အင်တာဗျူးအစီအစဉ်မှာ မကွယ်မဝှက်တမ်း ဖွင့်ပြောသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ISIS တွေ တစ်ကျော့ပြန်လာမှာမို့ 9/11 လိုဖြစ်ရပ်ဆိုးတွေ ထပ်လာမယ်လို့ CIA အကြီးအကဲဟောင်း သတိပေး

အမေရိကန်ထောက်လှမ်းရေး CIA အကြီးအကဲဟောင်း မိုက်ကယ်မိုရဲလ်က အစ္စလာမ္မစ်အစွန်းရောက် အကြမ်း ဖက်အဖွဲ့တွေ ပြန်လည်ခေါင်းထောင်လာပြီဖြစ်လို့ ၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ ကုန်သွယ်ရေးစင်တာကို လေယာဉ်ပြန်ပေးဆွဲပြီး ဝင်တိုက်တဲ့ ဖြစ်ရပ်ဆိုးမျိုးတွေ ထပ်ကြုံလာရ နိုင်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ပြင်သစ်က မင်္ဂလာဆောင်မှာ သေနတ်သမားတွေ ဝင်ပစ်လို့ ၁ ယောက်သေ ၅ ယောက်ဒဏ်ရာရ

ပြင်သစ်နိုင်ငံ၊ သီယွန်ဗီလီမြို့မှာ မင်္ဂလာအခမ်းအနားပွဲကျင်းပနေစဉ် စက်သေနတ်တွေ ကိုင်ဆောင်ထားတဲ့ မျက်နှာဖုံးစွပ် ဂိုဏ်းသားတွေ ဝင်ရောက်ပစ်ခတ်လို့ ၁ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဓာတ်မြေဩဇာရှားပါးလို့ ကိုယ့်မစင်ကိုယ် စုဆောင်းအခြောက်ခံထားဖို့ ကင်ဂျုံအန် အမိန့်ထုတ်

မြောက်ကိုရီးယားအာဏာရှင်ခေါင်းဆောင် ကင်ဂျုံအန်ဟာ နိုင်ငံအတွင်း စိုက်ပျိုးရေးကဏ္ဍအတွက် ဓာတ်မြေ ဩဇာ ရှားပါးမှုအခြေအနေကြောင့် နိုင်ငံသားတိုင်း ကိုယ့်မစင်ကိုယ် ပြန်စုဆောင်း အခြောက်ခံထားရှိဖို့ အမိန့် ထုတ်ပြန်လိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားဆီက သိမ်းဆည်းထားတဲ့ငွေတွေထဲက ယူရို ၁.၄ ဘီလီယံကို ယူကရိန်းဆီပေးဖို့ အီးယူ သဘောတူ

ဥရောပသမဂ္ဂ(အီးယူ)ဟာ ရုရှားဆီက သိမ်းဆည်းထားတဲ့ ငွေတွေကို ယူကရိန်းဆီ ပေးအပ်ဖို့ ဇွန် ၂၅ ရက်နေ့မှာ အတည်ပြုလက်ခံလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အစ္စရေး တိုက်ခိုက်မှုကြောင့် ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် မိသားစုဝင်တွေပါ သေဆုံး

ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းက အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းက ရှာတီ ဒုက္ခသည်စခန်းအပါ နေရာ ၂ ခုကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ရာ ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယက်ချ်ရဲ့ မိသားစုဝင်တွေပါ ထိမှန်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းတွေက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now