ကမ္ဘာ့သတင်း

တီဟီရန်မှ ရုရှားသံရုံးဝန်ထမ်းများထွက်ခွာရန် ပူတင်အမိန့်ပေးပြီး ခါမီနီ အစိုးရ ကျဆုံးလုနီးသဖြင့် အမြန်ဆွေးနွေးရန် တိုက်တွန်း

မဲခေါင် 17 Jun - 2025
မဲခေါင်၊ ဇွန် ၁၇ အီရန်ခေါင်းဆောင် အလီခါမီနီအာဏာရှင်အုပ်ချုပ်မှုခေတ် ဆက်လက်ရှင်သန်နိုင်ရန် ခက်ခဲသွားပြီဖြစ်ခြင်းကြောင့် အမြန်ဆုံးဆွေးနွေးမှုပြုလုပ်ရန် ရုရှားသမ္မတ ပူတင်က ခါမီနီအား သတိပေးခဲ့ကာ တီဟီရန် မှ ရုရှားသံရုံးဝန်ထမ်းများကိုလည်း အမြန်ဆုံးထွက်ခွာရန် အမိန့်ပေးခဲ့သည်။ ပြီးခဲ့သည့် ဇွန် ၁၃ ရက်မှစတင်ပြီး အစ္စရေးက အီရန်နိုင်ငံအတွင်းရှိ နျူကလီးယားဆိုက်များ၊ စစ်ရေး အဆောက်အအုံများနှင့် စစ်ဘက်ဆိုင်ရာ ထိပ်တန်းဗိုလ်ချုပ်များ၊ နျူကလီးယားသိပ္ပံပညာရှင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ ထို့နောက် အီရန်ဘက်မှ ရင်းနှီးသည့်ဆက်ဆံရေးရှိသော ပူတင်ထံ ဖုန်းဆက်ကာ အဆိုပါတိုက်ခိုက်မှုအတွက် အမေရိကန်အနေဖြင့် မည်သို့ ဖြေရှင်းမည်ကို သိလိုသည်ဟု ပြောဆိုခဲ့ကြောင်း၊ ထို့ကြောင့် ပူတင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ ဖုန်းဆက်ပြီး ပြောဆို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မဲခေါင်၊ ဇွန် ၁၇

အီရန်ခေါင်းဆောင် အလီခါမီနီအာဏာရှင်အုပ်ချုပ်မှုခေတ် ဆက်လက်ရှင်သန်နိုင်ရန် ခက်ခဲသွားပြီဖြစ်ခြင်းကြောင့် အမြန်ဆုံးဆွေးနွေးမှုပြုလုပ်ရန် ရုရှားသမ္မတ ပူတင်က ခါမီနီအား သတိပေးခဲ့ကာ တီဟီရန် မှ ရုရှားသံရုံးဝန်ထမ်းများကိုလည်း အမြန်ဆုံးထွက်ခွာရန် အမိန့်ပေးခဲ့သည်။

ပြီးခဲ့သည့် ဇွန် ၁၃ ရက်မှစတင်ပြီး အစ္စရေးက အီရန်နိုင်ငံအတွင်းရှိ နျူကလီးယားဆိုက်များ၊ စစ်ရေး အဆောက်အအုံများနှင့် စစ်ဘက်ဆိုင်ရာ ထိပ်တန်းဗိုလ်ချုပ်များ၊ နျူကလီးယားသိပ္ပံပညာရှင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

ထို့နောက် အီရန်ဘက်မှ ရင်းနှီးသည့်ဆက်ဆံရေးရှိသော ပူတင်ထံ ဖုန်းဆက်ကာ အဆိုပါတိုက်ခိုက်မှုအတွက် အမေရိကန်အနေဖြင့် မည်သို့ ဖြေရှင်းမည်ကို သိလိုသည်ဟု ပြောဆိုခဲ့ကြောင်း၊ ထို့ကြောင့် ပူတင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ ဖုန်းဆက်ပြီး ပြောဆို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထရမ့်ကမူ မိမိ၏ မွေးနေ့တွင် ပူတင်ဖုန်းခေါ်ဆိုမှု ပျော်ရွှင်စရာမွေးနေ့ ဆုမွန်ရသလို ထိုထက်ပိုအရေးကြီးသော အီရန်အရေး များစွာပြောဆိုဖြစ်ခဲ့ကြောင်း၊ အစ္စရေး-အီရန် စစ်ပွဲသည် ယခုပင် ပြီးဆုံးချိန်ရောက်သင့်သလို ယူကရိန်းကို ရုရှားထိုးစစ်သည်လည်း ရပ်သင့်ပြီဟု ပြန်ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ပြောဆိုသွားခဲ့သည်။

ထရမ့်နှင့်ပြောဆိုခဲ့ပြီးနောက် ပူတင်က အီရန်၏ လက်ရှိအုပ်ချုပ်မှု အစိုးရစနစ်သည် ရှင်သန်ရန် ကြိုးတန်းလမ်းလျှောက်အနေအထား ရောက်နေပြီဖြစ်သောကြောင့် ခါမီနီအနေဖြင့် အမြန်ဆုံး ဆွေးနွေးမှသာ ဖြစ်မည်ဟု သတိပေး အကြောင်းကြားခဲ့ကြောင်း အစ္စရေး သတင်းဝက်ဘ်ဆိုက် Israel Hayom က ဖော်ပြသွားခဲ့သည်။

ဒေါ်နယ်ထရမ့်ကိုယ်တိုင်ကလည်း ဇွန် ၁၆ ရက်တွင် တီဟီရန်မှ အားလုံးချက်ချင်း ထွက်ခွာရှောင်တိမ်းသင့်ပြီဖြစ်ကြောင်း သတိပေးထုတ်ပြန်ခဲ့သလို နောက်ထပ် လေကြောင်းတိုက်ခိုက်မှု မလာခင် တီဟီရန် ပြည်သူများအားလုံး မြို့တော်မှ အားချင်းထွက်သွားကြသင့်သည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဇွန် ၁၆ ရက်နေ့မှာပင် တီဟီရန်မြို့တော် လမ်းများပေါ် ပြည့်ကျပ်နေသည့် ယာဉ်တန်းများစွာမှာ လမ်းပိတ်ဆို့ သည်အထိ များပြားနေပြီး လူ ၃၀၀၀၀၀ ကျော် မြို့မှ ထွက်ခွာနေကြသည်ဟု သတင်းများကဆိုသည်။ အီရန် အစိုးရကမူ အားလုံး ထိန်းချုပ်မှုအောက်တွင် ရှိနေသဖြင့် မိမိတို့အနေဖြင့် မည်သည့် အမိန့်မျှ ထုတ်ပြန်ခြင်းမရှိသေးဟုဆိုကာ ပြည်သူများထွက်ခွာမှုကို ဟန့်တားမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

ကိုကလင်း
Ref: Israel Hayom
#MeKongNews
#အီရန်
#အစ္စရေး
#ဒေါ်နယ်ထရမ့်
#ပူတင်
#တီဟီရန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now