မဲခေါင်၊ သြဂုတ် ၁၇
ဩဂုတ် ၁၅ ရက်နေ့က မသင်္ကာဖွယ်ရာ ဘဏ်စာရင်း နောက်ကြောင်းလိုက် စုံစမ်းမှုတွေကနေ သံသယရှိတဲ့ စာရွက် စာတမ်းအတုလုပ်မှုနဲ့ ငွေကြေးခဝါချမှု သံသယ တရားခံတွေကို ဖမ်းဆီးဖို့ အင်အား ၄၀၀ ကျော် အသုံးပြုပြီး နေရာစုံကို တစ်ပြိုင်တည်း ဝင်ရောက် စီးနင်ခဲ့ရာက နိုင်ငံခြားသား ၁၀ ဦးကို ဖမ်းဆီးရမိပြီး စင်ကာပူဒေါ်လာ တစ်ဘီလီယံကျော်နဲ့ တခြား ပစ္စည်းများစွာ သိမ်းဆည်းရမိ ခဲ့ပါတယ်။
ကူးသန်းရောင်းဝယ်ရေးဌာန၊ မှုခင်းစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထူးစစ်ဆင်ရေးကွပ်ကဲမှုနဲ့ ရဲထောက်လှမ်းရေးဌာန တာဝန်ရှိသူ ၄၀၀ ကျော်ကို Good Class Bungalows (GCB) လူနေအိမ်ရာနဲ့ ကွန်ဒိုအိမ်ခန်းတွေမှာ တစ်ပြိုင်တည်း ဝင်ရောက် စီးနင်းခိုင်းရာမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (Scams)၊ အွန်လိုင်း လောင်းကစားလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အခုလို ဖမ်းမိခဲ့တာပါ။
စီးနင်းမှု အတွင်း ပြည်ပ ရာဇဝတ်ဂိုဏ်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်သူ အသက် ၃၁ နှစ်နဲ့ ၄၄ နှစ်ကြား နိုင်ငံခြားသား ၁၀ ယောက်ကို ဖမ်းဆီးခဲ့ကာ တခြား တရားခံ ၁၂ ဦးက စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်း ပါဝင်လာပြီး ၈ ဦးကို အလိုရှိ စာရင်းတင်လို့ ဆက်လက် ရှာဖွေနေကြောင်း စင်ကာပူအစိုးရက ထုတ်ပြန်ပါတယ်။
ဒီစီးနင်းမှုကနေ တရားခံတွေ ပိုင်ဆိုင်တဲ့ အိမ်ယာ ၉၄ လုံး၊ ကား အစီး ၅၀၊ တန်ဖိုးကြီး အရက်နဲ့ဝိုင် စုစုပေါင်း တန်ကြေး စင်ကာပူဒေါ်လာ ၈၁၅ သန်းဖိုး သိမ်းယူခဲ့ကြောင်း၊ ဘဏ်စာရင်းစာအုပ် ၃၅ အုပ် သိမ်းဆည်းမှုကနေ စင်ကာပူဒေါ်လာ သန်း ၁၁၀၊ နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆိုင်ထားမှုကနေ သိမ်းဆည်းရမိမှု စင်ကာပူဒေါ်လာ ၂၃ သန်းဖိုး၊ တန်ဖိုးကြီး အိတ်နဲ့ နာရီ အပါအဝင် ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစတဲ့ လျှပ်စစ်ဆက်စပ် ပစ္စည်း ၁၂၀ ကျော်၊ လက်ဝတ်လက်စား ၂၇၀ ကျော်နဲ့ ရွှေချောင်း ၂ ချောင်း၊ အတုအယောင် ပိုင်ဆိုင်မှုဆိုင်ရာ စာချုပ် ၁၁ ခုပါ သိမ်းဆည်းရမိ ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဖမ်းဆီးခံ ၁၀ ဦးဟာ စင်ကာပူနိုင်ငံသား မဟုတ်သလို စင်ကာပူမှာ ပါမစ်နစ် နေထိုင်သူ တစ်ယောက်မှ မပါဘဲ ဆိုက်ပရပ်စ်၊ တူရကီ၊ တရုတ်၊ ကမ္ဘောဒီးယား၊ မလေးရှား မျိုးနွယ်စု နီနူဗာနူအာတူ နိုင်ငံသားတွေ ဖြစ်တယ်လို့ စင်ကာပူရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
MKF-001
#Mekongnews
#စင်ကာပူ
#ရာဇဝတ်ဂိုဏ်း
#ငွေကြေးခဝါချမှု
Ref: Singapore Police Force








