နျူကလီးယား ဒုံးကျည်ထားသည့်နေရာများ တိုက်ခိုက်ခံရလျှင် အလုံးစုံစစ်ပွဲဖြစ်မည်ဟု အီရန် သတိပေး
မဲခေါင်၊ ဖေဖော်ဝါရီ ၂
ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတဖြစ်လာပြီးနောက် အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုနှင့်ပူးပေါင်းပြီး အီရန်၏ နျူကလီးယားဆိုက်များအား တိုက်ခိုက်ရန် စီစဉ်နေရာ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အရချ်ချိုင်က ထိုသို့လုပ်ဆောင်လာလျှင် ဒေသတွင်း အလုံးစုံသော စစ်ပွဲကြီးဖြစ်ပွားရလိမ့်မည်ဟု သတိပေးခြိမ်းခြောက်ခဲ့သည်။
၂၀၁၈ ခုနှစ်ကတည်းက ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတ ဖြစ်နေချိန် ၂၀၁၅ ခုနှစ်က အီရန်နှင့် ကမ္ဘာ့ အင်အားကြီး နိုင်ငံခေါင်းဆောင်များ သဘောတူခဲ့သော နျူကလီးယားသဘောတူညီချက်စာချုပ်ကို အယုံအကြည်မရှိအဆိုနှင့် ဖျက်သိမ်းလိုက်ပြီး ထရမ့်က အီရန်အစိုးရရန်ပုံငွေများစွာကို သိမ်းဆည်းခဲ့သလို ပြင်းထန်သော စီးပွားရေးပိတ်ဆို့ မှုများလုပ်ခြင်း၊ အီရန်ခေါင်းဆောင်များကို လုပ်ကြံရှင်းလင်းခြင်းများပါ လုပ်ဆောင်ခဲ့သည်။
အီရန်နိုင်ငံ နေရာ ၃ ခုတွင် ယခင် ဂြိုဟ်တုလွှတ်တင်ရာ နေရာများမှာ ကီလိုမီတာ ၃၀၀၀ (မို င် ၁၈၀၀) အထိ ပစ်လွှတ်နိုင်သော နျူကလီးယားဒုံးကျည်ထိပ်ဖူးများ သိုဝှက်ထားရှိကြောင်း ဂြိုဟ်တုဓာတ်ပုံမှ ရိုက်ကူးဖမ်းယူဖော်ပြသည့် မှတ်တမ်းများ ထွက်ပေါ်လာရာ နျူကလီးယားအရေး ထပ်မံဆွေးနွေးလိုလျှင် အရင်ဆုံး သိမ်းဆည်းရန်ပုံငွေများ ပြန်ပေးရေးနှင့် ပိတ်ဆို့အရေးယူမှုများ ပြန်ဖွင့်ပေးမှသာ ဖြစ်နိုင်မည်ဟု ဆိုသည်။
နျူကလီးယားဆိုက်များကို ပစ်မှတ်ထားတိုက်ခိုက်လာပါက ဒေသတွင်း အလုံးစုံစစ်ပွဲကြီးဖြစ်သွားရလိမ့်မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ် က အယ်လ်ဂျာဇီးယားသတင်းဌာနနှင့် အင်တာဗျူးတွင် သတိပေးပြောဆိုသွားခဲ့သည်။
Ref: timesofisrael & The sun
ကိုကလင်း
#MeKongNews









