ကမ္ဘာ့သတင်း

ထိုင်ဝမ်ရေလက်ကြားမှာ တရုတ်ရဲ့ နျူကလီးယားထိပ်ဖူး ၁၂ လုံး တင်ဆောင်နိုင်တဲ့ ရေငုပ်သင်္ဘောကြီး ရေပေါ် ပေါ်လာခဲ့

မဲခေါင် 20 Jun - 2024
ထိုင်ဝမ်ဒေသတွင်း သတင်းတွေအရ ပြီးခဲ့တဲ့တစ်ပတ် ဇွန် ၁၃ ရက်နေ့ မနက် ၅ နာရီလောက်မှာ တရုတ်ရဲ့ တန် ၁၁၀၀၀ အလေးချိန်ရှိ ရေဒါဖမ်းမရတဲ့ ကိုယ်ပျောက် ရေငုပ်သင်္ဘောကြီး ထိုင်ဝမ်ရေလက်ကြား နှစ်နိုင်ငံနယ်နိမိတ် သတ်မှတ်ဇုန်နား ရေပေါ်မိနစ်အတော်ကြာ ပေါ်လာခဲ့တယ်လို့ သိရှိရပါတယ်။

မဲခေါင်၊ ဇွန် ၂၀

ထိုင်ဝမ်ဒေသတွင်း သတင်းတွေအရ ပြီးခဲ့တဲ့တစ်ပတ် ဇွန် ၁၃ ရက်နေ့ မနက် ၅ နာရီလောက်မှာ တရုတ်ရဲ့ တန် ၁၁၀၀၀ အလေးချိန်ရှိ ရေဒါဖမ်းမရတဲ့ ကိုယ်ပျောက် ရေငုပ်သင်္ဘောကြီး ထိုင်ဝမ်ရေလက်ကြား နှစ်နိုင်ငံနယ်နိမိတ် သတ်မှတ်ဇုန်နား ရေပေါ်မိနစ်အတော်ကြာ ပေါ်လာခဲ့တယ်လို့ သိရှိရပါတယ်။

တရုတ်အစိုးရရဲ့ ထုတ်ဖော်ပြောဆိုထားမှုမှာ ထိုင်ဝမ်ရေလက်ကြားထဲ ပေါ်လာတဲ့ Jin class ရေငုပ်သင်္ဘောမျိုး ၆ စီး ရှိကြောင်းသိရပြီး ဒီသင်္ဘောပေါ်မှာ နျူကလီးယားထိပ်ဖူး ၁၂ လုံးတပ် ဒုံးကျည်တွေ တင်ဆောင်ပစ်ခတ် နိုင်ကြောင်း သိရှိရပါတယ်။

မနက်အစောပိုင်း တံငါသည်တွေ ငါးဖမ်းထွက်တုန်း ၁၃၅ မီတာရှည်ပြီး ဒေါ်လာ သန်း ၇၅၀ တန်တယ်ဆိုတဲ့ ဒီရေငုပ်သင်္ဘောကြီးဟာ နှစ်နိုင်ငံ ရေပိုင်နက်ကြား ဘွားကနဲပေါ်လာပြီး မရှေးမနှောင်းမှာပဲ တရုတ်စစ်သင်္ဘောတစ်စင်း အရင်ရောက်လာလို့ နှစ်ဖက်ချိတ်ဆက် လုပ်ဆောင်မှုတွေ မိနစ်ပိုင်းကြာလုပ်ပြီးမှ ထပ်ရောက်လာတဲ့ စစ်သင်္ဘောအများအပြားနဲ့ တရုတ်ကုန်းမကြီးဘက် ပြန်မောင်းသွားခဲ့တယ်လို့ မျက်မြင်တံငါသည်တွေက ပြောဆိုကြပါတယ်။

တရုတ်ဟာ လွတ်လပ်နိုင်ငံအဖြစ် ရပ်တည်တဲ့ ထိုင်ဝမ်ကို ချက်ချင်း သိမ်းနိုင်တယ်လို့ ခြိမ်းခြောက်ထားသလို မေလကုန်ပိုင်းက စစ်အင်အား အလုံးအရင်းနဲ့ ကျူးကျော် သိမ်းပိုက်မှုအဆင့် စစ်ရေးလေ့ကျင့်မှုတွေကို ထိုင်ဝမ်ကျွန်းနား လုပ်ဆောင်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်မှာလည်း ၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်းနားမှာ စစ်သင်္ဘော ၂၇ စီး၊ စစ်လေယာဉ် ၆၂ စီးအထိ အင်အားသုံး လှည့်လည် ခြိမ်းခြောက်ခဲ့လို့ ထိုင်ဝမ်ဘက်က အချုပ်အခြာအာဏာကို ထိပါးရင် တုံ့ပြန်ဖို့ အသင့်ပြင်ထားကြောင်း ပြန်လည်ထုတ်ပြန်ပါတယ်။

တရုတ်သမ္မတ ရှီကျင်းဖျင်ဟာ နိုင်ငံစစ်အင်အားကို ၂၀၃၀ ပြည့်နှစ်မှာ တိုက်ချင်းပစ် ဒုံးပိုင်ဆိုင်မှုအရေအတွက် အမေရိကန်နဲ့ရုရှားကို မီရမယ်လို့ ပစ်မှတ်ထားပြီး ဒုံးကျည်များစွာ ထုတ်လုပ်နေသလို ၂၀၄၉ ခုနှစ်မှာ ကမ္ဘာ့ စစ်အင်အားအကြီးဆုံး နိုင်ငံဖြစ်စေဖို့ တိုးတိုးတိတ်တိတ်နဲ့ နျူကလီးယားထိပ်ဖူးပေါင်းများစွာကို အရှိန်အဟုန် မြင့်ထုတ်လုပ်နေပါတယ်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်း၊ နိုင်ငံတကာငြိမ်းချမ်းရေးလေ့လာမှု အင်စတီကျု(SIPRI) ရဲ့ အကြီးအကဲ ခရစ္စတန်ဆန် က တရုတ်ဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း နျူကလီးယား ထိပ်ဖူးပေါင်း ၁၀၀ ထုတ်လုပ်ခဲ့လို့ အချိန်ပိုင်းအတွင်း နျူးကလီးယားထိပ်ဖူး အများဆုံးထုတ်လုပ်တဲ့ နိုင်ငံဖြစ်နေကြောင်းနဲ့ လက်ရှိမှာ ထိပ်ဖူးပေါင်း ၅၀၀ ကျော်ပိုင်ဆိုင် ထားပြီဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။

နေတိုးအကြီးအကဲ စတိုလ်တန်ဘာ့ဂ်ကလည်း ဒီတစ်ပတ်ထဲ နျူကလီးယားကာကွယ်ရေး ဝန်ကြီးဌာနများ အစည်းအဝေးပွဲကို အရေးပေါ် ကျင်းပမှာဖြစ်ပြီး တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယားဆိုတဲ့ နျူကလီးယားပိုင် နိုင်ငံတွေမှာ ထိပ်ဖူးတွေ အလုံးအရင်း ထုတ်လုပ်နေချိန် နေတိုးမဟာမိတ်တွေမှာ ဒီလက်နက်မရှိတာက ပိုပြီး အန္တရာယ်များစေတာကြောင့် မူဝါဒပြင်ဆင်ပြီး နျူးကလီးယားထိပ်ဖူးတွေ ထုတ်လုပ်ဖို့ ဆွေးနွေးရမှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Ref:Thesun
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

စားနပ်ရိက္ခာရှားပါးတဲ့ မြောက်ကိုရီးယား တရုတ်ဆီက ဓာတ်သတ္တုတွေနဲ့ လဲလှယ်နေရ

မြောက်ကိုရီးယားနဲ့တရုတ်အရေးကို အထူးလျှို့ဝှက်စုံစမ်းပြီး ဖော်ပြနေတဲ့ Daily NK မီဒီယာက မြောက်ကိုရီးယားဟာ ရှားပါးနေတဲ့ စားနပ်ရိက္ခာတွေကို ငွေနဲ့မဝယ်နိုင်ဘဲ တရုတ်ဆီ ပြည်တွင်းကထွက်တဲ့
ကမ္ဘာ့သတင်း

သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဝင် ၁၀ ယောက်ကို ဘုရင်နဲ့အစိုးရအပေါ် စော်ကားမှုနဲ့ ကမ္ဘောဒီးယား ထောင်ချ

နိုင်ငံတကာဆုရ ကမ္ဘောဒီးယား သမ္ဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများအဖွဲ့က ၁၀ ယောက် ကို အာဏာရှင်စနစ်နဲ့အုပ်စိုးတဲ့ ကမ္ဘောဒီးယားနိုင်ငံတရားရုံးက ဇူလိုင် ၂

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားတိုက်ခိုက်လာရင် အားချင်းတုံ့ပြန်နိုင်မယ့် ဖိုက်တာဂျက်လေယာဉ် ဗြိတိန်မှာ ၄ စီးသာရှိ

ဗြိတိန်တော်ဝင်လေတပ် တပ်မှူးဟောင်း ဂရက်ဘာ့ဂ်ဝဲလ်က မနက်ဖြန် ပူတင်ရဲ့ ရုရှားဘက်က ဗြိတိန်ကို တိုက်ခိုက်လာရင် အားချင်းတုံပြန်ကာကွယ်နိုင်တဲ့ ဖိုက်တာဂျက်လေယာဉ်ဆိုလို့ ၄ စီးသာရှိကြောင်း The Sun နဲ့ စစ်ရေး အင်တာဗျူးအစီအစဉ်မှာ မကွယ်မဝှက်တမ်း ဖွင့်ပြောသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ISIS တွေ တစ်ကျော့ပြန်လာမှာမို့ 9/11 လိုဖြစ်ရပ်ဆိုးတွေ ထပ်လာမယ်လို့ CIA အကြီးအကဲဟောင်း သတိပေး

အမေရိကန်ထောက်လှမ်းရေး CIA အကြီးအကဲဟောင်း မိုက်ကယ်မိုရဲလ်က အစ္စလာမ္မစ်အစွန်းရောက် အကြမ်း ဖက်အဖွဲ့တွေ ပြန်လည်ခေါင်းထောင်လာပြီဖြစ်လို့ ၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ ကုန်သွယ်ရေးစင်တာကို လေယာဉ်ပြန်ပေးဆွဲပြီး ဝင်တိုက်တဲ့ ဖြစ်ရပ်ဆိုးမျိုးတွေ ထပ်ကြုံလာရ နိုင်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ပြင်သစ်က မင်္ဂလာဆောင်မှာ သေနတ်သမားတွေ ဝင်ပစ်လို့ ၁ ယောက်သေ ၅ ယောက်ဒဏ်ရာရ

ပြင်သစ်နိုင်ငံ၊ သီယွန်ဗီလီမြို့မှာ မင်္ဂလာအခမ်းအနားပွဲကျင်းပနေစဉ် စက်သေနတ်တွေ ကိုင်ဆောင်ထားတဲ့ မျက်နှာဖုံးစွပ် ဂိုဏ်းသားတွေ ဝင်ရောက်ပစ်ခတ်လို့ ၁ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဓာတ်မြေဩဇာရှားပါးလို့ ကိုယ့်မစင်ကိုယ် စုဆောင်းအခြောက်ခံထားဖို့ ကင်ဂျုံအန် အမိန့်ထုတ်

မြောက်ကိုရီးယားအာဏာရှင်ခေါင်းဆောင် ကင်ဂျုံအန်ဟာ နိုင်ငံအတွင်း စိုက်ပျိုးရေးကဏ္ဍအတွက် ဓာတ်မြေ ဩဇာ ရှားပါးမှုအခြေအနေကြောင့် နိုင်ငံသားတိုင်း ကိုယ့်မစင်ကိုယ် ပြန်စုဆောင်း အခြောက်ခံထားရှိဖို့ အမိန့် ထုတ်ပြန်လိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားဆီက သိမ်းဆည်းထားတဲ့ငွေတွေထဲက ယူရို ၁.၄ ဘီလီယံကို ယူကရိန်းဆီပေးဖို့ အီးယူ သဘောတူ

ဥရောပသမဂ္ဂ(အီးယူ)ဟာ ရုရှားဆီက သိမ်းဆည်းထားတဲ့ ငွေတွေကို ယူကရိန်းဆီ ပေးအပ်ဖို့ ဇွန် ၂၅ ရက်နေ့မှာ အတည်ပြုလက်ခံလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အစ္စရေး တိုက်ခိုက်မှုကြောင့် ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် မိသားစုဝင်တွေပါ သေဆုံး

ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းက အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းက ရှာတီ ဒုက္ခသည်စခန်းအပါ နေရာ ၂ ခုကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ရာ ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယက်ချ်ရဲ့ မိသားစုဝင်တွေပါ ထိမှန်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းတွေက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now