မဲခေါင်၊ စက်တင်ဘာ ၇
ယူကရိန်းနိုင်ငံ အယ်လ်ဗစ်မြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မာရသွန်အပြေးပြိုင်ပွဲမှာ ထူးထူးခြားခြားအဖြစ် ရုရှားဗုံးကြဲလို့ ခြေနှစ်ဖက် ဆုံးရှုံးခဲ့ရတဲ့ ယူကရိန်းသမီးငယ်လေးပါ စက်တင်ဘာ ၆ ရက်မှာ ပါဝင်ယှဉ်ပြိုင်သွားခဲ့ပါတယ်။
ယန်နာလို့အမည်ရတဲ့ ကရာမာတော့စ်မြို့သူလေးဟာ ရုရှားက မြေအောက်ဘူတာရုံကို ဒုံးကျည်တွေနဲ့ပစ်ခတ် မှုကြောင့်ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရပြီး မိတာ ၇၀ ပန်းတိုင်ကို ခြေတုနှစ်ဖက်နဲ့ ဝင်ပြေးခဲ့တာဖြစ်ပါတယ်။
Invincibles လို့ အမည်ပေးထားပြီး စစ်ပွဲအတွင်း မသန်စွမ်းဖြစ်ရသူတွေများစွာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ဒီမာရသွန်ပွဲ မှာ အကွာအဝေးသတ်မှတ်ချက် အမျိုးမျိုး သတ်မှတ်ပေးထားသလို ဘီးတပ်ကုလားထိုင်နဲ့ ဝင်ပြိုင်မှုတွေကိုပါ ခွင့်ပြုပေးခဲ့ပြီး ရရှိတဲ့ ရန်ပုံငွေတွေကို စစ်ဒဏ်သင့် ဒုက္ခရောက်သူတွေအတွက် ကူညီသွားဖို့ စီစဉ်ခဲ့တာဖြစ်ပါ တယ်။
Unbreakable ရန်ပုံငွေဖောင်ဒေးရှင်းကို ကမ္ဘာတစ်ဝန်းက ရရှိတဲ့ အလှူငွေတွေကို အဓိက လှူဒါန်းမှာ ဖြစ်သလို အထူးသဖြင့် အပြစ်မဲ့တဲ့ ကလေးသူငယ် မသန်စွမ်းဖြစ်ရသူတွေအတွက် ရည်ရွယ်ကြောင်း ပြိုင်ပွဲ ကျင်းပရေးတာဝန်ရှိသူတွေက ရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။
Ref: scroll
MKF-001
#MeKongNews
#ရုရှား
#ယူကရိန်း
#ခြေပြတ်
#မာရသွန်








